84{S2}

1.1K 36 0
                                    

💓ရာဇဝင်ထဲက စိန်ခေါ်သံ💓

Part_84

"ရှေးခေတ်သို့ ခနတာ အမုန်းနဲ့အတူအလည်သွားကြရအောင် နောက်ထက်မှာချင်တာက ယခုလာမည်စာအကြောင်းအရာအားလုံးက အမုန်း၏စိတ်ကူးသက်သက်ဖြင့်ရေးထားတာပါ။နောက်တစ်ချက်က ဘယ်သူတွေပါလာမလဲဆိုတာ ဖတ်ရင်နားလယ်လာပါလိမ့်မယ်...."

"ရှေးနှစ်ပေါင်း၄၅၀၀၀ရခန့် ဘီစီ၂၅၀၀ခန့်က.."

"အဆုံးမရှိ ကျယ်ပြန့်လှသည့် လွင်ပြင်ကျယ်ကြီးထဲ၌....အုတ်အဝါကျဥ်ရောင်များနဲ့ကြီးမားပြီး။အခိုင်အမာတည်ဆောက်ထားသည် နန်းဆော်ကြီးက တိုင်သူပြည်သားတို့၏ အိမ်တွေနဲ့အလှမ်းအနည်းငယ်ဝေးကွာလှသည့် နေရာ၌....။တည်ဆောက်ထားလေသည်။

"ထိုတိုင်ပြည်၏ မိုးမျှော်စင်ကြီး၏အထက်၌...အဖြူရောင်အလံကိုလွှင့်ထူးထားသည်။အလံ၏အလယ်တည့်တည်၌...။သိမ်းငှက်ပုံပါသည့် အလံအဖြူရောင်ကိုတွေ့မြင်လိုက်ရသည်နှင့်....။သည်တိုင်းပြည်က မဂဓတိုင်းပြည်ကြီးသာဖြစ်ပေမည်။

"ကြီးမာကျယ်ပြန့်လှသည့် တိုင်းပြည်ကြီးတစ်ခုကိုတည်ဆောက်ထားသလို စည်းစနစ်တကျနဲ့အုပ်ချုပ်တတ်သည့် နာမည်ကောင်းနဲ့နာမည်ဆိုးနဲ့ကျော်ကြားသည့် စစ်ဘုရင်ကြီးမဟာလျှံဘုန်းဇံ အုပ်ချုပ်နေတာဖြစ်သည်။

"မင်းကြီးမှာ မိဖုရား၃ပါးရှိသည်။ပထမ မိဖုရားကြီး၏နာမည်ကတော့ မလိဒေဝီသာဖြစ်သည်။ညို့ချက်တွေပြင်းအောင်လှသလို၊အလွန်းကိုထက်မြက်လှသည်။မင်းကြီး၏အယုံကြည်ရဆုံးနဲ့စစ်တိုက်ရာတွင် အထောက်ပံ့ပေးတတ်ဆုံးသော မင်းကြီး၏ကိုယ်ပွားလို့တောင်ဆိုတတ်ကျသည့် မလိဒေဝီက...မင်းကြီးပြီးလျှင်...။နန်းတွင်းမှာ အာဏာအရှိဆုံးက မိဖုရားကြီးလဲဖြစ်...။တချို့ဆိုလျှင် မလိဒေဝီကိုစုန်းမလိုပြောဆိုတတ်ကျသည်။စုန်းမလို့ ပြောဆိုကျသည့်အကြောင်းအရင်းက ဘယ်ကလာလို့...။ဘယ်ကမှန်မသိသည့် မလိဒေဝီကို သူတို့၏မင်းကြီးကလက်ထပ်လိုက်တာမလို....။မင်းကြီးနဲ့မလိဒေဝီလက်ဆက်သည့်အချိန်မှာပင်...။ကောင်းကင်ထက်၌...။အရိပ်အမည်းကြီးထွက်ပေါ်လာခဲ့တာကြောင့်....။မလိဒေဝီကိုစုန်းမလို ခေါ်ဆိုတတ်ကျတာဖြစ်သည်။

"Mafia's wife S1၊"Only with hate"S2၊Where stories live. Discover now