7

75 18 0
                                    

ငါတို့ အိမ်ပြန်ရောက်တော့ Gemini ကိုပြန်ခိုင်းလိုက်သည်။ငါ လိုက်ပို့ပေးမယ် လို့ပြောပေမဲ့ အဆင်ပြေတယ် ဟုဆိုကာ ထွက်သွားတာကြောင့် အိမ်ပြန်ရောက်ရင် စာပို့လိုက် ဟုသာ ပြောလိုက်သည်။

"မင်း မရှိတော့ နှစ်အတော်ကြာနေခဲ့တဲ့ ဒီအိမ်ကြီးက ဟာတာတာဖြစ်သွားသလိုဘဲ"

Gemini ထွက်သွားတာကိုငေးကြည့်ပြီးမှ အိမ်ထဲဝင်ကာ လုပ်စရာရှိတဲ့အလုပ်တွေလုပ်ရတော့သည်။

Gemini စာပို့ရင်သိရအောင် အမြဲ silent လုပ်နေကြ ဖုန်းကိုလဲ noti ဖွင့်ထားရသေးသည်။

မနက်ကျောင်းတက်မှာမို့လို့ ပြင်စရာရှိတာတွေ ပြင်ပြီးတာနဲ့ ငါ ဖုန်းကိုရှေ့ချကာ တောင် ဆိုတဲ့ အသံလေးကိုထိုင်စောင့်နေမိပြန်သည်။

အော် ချစ်မိတော့လဲ ဒုက္ခများလိုက်တာ...

📨(Gemini)-p'fourth ကျတော်ပြန်ရောက်ပြီနော်
ညစာစားနေတာနဲ့စာလာမပို့ဖြစ်တာ

📨(fourth)-ဟုတ်ပါပြီ ငါစိတ်ပူနေတာ

📨(Gemini)-phi မနက်ဖြန်ကျောင်းသွားမှာလားဗျ

📨(fourth)-သွားမှာ မင်းလာမလို့လား

📨(Gemini)-လာခဲ့ရမလား။satang ကလာခဲ့မှာတဲ့

📨(fourth)-အဲ့လိုလား အဲ့တာဆိုမင်းလဲလာခဲ့လေ

📨(Gemini)-ဟုတ်ပါပြီဗျာ လာခဲ့မယ်။ကျတော် phi
ကိုလာခေါ်ရမလား??

📨(fourth)-မလာပါနဲ့ လမ်းမှမကြုံတာ

📨(Gemini)-ရပါတယ် ကျတော်လာကြိုမယ် စောင့်
နေနော် phi

📨(fourth)-သဘော" အိပ်တော့မှာမို့ တာ့တာ

📨(Gemini)-Gn phi

သူ့စာကို အသဲရီအက်ပေးကာ ငါ အိပ်ဖို့ပြင်လိုက်သည်။

သူက ဘာလို့ငါ့ကိုလာကြိုချင်တာလဲ??
ရင်ခုန်လိုက်တာ...

"Gemini ငါ မင်းကြောင့် ငါအိပ်လို့မရတော့ကွ!"

ငါ ကြိမ်းဝါးလိုက်ပြီး ဘေးကဖက်ခေါင်းအုံးကို ငါဆွဲခွလိုက်ကာ အိပ်ဖို့ကြိုးစားရတော့သည်။
______________________
ကျောင်းသွားရမဲ့ မနက်တွေဆို တကယ်ကို အိပ်လို့ကောင်းတာဘဲ။

Love at first sight Where stories live. Discover now