သူ့အကြောင်းလား....
မမေးချင်စမ်းပါနဲ့
သူက ဟိုး...ကောင်းကင်ကြီးမှာမလို့
🍁🍁🍁 ( ပုံက wonyoung ပါမသိသူများ အတွက်သာ )
Leeseo ညစာစားပြီး စာလုပ်ဖို့ ကြံပေမယ့် လက်တွေတုန်နေတာကြောင့် ခုတင်ပေါ်ပလက်လန်ကာ အိပ်ဖို့ပြင်တော့ ခုနကအဖြစ်က ခေါင်းထဲ၀င်လာသည်။ banana milk အရသာ ..... နမ်းလိုက်တော့ ပြူးကြောင်ကြောင်လေး ဖြစ်သွားတဲ့ သူ့ပုံစံက ချစ်ဖို့ကောင်းပေမဲ့လည်း ရယ်ချင်စရာလဲ ကောင်းသည် ။ ပါးမချလိုက်တာတော့ ကျေးဇူးတင်ပါသည်။ အယ် ဒီနေ့က v day မလား ။ ဒိုင်ယာရီ ထဲ ထည့်ရေးစရာမလိုအောင်ကို မှတ်မိနေတော့မှာပဲ ။ သူပြုံးရင် ဘယ်လိုလေးနေမလဲမသိဘူး ခုချိန်ထိတော့ စူပုတ်ပုတ်နှုတ်ခမ်းလေးနဲ့ ခပ်တည်တည် ရုပ်လေးကိုပဲ မြင်ဖူးသေးသည်။ တွေ့ဖူးတာ ၁ရက်မပြည့်သေးတဲ့သူကို လီဆိုး ချစ်ဖူးသွားတယ်ဆိုတာ မလွန်လောက်ပါဘူးနော်။ ရှင်တို့ ကျမပြောတာ လက်မခံရင်တောင် frozen ထဲက Anna လက်ခံလိမ့်မယ် ။ သူဆို Hans ကို နာရီပိုင်းနဲ့ လက်ထပ်ချင်သွားတာမလား။
Gaeul အိမ်ပြန်ရောက်တော့ ညစာစားရင်း အဖေ့ရဲ့ ဩ၀ါဒ တွေလည်း ခေါင်းသာ ငြိမ့်ပြမိတယ် ဦးနှောက်ထဲတော့ဘာမှ မရောက်လိုက် ။ အခန်းထဲရောက်တော့လည်း ကုတင်ပေါ်ထိုင်ရင်း အတိတ်ကို ပြန်တွေးမိသွားတယ်။ လူဆိုးမလေးတစ်ယောက်အကြောင်းကိုပေါ့။ * Beep..... Beep... * ဂါအူးလ် ဖုန်းကို ယူကြည့်လိုက်တော့ ဟော....အသက်ရှည်အုံးမည်။ Gaeul ပြုံးမိသွားသည်။
Gaeul - " ပြောပါ young "
Wonyoung - "မ ..အသံကိုကြားလိုက်ရတော့ အမောကိုပြေသွားတာပဲ ခုဘာလုပ်နေလဲ မ" ဂါအူးလ် ပြတင်းပေါက်နား သွားရပ်လိုက်ရင်း
Gaeul - " ဒီလိုပါပဲ ယောင်း" ယောင်းရဲ့ ရယ်သံ လွင်လွင်ကို ကြားရသည်။
Wonyoung - " ယောင်း အကြောင်းစဥ်းစားနေတာများလား " အကြားအမြင်ရနေတာလား ဒီကလေး
Gaeul - " young ကော အိပ်တော့မှာလား " ဆိုတော့ ထပ်ပြီးရယ်နေပြန်သည်။
Wonyoung - " မကလည်း ဒီမှာ နေ့လည်ကြီးလေ ဘယ်လိုအိပ်ရမှာ " ဟုတ်သား California က ခုလောက်ဆိုနေ့လည်ကြီးကို
Gaeul - " ဆောရီးကွာ မ စိတ်ရူပ်နေတော့ မတွေးမိလိုက်ဘူး" ဆိုတော့ အသံခပ်စွာစွာက ထွက်လာသည်။
Wonyoung - " ပြောစမ်းပါအုံး မ စိတ်ရှုပ်အောင် ဘယ်သူလုပ်လဲ ယောင်းဆုံးမပေးမယ် "
Gaeul - " ယောင်း ခုချိန်ထိ ဆိုးနေတုန်းပဲလား"
Wony - " umm.... ထိန်းမဲ့သူ မရှိတော့ ဆိုးနေတုန်းလို့ပဲ ပြောရမလား "
Gaeul - " ဒါနဲ့ ယောင်း....ညီမ Liz ရောအနားမှာရှိလား "
Wony - " မရှိဘူး မ သူကအထက်တန်းကျောင်းတကျောင်းမှာ ဂီတ ဆရာမ၀င်လုပ်နေတယ်လေ" ညီမ Liz သီချင်းဆိုရင် အသံချိုချိုလေးနဲ့ နားထောင်လို့ ကောင်းတာတော့ ဂါအူးလ်သိပါသည်။
Gaeul - " ဒါဖြင့် ယောင်းကပဲ ၁၀၉/၁၁၀ လေးပေါ့ "
Wony - " ယောင်းက ၁၀၉/ ၁၁၀ လေးဆိုပေမဲ့လည်း 24/365 လုံး မ အကြောင်းပဲ စဥ်းစားနေတာပါ " ဒီကလေးစကားတွေ အတော်တတ်လာသည်။ ကယ်လီဖိုးနီယားသူ ပီသပါပေ့ ။
Gaeul - " ဒီလို စကားတွေနဲ့ ဘယ်နှယောက်ကို ချွေခဲ့ ပြီးပီလဲ "
Wony - " ယောင်းတော့ ဘုရားသခင်မှာ မ တစ်ယောက်တည်းကိုပါလို့ တိုင်တည် ပြောရရင်ဖြင့် မ တော့ယုံမယ်မထင်ပါဘူး " မ ရဲ့ ဟုတ်ပါပြီကွာဆိုပြီး တခစ်ခစ် ရယ်သံကို ကြားရသည်။ မ စိတ်ကြည်အောင် လုပ်လိုက်နိုင်လို့ ယောင်း ကျေနပ်ပါသည်။
Gaeul - " ဒါနဲ့ ယောင်း..... ယောင်းအဖေရဲ့ လုပ်ငန်းတွေစိတ်မ၀င်စားသေးဘူးလား "
Wony - " မကလည်း.... အလုပ်အကြောင်းတွေချည်းပဲ ပြောနေတော့တာကွာ"
Gaeul - " မဟုတ်ဘူးလေ ယောင်းက ခုဆို ၁၉ နောက်ဆို ၂၀ ဖြစ်တော့မယ် တခုခုတော့ စသင့်နေပြီလေ"
Wony - " မ ပြောတာလည်း ဟုတ်ပါတယ် ဒါမဲ့ယောင်းက ဒယ်ဒီ့လုပ်ငန်းတွေက လွဲရင်အကုန်စိတ်၀င်စားတယ် ...... ဆိုတော့ကာ ယောင်းအခု ဥပဒေတက္ကသိုလ် တက်နေတယ် "
Gaeul - " ဥပဒေတက္ကသိုလ်.... ဟုတ်လား ယောင်း "
Wony -" ဟုတ် ရှေ့နေလုပ်ချင်လို့လေ " Gaeul မျက်လုံးထဲ ၀န်းယောင်းရဲ့ ရှေ့နေ၀တ်စုံကြီး ၀တ်ပြီး လူဆိုးတွေကို ဆော်ပလော်တီးနေမှာမြင်လာသည်။ ယောင်းက စကားထက် လက်ကအရင် ဆိုတော့လေ။ ဒီအဆိုးလေး lawyer ဖြစ်ချင်မယ်တော့ မထင်ထားပါ။
Wony - " မ အလုပ်မှာ ပင်ပန်းခဲ့ရောပေါ့ ယောင်းအကြောင်းတွေမစဥ်းစားပဲ အိပ်တော့နော် " ဆိုကာ ဖုန်းချသွားသည်။ ကလေးစုတ်လေး.....ရှေ့နေလောင်းကမျက်နှာပြောင်သွားတာ။
မ ကအရင်လိုပဲ Wonyoung ရဲ့ရင်ထဲကစကားတွေကို လျစ်လျုရှုတုန်းပဲ။ မ ပြန်ချစ်လာမဲ့ တစ်နေ့ကို မ အနားမှာ နေပြီးစောင့်နေချင်မိတယ်။ မ ရဲ့နှလုံးသားကို တယောက်ယောက်က Wonyoung ထက်အရင် အပိုင်သိမ်းသွားရင်ကောဘယ်လိုလုပ်မလဲ ။ မဖြစ်ပါဘူး ကိုရီးယားကို Liz နဲ့အတူ လိုက်မ ဖြစ်မယ်။ Liz ကို ကိုရီးယားက ကျောင်းတစ်ကျောင်းက ငှားထားသောကြောင့်ပင်။ Liz က အတော်ဆုံး ဂီတ ဆရာစာရင်း၀င်သူဖြစ်သည်။ ၀န်းယောင်းလည်း စာမေးပွဲဖြေရတော့မှာ ဆိုတော့ ဖြေပြီးမှပဲ သူနဲ့အတူ လိုက်သွားတော့မယ်။
ယောင်းနဲ့ ဖုန်းပြောပြီးတော့ ဂါအူလ်း အိပ်မပျော်ပင်မဲ့ ရအောင်အိပ်ပစ်လိုက်သည်။
............
Leeseo - " Sunbae ကျမခါးကို သေချာ ဖက်ထားနော်...တော်ကြာစက်ဘီးပေါ်က ပြုတ်ကျသွားမှ ကျမကို ဆရာလုပ်လို့ မရပဲနေမယ်" ဂါအူးလ် သူ့ခါးကိုဖက်လိုက်ရင်း သူ့ကို မျက်စောင်းထိုးပစ်လိုက်သည်။ ပြုတ်ကျမှာတော့ ဂါအူးလ်ကြောက်ပါသည်။
Gaeul - " မင်းက ဖြေးဖြေးနင်းပေါ့" လီဆိုး ဂါအူးလ်ရဲ့ စွာတာတာအသံကို ပြုံးလိုက်မိတုန်း လီဆိုးတို့ရဲ့ တည့်တည့်ကို ကားတစ်စီးက အရှိန်နဲ့ ၀င်တိုက်သည်။ ဂါအူလ််းလည်း ဘာဖြစ်သွားမှန်းမသိလိုက်ပေမဲ့ ကျောက်လမ်းမနဲ့ ကျောပြင်ရိုက်မိတာတော့ သိလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်တော့ လီဆိုးဟာ လမ်းမပေါ်မှာ ပက်လက်လန်ကာ လဲကျနေသည် ခေါင်းမှ သွေးများက ကျောက်လမ်းမမှတဆင့် ဂါအူလ်းစီကို စီးကျလာနေသည်။ ဂါအူလ်းသူ့ရှိ သွားနေပေမဲ့ ခြေထောက်များက လှုပ်မရတာကြောင့် မှောက်ရက် တရွတ်တိုက်ကာ သွားနေရသည်။ ဂါအူလ်း လီဆိုးနား ရောက်ခါနီးမှာပဲ ခုနက ကားပေါ်ကနေ မိန်းကလေးတယောက်ဆင်းလာသည်။ မော့ကြည့်လိုက်တော့.....
Gaeul - " ၀န်းယောင်း....." ချွေးများပြန်ကာ လန့်နိုးလာရသည်။ နာရီကြည့်လိုက်တော့ ၃နာရီ ။ ဂါအူလ်း ဒီမဟုတ်မက အိပ်မက်တွေကြောင့် ရေတခွက်သောက်ကာ ဆက်မအိပ်တော့ပဲ ရေချိုးပစ်လိုက်ရသည်။
Time skip >>>>>>>>>>
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin