ကျွန်တော့်နာမည် မင်ဂယူပါ

205 48 12
                                    

ဒီခန္ဓာကိုယ်က

ဝန်ဝူးမှတ်မိသလိုလိုရှိသည်။ တနေ့က ကမ်းစပ်မှာ သူ့ကို ဆဲခဲ့တဲ့ကောင်လေးကို။
နှစ်ယောက် မျက်လုံးချင်းဆုံနေတုန်း ခွပ်ခနဲ မြည်သံနဲ့အတူ မင်ဂယူကိုယ်က ကြမ်းပြင်ပေါ် အိပ်စက်သွားခဲ့သည်။

"ခွေးမသား လူ ကြည့်ထိုးဟ"

မမှောက်ခင်မှာတော့ အသံဩရှရှပိုင်ရှင်လေးရဲ့ ဒေါသ ထွက်သံလေးကိုကြားလိုက်မိသေးသည်။ ပြီးတော့ အမှောင်အတိဖြစ်သွားသည်။

....

ပန်ကာ တကျိကျိမြည်သံကိုလည်း ကြားရသည်။ မျက်လုံးတွေက မဖွင့်ချင်သေး။ သူ ပက်လက်လှန်
အိပ်နေတာကို သိပေမယ့် သက်သောင့်သက်သာ မ
ဖြစ်တော့ ဘေးတစောင်းလှဲလိုက်ရင်း ကိုယ်ငွေ့နွေးနွေးလေးကို ခံစားမိသည်။

အိမ်က ခေါင်းအုံးများလား

စိတ်နဲ့လူနဲ့ကပ်မနေသေးတော့ မျက်စိမှိတ်လျက်ကပဲ ဆွဲဖက်မိလိုက်တာ အနည်းငယ် မာသယောင်ရှိသည် နေရာလေးပေါ် မျက်နှာအပ်မိသလို ခံစားရသည်။
(ဗိုက်ကို ပြောတာပါရှင်)
နှာခေါင်းနဲ့ ပွတ်သပ်ကြည့်သည်။

"ဟား ဟ ဟ"

ရယ်သံက တိုးတိုးလေးမှ တိုးတိုးလေးရယ်။

ဘယ်သူ ရယ်နေတာလဲ။

ရေချိုးဆပ်ပြာအနံလေးနဲ့ နေနဲ့ခြောက်အောင်လှန်းထားတဲ့ အဝတ်အနံကိုပါ ရလိုက်သည်။ မသိမသာ နမ်းရှိုက်မိသည်။

သူ လူတစ်ယောက်ပေါင်ပေါ်မှာ အိပ်ပျော်နေတာလားလို့ ထင်မိသည်။

မျက်နှာနဲ့ ပွတ်သပ်လွန်နေရင်း ခေါင်းက အောက်
ရောက်သွားမိတော့ ဆဲဆိုသံနဲ့အတူ တွန်းချလိုက်တာကို ခံစားမိသည်။

အဲ့တော့မှ ကမန်းကတမ်းမျက်လုံးဖွင့်ကြည့်
လိုက်တော့ သူ့ပခုံးကို ပြန်ဆွဲကိုင်ထားသည့် ဆိုဖာပေါ်ကလူကို တွေ့ရသည်။

သူပဲ တွန်းချပြီး။

"ဆောရီး မင်းနိုးလာပြီမလား"

မင်ဂယူ ခေါင်းငြိမ့်ပြသည်။ ဘယ်နေရာရောက်နေမှန်း မသိလို့ ဝေ့ဝဲကြည့်လိုက်တာ သူနောက်ဆုံး
ပဲခေါက်ဆွဲပို့ခဲ့တဲ့ ဂိုထောင်ထဲမှာပဲ ရှိသေးသည်။ လူတွေတော့ မတွေ့တော့။ သူနဲ့ ရုပ်ရည် ခန့်တဲ့ဂိုဏ်းထဲက တစ်ယောက်သာ အတူရှိနေသည်။ မင်ဂယူက ရုပ်ရည်နဲ့ ပတ်သတ်ရင် ဘယ်သူ့ကိုမှ မပြောမိတောင် ကိုယ့်ကိုယ်ပဲ နံပါတ်တစ်ပေးထားပေမယ့် အခုတစ်ယောက်ကတော့ သူနဲ့ မတူပဲ ကွဲထွက်ပြီး တော်တော်လေးကို ချောတဲ့သူလို့ မြင်မိသည်။
ဒါပေမယ့် နံပါတ််တစ်ကတော့ ကိုယ့်ကိုကိုယ်ပဲ ပေးထားဦးမည်။

You've reached the end of published parts.

⏰ Last updated: Jun 11 ⏰

Add this story to your Library to get notified about new parts!

Narari Where stories live. Discover now