Extra 3 ( M & Y ) uni

14.4K 538 14
                                    

" မရဘူးကွာ လိုက်ခဲ့ရမှာပဲ "

" ကောင်လေးရယ် ကိုယ်တကယ်မအားလို့ပါ "

" မရဘူးဆိုမရဘူးပဲ မလိုက်ရင် ကိုကို့ကို
မခေါ်တော့ဘူး "

" ဟူးး "

စစ်သွင် သက်ပြင်းအကြီးကြီး ချမိတော့၏။ အသက်တွေပဲရလို့ CEO တောင်လုပ်နေပီ ခုထိ ဆိုးတုန်း ၊ ကလေးဆန်တုန်းပင်။ လူကြီးလုပ်
ချင်တာလဲ သူ့အပြင်နှစ်ယောက်မရှိ၊ လိုချင်တာမရရင်လဲ ခုထိ ဂျစ်တိုက်တုန်းပဲလေ။ ခုလဲ
ကုတင် ပေါ်က စောင်တွေကို ကန်ချပြီး မျက်နှာကလဲ ဆူပုပ်နေတာ။

" အခန်းစောင့်ရမှာကြောင့်ပါကွာ ကောင်လေးက လိမ္မာပါတယ် နောက်ခါကျ လိုက်ခဲ့မယ်လေ ခုက ကောင်လေးလဲ သိပ်ကြာမှာမှမဟုတ်ပဲ "

" မသိဘူး ဘာမှမသိချင်ဘူး လိုက်ခဲ့ဆိုလိုက်ခဲ့ရ
မယ် "

Hotel အသစ်ဆောက်ဖို့ ကိစ္စ စီစဉ်ပြီး အိမ်က အလုပ်တွေကို တရားဝင်လွဲပြောင်းယူရန်
အတွက် မြန်မာပြည် ပြန်ဖို့ကို စစ်သွင်ကို အတင်းခေါ်နေတာပင် ။ ပုံမှန်သာဆိုကျောင်းကို ခွင့်တိုင်ပြီး လိုက်ဖြစ်မှာပေမဲ့ ခုက စားမေးပွဲ
အခန်းစောင့်ကျသဖြင့် လိုက်ဖို့က မဖြစ်နိုင်တော့ဘူးလေ။ဒါကိုလိုက်ရမယ်ဆိုပြီး အလုပ်ပါမသွားပဲ ဂျစ်တိုက်နေတာ။

" ဒါဆို ဒီလိုလုပ် ကောင်လေးက သွားနှင့် စားမေးပွဲပြီးတာနဲ့ ကိုယ်လိုက်ခဲ့မယ်လေ "

" ဟာ မောင်က အတူတူသွားချင်တာပါဆို မရဘူး ကိုကိုပါ တစ်ခါတည်းလိုက်ခဲ့ရမယ် "

စစ်သွင် သိပ်စိတ်မရှည်တော့ဘူး ။ ဂျစ်တိုက်နေတာမပြီးတော့ဘူးလေ ၊ သူစိတ်လျော့ပြီး ချော့နေတာကို လက်မခံဘူးလုပ်နေတာ ၊ အလိုလိုက် လွန်းတော့ တအားကို ဆိုးနေတာ။

" မာန်ဆက်နောင် ကိုယ် စိတ်တိုလာပြီနော် "

" ကိုကို နော် မောင့်ကိုလာမအော်နဲ့ မောင်
မကြိုက်ဖူး "

" မအော်စေချင်ရင် စကားကို နားထောင်လေ "

" ရပါတယ် ရပါတယ် သိလိုက်ပါပြီ ကိုကို့
အတွက် မောင်က အရေးမပါဘူးဆိုတာ
နားလည်လိုက်ပါပြီ "

My Property (complete)Where stories live. Discover now