ကိုယ့်ရဲ့အချစ်တွေကို...
မမြင်နိုင်ခဲ့တဲ့
မင်းဟာ....တကယ်ပဲ
တုံးအ ခဲ့လေသလား.....🍁🍁🍁
ဂါအူးလ် ဒီနေ့နေမကောင်းပါ။ ခေါင်းတွေလည်း မူးပြီး လှုပ်ရှားရင် သိပ်ပင်ပန်းတာကြောင့် နေ့လည်စာတောင် မချက်နိုင်ပဲ ညီမliz က လာပို့ပေးနေသည်။
ဂါအူးလ် - " ရပါတယ်...ညီမရဲ့ "
ထုတ်ပိုးလာတဲ့ နေ့လည်စာတွေကို ပန်းကန်ထဲပါထည့်ပေးပြီး ဇွန်း ရော ရေခွက်လေးရောနဲ့ အဆင်သင့်လုပ်ပေးနေတာကြောင့် အားနာလာရသည်။
Liz - " မမ ရလည်း....ညီမ မရပါဘူး..." ပြောရင်းနဲ့ ဂါအူးလ်ကိုပါ ထိုင်စေပြီး အတင်းစားခိုင်းနေသည်။ ဒီကောင်မလေးကတော့....
ဂါအူးလ် - " ဒါနဲ့...ညီမကိုခုရက်ပိုင်း...အိမ်မှာပဲတွေ့တယ်နော်..." ဆိုတော့ ပြုံးရင်း ကော်ဖီခွက်လေးကိုင်ကာ မျက်နှာချင်းဆိုင်ခုံလေးမှာ ဝင်ထိုင်ရင်း
Liz - " အွန်း.....ခုရက်ပိုင်းတော့...liz အားနေသေးတယ်....ဒါမဲ့ နောက်လေးရက်လောက်နေရင်တော့.....ကားနဲ့သွားပြီး ဖျော်ဖြေရမဲ့ဂေဟာလေးရှိသေးတယ်...." ဂါအူးလ် ဝါးရင်းနဲ့ ခေါင်းညိတ်ပြလိုက်မိသည် ။ သူက ကော်ဖီလေးကို အကုန်မော့လိုက်ကာ ထရပ်ပြီး
Liz - " မမရေ....ညီမ ပြန်အုံးမယ်...ဆေးရောသောက်အုံးနော်...အိမ်မှာ အန်တီလည်း နေမကောင်းလို့လေ....ပြီးတော့ မမအတွက်ပဲ ချက်လာတာ...အန်တီ့အတွက်ဘာမှ...မချက်ခဲ့တာသတိရလို့လေ "
သူပြောတဲ့ အန်တီဆိုတာ အန်ကယ့်ရဲ့မိန်မပါ။ အမေဟု မခေါ်ခိုင်းတာကြောင့် အန်တီလို့ခေါ်ကြတာလို့တော့ liz ပြောပြဖူးသည်။
ဂါအူးလ် - " အွန်း...စိတ်ချ အမသောက်လိုက်မယ် " ဆိုတော့ ပြုံးပြကာ လှည့်ထွက်သွားပြီး အပေါက်ဝရောက်မှ ပြန်လှည့်ကာ
Liz - " အော်....မမရေ...ဆေးသောက်ခိုင်းတာ...banana milk မဟုတ်ဘူးနော်...." သူ့စကားကြောင့် ရယ်မိကာ
ဂါအူးလ် - " သိပါတယ်...မင်းကလည်း..."
>>>>>>>>>>>>>>>
* ဒေါက် * ဒေါက် * ဒေါက်
ဂါအူးလ် စာဖတ်နေရာမှ ထကာ တံခါးဖွင့်လိုက်တော့....
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin