ကောင်းကင့်တာဝန် - ( ၂ )

1 0 0
                                    

          လူတစ်ယောက်က ကျွန်တော့်ကို မေးဖူးတယ်..
          ဘာလို့ "ကောင်းကင်” ဆိုတဲ့ အရာ ကို သိပ်ကြိုက်ရတာလဲ?.. တဲ့..
          ဟက်.. ခင်ဗျားတို့ ကောင်းကင်ကြီးကိုရော မော့ကြည့်ဖူးကြရဲ့လားဗျာ?..
          ကျွန်တော် အရင်ဆုံး တစ်ခုလောက် တောင်းဆိုပါရစေ..
          တကယ်လို့ ခင်ဗျားသာ.. ကျွန်တော့်ကို ဒီလိုမေးခွန်းမျိုး မေးချင်ခဲ့မယ် ဆိုရင်..
          ခင်ဗျားကို အရင်ဆုံးမေးကြည့် ပါရစေ..
          "ခင်ဗျားရော.. ကောင်းကင်ကြီးကို သေချာ ကြည့်ဖူးရဲ့လား..” လို့ပေါ့
          ခင်ဗျားသာ တကယ်ကြည့်ရင် သိပါလိမ့်မယ်..
          ဒီမေးခွန်းရဲ့.. အဖြေကိုပေါ့....

ကောင်းကင်ဆိုတာကြီးက....
နေမင်းကြီးလောက် မကြီးမားသလို..
ကြယ်တာယာလောက်လည်း မကျယ်ပြန့်ပါဘူး..
ဒါပေမယ့်....

နေ့ခင်းဘက်မှာ..
လှပစွာပေါ်နေတဲ့ တိမ်တိုက်လေးတွေနဲ့..
နေမင်းကြီးကို..
လှပစွာပေါ်လွင်အောင်..
လိုက်ဖက်တဲ့ အရောင်အနေအထားနဲ့..
နေပေးခဲ့ရသူက..
ကောင်းကင်ကြီး ဗျ....

ညဖက်မှာဆိုရင်လည်း..
ငွေဖြူရောင် လမင်းကြီးနဲ့...
မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းနေတတ်တဲ့..
ကြယ်ကလေးတွေ ပေါ်လွင်အောင်..
နေပေးရတာလဲ..
ကောင်းကင်ကြီး ပါပဲ....

နေဝင် နေထွက် ချိန်တွေဖြစ်တဲ့..
ဆည်းဆာနဲ့.. ရောင်နီ လာချိန်တွေမှာလည်း..
လိုက်ဖက်တဲ့ အရောင်အနေအထားနဲ့..
နေပေးခဲ့တာလည်း..
ကောင်းကင်ကြီး ပါဘဲ....

နေမင်းကိုကြိုက်လား?....
လမင်းကိုဘဲကြိုက်လား?..
ဒါမှမဟုတ်...
လွတ်လပ်စွာ လွင့်မျောနေတဲ့..
တိမ်စိုင်လေးတွေကို ကြိုက်လား?....
စိန်ပွင့်လေးတွေလို လင်းလက်နေတဲ့..
ကြယ်ကလေးတွေကိုဘဲကြိုက်လား?..

         ခင်ဗျား ဘာကြိုက်လဲ? ကျွန်တော် မသိဘူး..
ဒါပေမယ့် ကျွန်တော်ကတော့

ဒီအရာတွေ အားလုံးကို လှလှပပ ပေါ်လွင်အောင်..
လိုက်ဖက်တဲ့ အရောင်အနေအထားနဲ့.. နေပေးတတ်တဲ့....
ကောင်းကင်ကြီးကို ပိုကြိုက်တယ်...
        
*ကောင်းကင်ထက်က လွတ်လပ်စွာ လွင့်မျောနေတဲ့.. <⁠(⁠ ̄⁠︶⁠ ̄⁠)⁠>
*တိမ်တိုက်လေးလို စိတ်‌အမြဲ ပေါ့ပါးနေသူ ဖြစ်ပါရစေ....<⁠(⁠ ̄⁠︶⁠ ̄⁠)⁠>

*ကောင်းကင်ထက်က လောကကြီးကို နွေးထွေးမှုနဲ့ အလင်းတွေ ပေးတဲ့.. ✷⁠‿⁠✷
*နေမင်းကြီးလို လူတွေအတွက် အားကိုးထိုက်သူ ဖြစ်ပါစေ ✷⁠‿⁠✷

*ညကောင်းကင်ထက်က အေးချမ်းမှုနဲ့ အလင်းကို ပေးတဲ့.. (⁠◍⁠•⁠ᴗ⁠•⁠◍⁠)
*လမင်းကြီးလို အေးချမ်း ပါစေ.. (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

*ညကောင်းကင်ထက်က မိုင်ချီဝေးလည်း ပျော်ရွင်စွာ ကခုန်တတ်တဲ့.. (⁠☆⁠▽⁠☆⁠)
*ကြယ်ကလေးလိုတစ်ယောက်တည်း ပျော်နေတတ်သူ ဖြစ်ပါစေ.. (⁠☆⁠▽⁠☆⁠)

#ဆောင်းရာသီမှာအေးခဲနေလား?....
#နေမင်းကြီးကိုရှာဖွေလိုက်ပါအုံး..

#စိတ်ရှုပ်စရာတွေကြောင့်စိတ်ပင်ပန်းနေလား?....
#တိမ်စိုင်လေးကိုကြည့်လိုက်ပါအုံး..

#အိမ်မက်ဆိုးတွေကြောင့်ကြောက်ရွံ့နေလား?....
#လမင်းလေးကိုကြည့်လိုက်ပါအုံး..

#တစ်ယောက်တည်းလို့အထီးကျန်နေလား?....
#ကြယ်လေးတွေကိုကြည့်လိုက်ပါအုံး..

#ဒီအရာတွေကြောင့်ပျော်ရွင်နေပြီလား?....
#ကောင်းကင်ကြီးကိုလည်းမမေ့လိုက်နဲ့အုံး..

[ ကောင်းကင်ချစ်တဲ့ကောင်လေးတစ်ယောက် ]

                                                         #ကောင်းကင်

Date - June 15 / 2021

Kaung's Note Compilation Where stories live. Discover now