Chapter 112 --အသံပြောင်းသွားပြီ

603 29 0
                                        

မူချန်ကလည်း Veiled Queen ရဲ့ အသံနဲ့ဆင်တဲ့ အမျိုးသမီးအသံကို ကြားလိုက်ရတာကြောင့် သူက ဈေးဝယ်စင်တာထဲကို ချက်ချင်းပဲ ပြန်လှည့်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလိုပဲ သူ့အနောက်ကနေ အသံတစ်ခုထွက်လာကာ တားလိုက်သည် "မူချန်"

မူချန်က ကြည့်လိုက်ပြီး ချက်ချင်းပဲ ပြုံးလိုက်ကာ "အကို မင်းဘာလို့ ဒီရောက်နေတာလဲ?"

မူရွဲ့က မတ်တပ်ရပ်ဖို့အတွက် ရုန်းကန်နေရတဲ့ Veiled Queen ကို ကြည့်ကာ ပြုံးလိုက်သည် "ငါကဒီကို မောလ်ရဲ့ ရောင်းအားကို လာစစ်ဆေးတာလေ။ မင်းကကော ဒီမှာဘာလို့ရှိနေတာလဲ?"

"ကျွန်တော်က ရသရှိုးတစ်ခု ရိုက်နေတာလေ"

သူတို့နှစ်ယောက်စကားပြောနေတုန်းမှာ ဖန်းမိုအာက မတ်တပ်ရပ်လိုက်ပြီး အမြန်ပဲ ကွန်တိန်တာရဲ့ အနောက်ဘက်ကို သွားလိုက်ကာ သူမရဲ့ တည်နေရာကို ပြောင်းလိုက်တော့သည်။

အခုအခြေအနေကတော့ ပြီးခါနီးပြီဖြစ်သည်။

မူချန်ခေါင်းလှည့်လိုက်တာနဲ့ သူမမြေကြီးပေါ်မှာလဲနေတာကို နဲနဲလောက်တော့ မြင်သွားသည်။

အဲ့ဟာက မူချန်ကို တစ်ခုခုအတွေးဝင်သွားအောင် လုပ်ပေးလိုက်လားတော့ မသိပေ။

အရမ်းကို နီးကပ်လွန်းသွားတယ်။

ခဏကြာတော့ မူချန်က မောလ်ကိုပြန်သွားလိုက်ပေမဲ့ Veiled Queen ကိုတော့သူရှာမတွေ့ပေ။

အချိန်မှာလည်း ဆယ်မိနစ်သာကျန်တော့သည်။

သူကတော့ ဒယ်ပူပေါ်က ပုရွက်ဆိတ်တစ်ကောင်လို စိတ်ရှုပ်နေတော့သည်။ သူကချက်ချင်းပဲ မောလ်ထဲက ထွက်လိုက်ပြီး နေရာကျယ်ကြီးကို အမြန်ကြည့်လိုက်သည်။

"အဘိုး အဆင်ပြေရဲ့လား? ခုနက မြေကြီးပေါ်မှာ လဲသွားတာတွေ့လိုက်လို့လေ။ ဆေးရုံကို လိုက်ပို့ပေးမယ်လေ"

ဖန်းမိုအာက သူမကိုမမှတ်မိတာကြောင့် ကျေနပ်နေတုန်းမှာပဲ နွေးထွေးကာ ကျေနပ်နေတဲ့ အသံက သူမနောက်ကနေထွက်လာသည်။

သူမအလန့်တကြားဖြစ်သွားပေမဲ့ သူမမျက်နှာထားကို စိတ်လျှော့ထားလိုက်ပြီး အသံလားရာကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now