chapter 49

291 53 0
                                    

Chapter 49
May 30, 2024
👻 Chapter 49

အရိုးနဲ့ဆောက်တဲ့ တံတား (4)

ဓါတ်လှေကားတံခါးက ပွင့်သွားပြီး ချူဟွိုက်က စာရွက်ကို ကြည့်နေရင်း အထဲဝင်သွားလိုက်သည်။ သူ့မျက်နှာက တဖြေးဖြေး နားမလည်သည့်ပုံစံ ဖြစ်လာရသည်။

စာရွက်ပေါ်တွင် စကားစုများ၏ ဆက်စပ်ချက်ကို မတွေ့ရပဲ ကြုံသလို တကွဲတပြားစီ ရေးထားသည့်ပုံစံသာ ထွက်နေသည်။

စကားစုတစ်ခုက " ဒမ်မိုကလိစ်ရဲ့ ဓါးသွား..." နောက်ထပ် စကားစုက "ငါ့ကို ချစ်တယ်လို့ ပြောပါ..." သူ့အထက်က "ပင်လယ်ရေမှော်..."

ဘာကြီးလဲ...ချူဟွိုက်က မျက်မှောင်ကြုပ်ပြီး အတွေးနယ်လွန်နေ၍ သွားနေသည့် နေရာကို မကြည့်မိပဲ တစ်ယောက်ယောက်ကို ဝင်တိုက်မိသွားသည်။

အံ့သြသွား၍ သူက စာရွက်ခေါက်လေးကို ပိတ်လိုက်ပြီး တောင်းပန်စကားဆိုရန် မော့ကြည့်လိုက်စဥ် ကျင်းထျန်းယိကို တွေ့လိုက်ရသည်။

ကျင်းထျန်းယိက သူ့ကို ထိန်းပေးလာပြီး ထွက်သွားရန်ပြင်လိုက်ချိန် ခေါင်းအနည်းငယ် ငုံ့လိုက်ရင်း အပြုံးလေးနှင့် နားနားကပ်ပြောလာသည်

" ကိုယ်လည်း သဘောကောင်းတဲ့ အစ်ကိုကြီးလို့ ခေါ်တာ ကြားချင်သေးတယ်..."

သူ့အသံက သြရှပြီး ညှို့ငင်နေသည်။

ချူဟွိုက်က သူ့ကိုယ်သူ ကြင်နာတတ်သည်ဟု သဘောထား၍ အလုပ်နှင့်တစ်ကွ ပူးပေါင်းပေးလာသည်။ သူ၏ ပါးမို့မို့လေးများက ရှက်သွေးဖြာသွားပြီး သူ့အသံကလည်း ခြင်သံလောက်သာ ထွက်လာသည်။

" ကျွန်မရဲ့ သဘောကောင်းတဲ့ အစ်ကိုကြီး...ရှင် သရဲမကို အိမ်ခေါ်မလာလို့ မရဘူးလား..."

ကျင်းထျန်းယိက ဓါတ်လှေကားစောင့်နေရင်း သူ့မျက်လုံးများ နက်မှောင်သွားသည်။ သူက ချူဟွိုက်ကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းလွှာများကို ဖျက်ဆီးပစ်ချင်သည့် ဆန္ဒတို့ကို ချိုးနှိမ်ထားရသည်။

ကျင်းထျန်းယိ " ညီမလေးကျောင်း...မင်းက ဒီအစ်ကိုရဲ့ ရင်ထဲမှာရှိတဲ့ တစ်ဦးတည်းသောသူပါ..."

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now