Description

1.8K 79 3
                                    

ခေါင်းစီး - အမျိုးသမီးလေးက နေ့တိုင်း ကံကောင်းနေတယ်။

မူရင်းဝတ္ထု - The female partner is lucky everyday

ဇာတ်ညွှန်း

ရွမ်ကျန်းကျန်းတစ်ယောက် မသေမျိုးကျင့်ကြံခြင်းလမ်းစဥ်နဲ့ သက်ဆိုင်တဲ့ ဇာတ်ကြောင်းထဲမှာ အမတကျင့်ကြံသူတွေအတွက် အဆောင်လက်ဖွဲ့ ဖန်တီးသူအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေထိုင်ခဲ့ပြီးနောက် တဖန် နောက်ဇာတ်လမ်းတစ်ခုသို့ ကူးပြောင်းကာ ကံကောင်းမှု အားလုံးက အမျိုးသမီးဇာတ်ဆောင်ရဲ့ လုယူခံလိုက်ရပြီး ကြေကွဲဆို့နင့်ဖွယ်ရာ အဖြစ်နဲ့ သေဆုံးသွားခဲ့ရတဲ့ သာမန် အမြှောက်စာဇာတ်ပို့မိန်းကလေး ဖြစ်လာခဲ့တယ်။

ခမ်းနားတဲ့ညစာစားပွဲမှာ အမျိုးသားဇာတ်ဆောင် ကူမင်းဟန်က အမျိုးသမီးဇာတ်ဆောင်အရှေ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို လူပုံအလယ်နေရာမှာတင် ဖွင့်ဟပြောပြချင်တာကိုတွေ့တဲ့အခါ ရွမ်ကျန်းကျန်းက သူမရဲ့ကာရိုက်တာနဲ့ ဇာတ်လမ်းသဘောအရ ထိုအခမ်းအနားမှာ ပျော့ခွေကျသွားဖို့ သတ်မှတ်ခံထားရတယ်။ သူမရင်ဘတ်ထဲက နှလုံးခုန်သံတွေက တဒုတ်ဒုတ်နဲ့ ပိုပိုမြန်ဆန်လာပြီး နှာဖျားဝက ဝင်သက်ထွက်သက်တွေကလည်း မတည်မငြိမ် ဖြစ်လာတယ်။ သူမရဲ့မျက်နှာက မခံမရပ်နိုင်တဲ့ မျက်ရည်စီးကြောင်းတွေနဲ့ ပြည့်နှက်နေပြီး သူမခန္ဓာကိုယ်တစ်ခုလုံးကလည်း တဆတ်ဆတ် တုန်ယင်လာကာ မသိရင် တစ်စက္ကန့်အတွင်း အရှေ့က အမျိုးသားအပေါ် ခုန်အုပ်တော့မယ့် အတိုင်းပဲ။ သူမရဲ့အတွင်းစိတ်က ကပြောင်းကပြန်နဲ့ အထိန်းအကွပ်မဲ့နေပြီ ဖြစ်တာကြောင့် သူမက သတိပေးတဲ့အနေနဲ့ ကိုယ့်ပေါင်ကိုယ် ခပ်ပြင်းပြင်း ဆွဲဆိတ်ကာ အမြန်အဆန် နောက်လှည့်လိုက်တဲ့အချိန်မှာပဲ ဘေးနားအသင့်ရှိနေတဲ့ အေးတိအေးစက် အမျိုးသားရဲ့ရင်ခွင်ထဲ ပြိုလဲ ယိုင်ကျသွားတော့တယ်။ ထိုအချိန်မှာ ရွမ်ကျန်းကျန်းရဲ့ နားစည်ထဲ သူမရဲ့ငြင်သာတဲ့ တီးတိုးပြောသံကိုသာ ပြန်ကြားလိုက်ရတယ်။

"အာ~ ယောက်ျားရေ ကျွန်မခြေထောက်တွေက ထုံထိုင်းလာပြီ"

System : "ding! ဂုဏ်ယူပါတယ် မာစတာ အခုလိုကံကောင်းမှုနည်းနည်း ပြန်စုဆောင်းနိုင်လိုက်တဲ့အတွက် ဆုလာဘ်အနေနဲ့ ငွေသားတစ်သန်း ရပါမယ်"

ရွမ်ကျန်းကျန်း - "! ! !"

ရွမ်ကျန်းကျန်းရဲ့မျက်လုံးထဲမှာတော့ ဖေယွိယန်က သာမန်ဆင်းရဲသားအဖြစ်နဲ့ပဲ နေထိုင်နေတာတောင် သူက သန်မာအားကောင်းတဲ့ မကောင်းဆိုးဝါးတွေရဲ့ လိုက်လံခြောက်လှန့်ခြင်း ခံနေရတယ်။ အဲဒီတော့ အသက်ရှင်သန်နိုင်ဖို့အတွက် သူမက တစ်ဖက်ပြိုင်ဘက်ရဲ့ ရွှေပေါင်လုံးကြီးကိုသာ တင်းတင်းကျပ်ကျပ် အမိအရ ဆွဲဖက်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဖေယွိယန်ကို မလွတ်တမ်း ဖမ်းမိဖို့အတွက် သူမက ဒီပရိုဂရမ်ထဲ ဆင်ခြင်တုံတရား ကောင်းကောင်း အသိဉာဏ်ရှိစွာနဲ့ Systemရဲ့လမ်းညွှန်မှုအတိုင်း ရိုးသားကြိုးစားစွာ ကံကောင်းမှုတွေ စုရင်း ပိုက်ဆံရှာပြီး အထက်တန်းစား ဇိမ်ခံအိမ်တစ်လုံးနဲ့ ဇိမ်ခံကားတစ်စီးဝယ်ကာ သူ့ကိုလည်း တောင်တန်းတွေ ဝန်းရံပြီး မြစ်ချောင်းတွေ ပတ်ပတ်လည်ရှိနေတဲ့ နေရာမှာ ခပ်ကြီးကြီး ဗီလာကြီးတစ်ခု ဆောက်ပေးဖို့ ကတိပေးလိုက်တယ်။

နောက်ဆုံး ရွမ်ကျန်းကျန်းတစ်ယောက် ရွှေသရဖူကြီး ဆွတ်ခူးရရှိသွားတဲ့ ညမှာ နောက်ဆုံးတော့ သူမဆီ ယုံကြည်စွာနဲ့ ရင်းနှီးမြှုပ်နှံပေးခဲ့တဲ့သူနဲ့ တွေ့ဆုံလိုက်ရတယ်။ ထိုအချိန် Systemက အေးဂျင့်က စိတ်အားထက်သန်စွာ တက်တက်ကြွကြွနဲ့ မိတ်ဆက်ပေးလာတယ်။

"ဒါက ယွီချန်း အိမ်ခြံမြေလုပ်ငန်းရဲ့ဥက္ကဌ မစ်စတာဖေပါ သူက အမြဲလိုလို မာစတာရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို အထင်ကြီးလေးစားခဲ့တာ"

ရွမ်ကျန်းကျန်းကတော့ တစ်ဖက်လူရဲ့ဖွဲ့စည်းတည်ဆောက်ပုံ ကောင်းကောင်းနဲ့ ကျက်သရေရှိ ကျော့ရှင်းသပ်ရပ်တဲ့ ပုံပန်းသွင်ပြင်ကို သေချာကြည့်ရင်း အလုပ်ရှုပ်နေတာကြောင့် တစ်ခဏလောက် ဘာမှ မတုံ့ပြန်လိုက်ဘူး။

နေပါဦး .. သူ့ရဲ့ဒီပေါပေါပဲပဲယောက်ျားက ဒီလောက် ချမ်းသာတဲ့သူဌေးကြီးလား?? ထိုသူက နှုတ်ခမ်းတွေ တွန့်ကွေးထားရင်း သူမရဲ့သေးသွယ်တဲ့ ခါးလေးကို သူ့ရဲ့သန်မာတဲ့လက်ဖျံတွေနဲ့ ရစ်ပတ်သိမ်းပွေ့လိုက်ပြီး ပြောလာတယ်။

"ကျန်းကျန်း တောင်တွေ မြစ်တွေ ပတ်ပတ်လည် ဝန်းရံထားတဲ့နေရာက ဗီလာက အပြီးသတ် ဆောက်ပြီးသွားပြီ ဒီညပဲ အဲဒီကိုပြောင်းချင်လား?"

..........

Eng word count - 363

အမျိုးသမီးလေးက နေ့တိုင်း ကံကောင်းနေတယ်။Where stories live. Discover now