100k ပြည့် အမှတ်တရ

3.3K 185 3
                                    

Extra 3 ခုဘဲရေးမယ်သတ်မှတ်ထားပေးမဲ့လည်း နှစ်ခုထပ်ရေးပေးလိုက်ပါတယ် ပြီးတော့ ဇာတ်ကောင်အသစ်ကို spoil ပေးထားပါတယ်။

မနက်ခင်း၏နေရောင်ခြည်ဖျဖျဟာ အိပ်စက် နေသောကောင်မလေးနှစ်ဦးဆီသို့လှပစွာဖြာ ကျလျက်ရှိသည်။ အချိန်ဟာ မနက်ခုနစ်နာရီပင် ရှိနေသော်လည်း ထိုကောင်မလေးနှစ်ယောက်နဲ့ပိစိ‌လေးကတော့ နှစ်နှစ်ခြိုက်ခြိုက်ပျော်နေဆဲ ပင်ဖြစ်သည်။သံစဉ်ချို တစ်ယောက် နိုးလာတဲ့အခါ ထိုမြင်ကွင်းလုံး ကြည့်မ၀ဖြစ်နေခဲ့တယ်။မနဲ့သမီးလေး မိမိ ဘ၀ထဲ၀င်လာသည်မှာ ၂နှစ်ပြည့်ခါနီးပြီဖြစ်တယ်။

"မ ထတော့လေ ၇နာရီထိုးပြီ နောက်ကျနေမယ် ထတော့နော်"

သံစဉ်ချို ကုတင်ပေါ်ကဆင်းပြီး မဘက်ခြမ်းသွားပြီး မကို နူးညံ့စွာနိုးနေတယ်။ဒီနေ့က မင်္ဂလာပွဲဖိတ်‌ထားသည်မို့ သွားရမည်ဖြစ်တာမို့ထဖို့ပြောနေခြင်းဖြစ်တယ်။

"အင်း...အွန်း ကလေး နိုးပြီလား"

"ပြွတ်စ်"

သံစဉ်ချိုနိုးလိုက်တော့ လူးလွန့်လာသည့် သံစဉ်၏အ မျိူးသမီးလေး က ချစ်စရာ‌ကောင်းလွန်းနေတာမို့ မနေနိုင်စွာနှင့် ဖူးအိကာစိုရဲနေသော နှုတ်ခမ်း လေးကိုပြွတ်ကနဲမြည်အောင် နမ်းလိုက် မိသည်။

“ကလေးကကွာ မနက်အစောကြီးဘာလုပ်နေတာလဲ”

“မက ချစ်စရာကောင်းလွန်းလို့ မနေနိုင်လို့ပါ အရမ်းချစ်တယ် ပြီးတော့ ဘ၀မှာလေ ကိုယ်ပိုင် မိသားစုဘ၀ကို ပုံဖော်ကြည့်ဖူးပေမဲ့ ဒီလိုမျိုး ကြည်နူးစရာကောင်းမယ်မထင်ခဲ့ဖူး မနက် မျက်စိဖွင့်လိုက်တာနဲ့ သမီးလေးက အလယ်မှာ မက ဘေးမှာအိပ်နေတဲ့ မြင်ကွင်းက အိပ်မက်ဖြစ်ခဲ့ရင်လည်း မနိုးထချင်ဖူးမရယ်”

ကုတင်ပေါ်မှာအိပ်နေတဲ့ မရဲ့ မေးစေ့ကို ကိုင်ပြီး ပြောလိုက်တော့ မကလည်း ခါးကို ပြန်ဖက်ပြီး အပြုံးနုနုလေးနဲ့ ပြန်ဖြေနေတယ်။

“အိပ်မက် မဟုတ်တာမို့ မပူနဲ့နော် ဒီက တိမ်လွှာမိုးဆိုတဲ့ ဇနီးရယ် တိမ်လွှာသံစဉ်ဆိုတဲ့ သမီးလေးက ရှေ့မှာရှိနေတဲ့ သံစဉ်ချိုရဲ့ မိသားစုအဖြစ် အမြဲတမ်းရှိ‌နေမှာမို့ပါ”

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now