Unicode
Fresher welcome အတွက် လေ့ကျင့်ပြီး သူငယ်ချင်းတွေကို ပြန်စောင့်ပြီး ကန်တင်းမှာထိုင်နေတုန်း
"ညီမ ခုံအားလား ထိုင်လို့ရလား"
ဘေးနားကလာပြောတဲ့သူကိုကြည့်လိုက်တော့ မမြင်ဖူးတဲ့သူတစ်ယောက်မို့ စကားမပြောဖြစ်ပေမဲ့ ခွင့်မပြုဘဲလာထိုင်နေသည်။
"အကိုက law မေဂျာ final ကပါ ဝေယံလို့ခေါ်လို့ပါတယ်"
"......"
အကိုဝေယံဆိုတာ ကျောင်းသူတွေရဲ့ ပါးစပ်ဖျားမှာ စွဲတဲ့သူတစ်ယောက်ဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့သူပေါ့ ရုပ်ရည်ကရှိတဲ့အပြင် sugar daddy လို့ နာမည်ကြီးတာကြောင့်ကပ်နေတဲ့သူက ဒုနဲ့ဒေးဖြစ်သည်။
ထိုမြင်ကွင်းကကို အဝေးကလှမ်းမြင်နေပေမဲ့ တိမ်လွှာတစ်ယောက် သံစဉ်ကို ဆုံးရှုံးရမယ့်အတွေးကို ခံစားမိပြီး ပြေးလာတာကြောင့် ဘေးပတ်၀န်းကျင်မှာ လှည့်ကြည့်လာကြတယ်
"ကလေး!!!"
ဘေးနားမှာ မျက်နှာလိုမျက်နှာရနဲ့ လာမိတ်ဆက်နဲ့သူကြောင့်စိတ်ရှုပ်နေတုန်းနောက်ကနေ ခေါ်သံကြောင့် လှမ်းကြည့်မိတော့ မတိမ်လွှာဖြစ်တာကြောင့် စောနက မျက်နှာထားမျိုးမဟုတ်တော့ဘဲ အပြုံးဖြင့်သာ ကြိုဆိုပြီး
"မ ရောက်လာပြီလား မဂ်လာ၀တ်စုံသွားရွေးရအောင်လေ"
ဝေယံတစ်ယောက် သူထိုင်နေတာ ၅မိနစ်ပင်ပြည့်တော့မည် သူကို မျက်နှာထားတင်းတင်းနဲ့စကားမပြောတဲ့ ရေခဲတုံးမလေးက အခုတစ်ယောက်နဲ့ကျ မျက်နှာရော ရုပ်ပါပြောင်းသွားတာကြောင့် မျက်နှာပျက်သွားပေမဲ့ ချက်ချင်းပင်ထိန်းကာ
"ဟို ဒီကအစ်မနဲ့ ဘယ်လိုပတ်သက်လဲဗျ"
ဝေယံတစ်ယောက် အရင်ရက်က ကျောင်းပျက်ထားတာမို့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းကိုမကြားသေးတာကြောင့် မသိဖူးဖြစ်နေတော့ မေးလိုက်ခြင်းဖြစ်သည်။
"အော် ကလေးသူငယ်ချင်းထင်တယ် တို့နာမည်က တိမ်လွှာ(M.D.Sc) ပါ ကလေးနဲ့ လက်ထပ်မယ့်သူဆိုလည်းမမှားပါဖူး"
"ဘယ်လို!!!မိန်းကလေးချင်းကိုဖြစ်နိုင်လား"
မယုံသလိုကြည့်ပြီး မျက်လုံးကလည်းအထင်သေးသလိုကြည့်နေတာကြောင့် သံစဉ်ဒေါသထွက်သွားပြီး
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
General Fictionအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....