ch 77

411 73 5
                                    

အခန်း ၇၇

"မင်းက မင်းကိုယ်မင်း အရမ်း မိုက်တယ်လို့ မင်းထင် နေတာလား"

"တစ်ယောက်ယောက်ကို ကန်ရင်တောင်မှ မျက်နှာကို မကန်ရဘူးဆိုတာ မသိဘူးလား။"

"မင်းရဲ့ ခြေဖဝါးတွေက နံစော်ပြီး ညစ်ပတ်နေတာကွ။ ထစမ်းပါ၊ အခုထပြီး ငါ့မျက်နှာကို ကန်လိုက်စမ်းပါ!"

ကင်းစောင့်ကအသေကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေတဲ့ ကျောင်းနန်လမ်းဟေးဝူချန်အား ယခင် မကျေနပ်ချက်များဖြင့် ကန်ကျောက်နေလေ၏။
   
  ကျောင်းကွေ့မှာ  ကျောင်းနန်လမ်း ဟေးဝူချန်အဖြစ် တာဝန်ထမ်းဆောင်ကာ ထူးကဲသော ခွန်အားရှိပြီး တရားသူကြီး ချွေ့ရဲ့ လက်အောက်ရှိ  အင်အား အကြီးဆုံးလူအဖြစ် အမြဲအသိအမှတ်ပြုခံရသော်လည်း ယခုအခါ သူ ကျရှုံးသွားကာ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စာရွက်ပါ လုယူခံရလေပြီ။
   
ယခုအချိန်တွင် သူသည် ပြန်လည်ခုခံနိုင်စွမ်းမရှိသလို မျက်လုံးများကိုသာ ဖွင့်နိုင်သဖြင့် အေးစက်စက် ကြမ်းတမ်းသော မျက်လုံးကြီးများဖြင့် ကင်းစောင့်ကို စိုက်ကြည့်နေခဲ့သည်။

သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ မကျေမနပ်ဖြစ် နေမျက်လုံးတွေကို ရုတ်တရက်ကြည့်လိုက်တော့ ကင်းစောင့်က တကိုယ်လုံးတုန်လာပြီး မလှုပ်မရှားနိုင်ခဲ့ပေ။ သို့သော် သူ လဲ့ချန် နှင့် လျန်ရှီ တို့အား  ပြန်ကြည့်လိုက်ကာ ချက်ခြင်းပင် ယုံကြည်မှုပြန်ရလာလေ၏။

"မင်းငါ့ကို မသတ်နိုင်ပါဘူး!"

ဘုန်း ဘုန်း ဘုန်း!

ကျောင်းကွေ့ : "..."

ကျားတစ်ကောင်က ခွေး အနိုင်ကျင့်နေတာကို အခွင့်မသာလို့ ငြိမ်ခံနေဟန်။   

သေချာပါတယ် နှစ်တွေအကြာကြီး မျက်လုံး‌ လေးနဲ့တောင် မကြည့်ရဲတဲ့အထိအနိုင်ကျင့်ခံ ဖိနှိပ်ခံခဲ့ရတာမို့ ကင်းစောင့်က မကျေ‌နပ်မှာမဟုတ်။ ‌ ကျောင်းကွေ့ရဲ့ မျက်လုံးထဲဝင်နိုင်တဲ့အရာမှာ သူ အနိုင်ယူ၍မရသော သန်မာသော ယောက်ျားများနှင့် ရုပ်ရည်ချောမောသော အလှလေးတို့သာ။
သိသာတာကတော့ ကင်းစောင့်မှာ အလှလေးမဟုတ်၊ ဒါ့အပြင် သူက တစ္ဆေဆယ့်ရှစ်ပါးတို့တွင် သူရဲ့ ခွန်အားက အမြဲတမ်း အောက်ဆုံးတွင် ရှိနေပါသဖြင့် ကင်းစောင့်အား  နှစ်ပေါင်းများစွာ ရိုက်နှက် အနိုင့်ကျင့်လာခဲ့ပေမယ့်  ယခုမူ ဝဍ်မှာ တဖန် ပြန်၍ လည်လာလေပြီ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now