ပင်စင်ယူပါဦး
"ဟီး ပျော်လိုက်တာ...ပျော်လိုက်တာ"
"ကိုကိုနဲ့ပထမဆုံးပင်လယ်ရောက်ဖူးတာပဲ""ရေအရမ်းမဆော့နဲ့။အအေးပက်မယ်"
လှိုင်းလုံးတချို့ လွန့်ကာလူးကာ သောင်တင်ဝေ့ဝဲတဲ့ ကမ်းစပ်တနေရာ၌ ခြေဖျားတွေကိုစိမ်နှစ်ရသည်ကို ပျော်မွေ့နေသော ချစ်ရသူရဲ့ ရယ်မောသံဟာ လွင်မြမြ။
ပူပင်စွာ ဆူကြိမ်းရန်ပြင်တော့ ကြိုတင်ခုခံသူရဲ့ မျက်စောင်းကလေးများက ခပ်မှိန်မှိန် နေခြည်လွှာနုနုတို့ကြား ထွင်းကာ၊လင်းကာ ဟီဆွန်းထံရည်ရွယ် ခဲနေတော့ချေ၏။
သည်လိုသာသိလျှင် ဆေးရုံနှင့်အလှမ်းမဝေးသောတနေရာတွင် ပင်လယ်ရှိမှန်းကလေးဆိုးလေးအား မပြောခဲ့ပေပြီ။
အင်းပေါ့လေ..
ချစ်မိမှတော့လည်း ဘာတတ်နိုင်မှာတဲ့လဲ။ကန့်လန့်ကလေးနည်းနည်းတိုက်ရမှ အိပ်ဝင်စားပျော်တဲ့ ချစ်သူရဲ့လက်ဖဝါးတွေ ဒီလေကြောင့် မအေးရအောင် သူ့ဘက်က အနွေးထွေးဆုံးတွဲချည်ထားရုံပေါ့။
"ဖျားမယ်လေ ဂျယ်ယွန်းနီးရယ်"
"ဖျားရင် ကိုကိုက ဂရုစိုက်ပေါ့"
နံဘေးကနေ အတိုင်းသားလှမ်းမြင်ရတဲ့ ဆူထော်လန်ကွေး နှုတ်ခမ်းဖူးလေးရဲ့ မကြည်ဖြူမှုတွေ အနည်းငယ်သက်သာလိုသက်သာငြား၊အကြင်နာ ခပ်ဖွဖွပေးတော့မှ ကိုယ်တော်ချောက စိတ်ကောက်ပြေတော့၏။
နေညိုချိန်ရဲ့ ဆည်းဆာယံရယ်။
သဲသောင်ပြင်ပေါ် က ကလေးတစ်အုပ်ဆီ တမေ့တမောလှမ်းကြည့်လို့ သဘောကျနေသူရဲ့ အပြုံးတွေကို ရှုမငြီးငေးမိနေတဲ့ သူ့ကိုယ်သူ၌ရယ်။
ချစ်ရသူအနားမှာရှိနေတဲ့အခါ ပခုံးပေါ်က တာဝန်ဝတ္တရားတွေရဲ့လေးလံမှုတွေဟာလည်း ပမာဏအလိုလိုလျော့ရပါတယ်။
ကြီးပြင်းလာသည်တမျှ ခါးစီးသည်းခံဖို့ ပြဋ္ဌာန်းထားတဲ့ လောကဓံရဲ့ သင်ရိုးတွေတိုင်းကိုလည်း ပညတ်နိုင်ခဲ့သတဲ့။
YOU ARE READING
My 10 months Love
Fanfictionကိုကို့ခွေးပေါက်ကလေးမဖြစ်ချင်တော့မှန်းတခါတရံ ကိုကိုပါးနပ်ဖို့ကောင်းပါတယ်။