Chapter 108 (အစားအသောက်ပြိုင်ပွဲ)

739 34 3
                                        

"အနုပညာရှင်များရဲ့ စိန်ခေါ်ခြင်း" ဆိုတဲ့ ရှိုးတွင် အစီစဉ်တင်ဆက်သူ ပါမည်မဟုတ်ပဲ စိန်ခေါ်ခြင်း ကဒ်များနဲ့ အနုပညာရှင်များသာ ရှိနေမည်ဖြစ်သည်။

ဒါ့ကြောင့် ရိုက်ကူးရေးစတာနဲ့ လျန်ချီးက စကားစလိုက်ရတော့သည် "လူတိုင်းရဲ့ တွဲဖက်ဧည့်သည်က ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းတာကနေ စလိုက်ရအောင်လေ"

Veiled Queen ဘယ်သူ့ကို ဖိတ်ခဲ့တယ်ဆိုတာကို လျန်ချီးသိနေပြီးသားဆိုပေမဲ့ သူက ပရိသတ်တွေကို မဝေခွဲနိုင်အောင် လုပ်ရမည်ဖြစ်သည်။

Veiled Queen နဲ့ ပိုင်ရုန်တို့က လက်တွေ့မှာ အဆင်မပြေကြပေမဲ့ သူတို့ကလည်း ပူပေါင်းကာ စကားပြောလာကြသည်။

သီချင်းတွေရဲ့ ဘုရင်မ ၊ ပေရှီး နဲ့ ရုပ်ရှင်ကြယ်ပွင့် ကုန်ဟောင့်တို့က တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။

ပိုင်ရုန်က ဖန်းမိုအာနဲ့ ကုမ္ပဏီတစ်ခုတည်းက အနုပညာရှင်တွေကို တွေ့လိုက်ရတော့ သူမချက်ချင်းပဲ သီးသန့်ကြီးဖြစ်သွားကာ အကူအညီမဲ့သလို ခံစားမိလိုက်ရသည်။

သူမဖိတ်ထားတဲ့ တွဲဖက်ဧည့်သည်က ဖန်းမိုအာကို အံ့အားသင့်သွားစေမှာတော့ ကံကောင်းသွားသည်။

သူတို့နှစ်ယောက် ချစ်ပြနေတာကို ဖန်းမိုအာမြင်ရင် သူမဒီရှိုးကို လာရတာ နောင်တရနေလောက်တယ်မလား?

"ပိုင်ရုန် မင်းရဲ့ ဧည့်သည်ကတော့ဘယ်လိုလဲ? အနုပညာနယ်ပယ်ထဲက မင်းရဲ့ အမျိုးသမီး စီနီယာတစ်ယောက်လို့ ငါထင်နေတယ်။ ဟုတ်တယ်မလား?"

ပရိုဂရမ်ရဲ့ လိုအပ်ချက်ကတော့ အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို ဖိတ်ကြားဖို့ ဖြစ်သည်။

ပိုင်ရုန်က ဒီနယ်ပယ်ထဲက တစ်ယောက်ယောက်ကို ဖိတ်သင့်သည်။

ဖန်းမိုအာက ထိုကိစ္စအကြောင်းကို ဆွေးနွေးဖို့စိတ်ထဲရှိမနေပဲ "ထင်တာပဲ"

ဧည့်သည်က အမျိုးသားမဖြစ်သင့်ပေ။ ပိုင်ရုန်က အခုတလောမှ စေ့စပ်ထားတာဖြစ်တာကြောင့် အမျိုးသားဧည့်သည်တစ်ယောက်ကို ဖိတ်လို့မသင့်တော်ပေ။

မူချန်ကလည်း ခွင့်ပြုမှာမဟုတ်ပေ။

တွေးကြည့်လိုက်တော့ ဖန်းမိုအာက အနည်းငယ်ပျင်းလာတော့သည်။ ဘာများစဉ်းစားနေစရာလိုလို့လဲ?

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now