6

321 33 0
                                    

"အကို"

"ဗျာ"

အကိုက သူ့ပါးစပ်ထဲ မုန့်တလုတ်စာထည့်လိုက်ကာ ငါ့ဘက်ကိုလှည့်ကြည့်လာတယ်။

မုန့်ကို တခါတခါ ဝါးလိုက်တိုင်း ဖောင်းလာတဲ့ ပါးလေးတွေ..ငါ့ကိုကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ..

အာဆေးမိနေသလို ကြောင်အမ်းအမ်းနဲ့ရပ်နေတဲ့ ငါ့ရှေ့မှာ အကိုကလက်နဲ့ဝှေ့ယမ်းလိုက်ပြီး..

"Gem ဘာလဲ ပြောလေ ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ"

"ဘာမှမဟုတ်ဘူး"

အကိုပေါက်စက မျက်မှောင်ကျုံ့ကာ tv ဘက်ကိုပြန်လှည့်သွားတော့မှ ဒုတ် ဒုတ် နဲ့မြည်နေတဲ့ ငါ့ရင်ဘတ်ဘယ်ဘက်ခြမ်းကို လက်နဲ့အုပ်ကာ အမြန်ပြေးထွက်သွားလိုက်သည်။

"ဟာ ဘာလို့ပြောမထွက်တာလဲ ဒီပါးစပ်က"

ကိုယ့်ပါးကိုယ်ပြန်ရိုက်ကာ ငါပြောလိုက်သည်။

"ဘာလို့ကိုယ့်ပါးကိုပြန်ရိုက်နေတာလဲ nong ဘာဖြစ်နေတာလဲ"

ရုတ်တရက် ထပြေးထွက်သွားတဲ့ Gemini ကြောင့် အနောက်ကနေ ငါအမြန်လိုက်သွားလိုက်သည်။

အိမ်အပြင်ထွက်ကာ ကိုယ့်ပါးကိုယ်ပြန်ရိုက်ရင်း စကားတွေပြောနေတဲ့ လူကြောင့် ငါလန့်လဲလန့်သွားသလို ကြောင်သွားသည်။

တခုခုများဖြစ်တာလားလို့ တွေးမိကာ သွားမေးလိုက်သည်။ငါ့အိမ်ရောက်ထဲက ဒီကောင်ထူးဆန်းနေတာ..တခုခုများဝင်ပူးနေတာလား?? ဒါမှမဟုတ် အရက်ကြောင် ကြောင်သွားတာလား??

"ဟမ် ဘာ..ဘာမှမဟုတ်ပါဘူးဗျ"

"သေချာလို့လား"

"ဟုတ်ပါတယ်"

ခေါင်းကိုအမြန်ညိမ့်ကာ အိမ်ထဲပြန်ဝင်သွားပြန်ပြီ။
ဒီကောင် ရူးများနေတာလား!

"အေးပေါ့လေ စာကလဲတဖက် ပြိုင်ပွဲကလဲတဖက်ဆိုတော့ နည်းနည်းပါးပါးရူးရင်လဲရူးမှာပေါ့"

ငါ အိမ်ထဲပြန်ဝင်လိုက်ပြီး tv ကြည့်ရတာလဲ ပျင်းလာတာနဲ့ ဖုန်းထိုင်သုံးနေလိုက်သည်။

"အကို"

လာပြန်ပြီ ဒီ ခေါ်သံ။

ငါ လှည့်ကြည့်ပြီး ဘာလဲ ဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်တော့...

Love at first sight [Complete]Where stories live. Discover now