Chapter 15

3.4K 110 3
                                    

       လူနှစ်ယောက်၏ အခြေအနေမှာ ခဏချင်းပင် ပြောင်းပြန်ဖြစ်သွားပြီး မတိုင်ခင်က ပြောရန်တွန့်ဆုတ်နေခဲ့သော မာန်သည် ယခုအခါ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေသည်။ ‌
သူနှင့် ဆန့်ကျင်စွာဖြင့် လီယိုမှာတော့ သူသိရှိလိုက်သည့် သတင်းအား မည်သို့ခြေဖျက်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူ့မှာ အစ်ကိုအာရာဂွန်အား မျက်နှာချင်းဆိုင်ရန် ခက်၍  ဧည့်ခန်းထဲရှိ  ဆိုဖာပေါ်၌သာ တစ်နေ့လုံး အသိုက်ဖွဲ့နေတော့သည်။ 

[ Host   Leo  ကို တစ်ခုခုသွားမပြောတော့ဘူးလား  ]

" သူက ခုချိန် ငါ့ကိုတွေ့ရတာ နေရခက်နေတယ်လေ  ထားလိုက်ပါအဆင်ပြေသွားလိမ့်မယ်။ ငါပြောပြတော့ သူဒေါသတကြီးနဲ့ မတုံ့ပြန်ကတည်းက အခြေအနေကောင်းတယ် 
"

[ Host က အရမ်းကို ယုံကြည်မှုရှိနေတာပဲ...]

" ဒါပေါ့  ငါ့ဇနီးက ငါ့ကိုချစ်တယ်လေ "

[ .....]

ညနေတွင်    ဒမ်ဒန်သည်  အခြေအနေအား စစ်ဆေးရန် အာရာဂွန့်ဆီသို့ ဖုန်းခေါ်လိုက်သည်။

" ခမ်...အချစ်လေး အဆင်ပြေသွားပြီလား "

ဖုန်းဝင်ဝင်ချင်း  အာရာဂွန်၏ အချစ်လေးဆိုသော ခေါ်သံကြောင့်  ခမ်ဒန်မှာ ပြောရမည့် စကားတို့ပင် မေ့ပျောက်သွားရသည်။

"...အွန်း..အဆင်ပြေတယ်  နေ့လယ်ကပြီးသွားတာ ရှေ့နေကြီးက ပြောတယ် ဘာမှ စိတ်ပူစရာမလိုဘူးတဲ့.."

" ဟုတ်လား...ကောင်းတာပေါ့ ...ဒါဆို..ခမ်က ကိုယ့်မိန်းမ တရားဝင်ဖြစ်သွားပြီပေါ့ "

မာန်သည် ဖုန်းပြောရင်း အခန်းထဲမှ ဧည့်ခန်းဆီသို့လျှောက်လာရာ  ဆိုဖာပေါ်၌ လှဲနေသော လီယိုသည် 'ကိုယ့်မိန်းမ'  ဆိုသော စကားအားကြား၍ ချက်ချင်းပင် ခေါင်းထောင်ကြည့်လာသည်။

".. ဘယ်မှာဖြစ်သေးလို့လဲ လက်မှတ်မှ မထိုးရသေးတာ "

ထို့နောက် မာန်သည်  အသံအား ရုတ်တရက်တိုးလိုက်၍

"...အမ် လက်မှတ်မထိုးရသေးပေမယ့်...တစ်ခုခုကထိုးပြီးသွားပြီလေ မဟုတ်ဘူးလား မိန်းမလေးရဲ့ "

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now