အပိုင်း(၃၃)uni

20.6K 1K 27
                                    

ဒေါက်.. ဒေါက် ...

" အကို "

"..... "

" အကို "

ကျွီ ......

" အင်း "

" မနက်စာ စားရအောင်လေအကို ကျွန်တော်ပြင် ထားပေးတယ် "

" မစားချင်သေးဘူး "

" အဲလိုမလုပ်ပါနဲ့အကိုရာ စားရအောင်ပါနော် "

သူရိန် ထက်မြတ်ကိုရအောင်ခေါ်နေမိသည်။
လန်ဒန်ကို ပြန်ရောက်ပြီး ၁ပတ်လုံးအကိုက အခန်းပြင်သိပ်မထွက်။ဒီကြားထဲအလုပ်ကိုပါ စိတ်မပါပဲရအောင်လုပ်နေသောအကိုကြောင့် ဆက်နောင်အားပြောကာ အေးဆေးနားခိုင်းထားရ၏။ ခုလဲ မနက်စာမစားဘူးလုပ်နေပြန်သည်။ထိုကိစ္စပြီးတဲ့နောက်ပိုင်း အကိုက သူ့အပေါ်အ
ရင်လောက်မခါးသီးတော့ပေ။သူစကားပြောပြန် လျှင်အေးဆေးပြန်ပြောပြီး ထမင်းချက်ကျွေးလျှင်လဲသိပ်မငြင်းတော့ပါ။

" နော် အကို ... "

" အင်းအင်း "

" ဒီလိုမှပေါ့ အကိုက လိမ္မာလိုက်တာ "

အကိုက ဘာမှပြန်မပြောပေမဲ့ မျက်လေးထောင့်ကပ်ကြည့်လာသဖြင့် သူရိန် စပ်ဖြဲဖြဲဖြင့်ရီပြကာ မီးဖိုခန်းဘက်ထွက်လာလိုက်၏။

သူရိန်ပြင်ပေးသော မနက်စာကို ထက်မြတ်အေးဆေးစွာပင်စားနေ၏။ဘာစကားတော့မဆိုပေ။

" အကို "

ထက်မြတ် တစ်ချက်သာ မော့ကြည့်၍ ဘာလဲဆိုသောသဘောဖြင့်မေးဆတ်ပြလိုက်သည်။

" ဒီနေ့အိမ်ပြန်နောက်ကျမယ်နော် အလုပ်နဲနဲရှုပ် မှာမို့ "

" အင်း အဆင်ပြေတယ်မို့လား ငွေစျေးကရော ဘယ်လိုလဲ "

" အကုန်အဆင်ပြေပါတယ် မနေ့ကဝယ်ထားတာနဲနဲများသွားလို့ ဒီညအခြေအနေလေးစောင့်
ကြည့်ရမှာမို့လေ "

" အင်း ငါဘယ်နေ့အလုပ်ပြန်ဝင်ရမလဲ "

ထက်မြတ်ဆီမှ ငါလို့ အသုံးခံရတိုင်း သူရိန်ရင် ထဲမကောင်းပေ။ သို့ပေမဲ့လဲ ဘယ်တတ်နိုင်မလဲ။

" အကိုအေးဆေးနားပါ စိတ်အဆင်ပြေတဲ့အချိန် ထိပေါ့ "

"ဒါပေမဲ့ ငါအလုပ်မလုပ်လို့မရဘူးသူရိန် မင်းက အလုပ်ရှင်ဆိုပေမဲ့ ငါကဝန်ထမ်းလေ ငါ့မိသားစုကငါ့ကိုပဲအားကိုနေရတာ ငါအလုပ်လုပ်မှဖြစ်မယ် "

My Property (complete)Where stories live. Discover now