Chapter 52
June 01, 2024
👻Chapter 52လက်မှတ်ဝယ်ယူခြင်း (2)
နှစ်ရက်ခန့် ကြာပြီးနောက် ည၈နာရီအချိန်တွင် လူတစ်စုက ဘတ်စ်ကားစီးပြီး ၂၈၈rmbဆုနှင့်အတူ ကြောက်မက်ဖွယ်ရာ ကစားကွင်းသို့ သွားခဲ့ကြလေသည်။
ဘတ်စ်ကားထဲတွင် ချူဟွိက်က သူ့ရှေ့တွင် ရယ်ရယ်မောမော စကားပြောနေကြသည့် လော့ဇီယန်နှင့် ယဲ့ယွမ်တို့ကို တွေးတွေးဆဆကြည့်လိုက်ရင်း ကျင်းထျန်းယိနားကပ်ပြီး တိုးတိုးပြောလာသည်
" သရဲက လူတွေကို သိပေမယ့် လူက သရဲကို မသိတာက ဘယ်လိုအခြေအနေမျိုးကြောင့်လဲ...."
ထိုမေးခွန်းက ဤနှစ်ရက်အတွင်း သူ့စိတ်ထဲ ရောက်ရောက်နေသည့် အရာပင်။ အတိတ်တုန်းက ယဲ့ယွမ်က လော့ဇီယန်ကို သိခဲ့မှန်း သိသာသော်လည်း လော့ဇီယန်အတွက်က ယဲ့ယွမ်နှင့်ဆုံဖူးသည့် ပထမဆုံးအကြိမ် ဖြစ်နေသည်။
ကျင်းထျန်းယိက တုံ့ခနဲဖြစ်သွားသော်လည်း ချူဟွိုက်၏ အကြည့်စူးစူးကြောင့် မျက်နှာအမူအရာတစ်ခုမှ ပြမလာချေ။
ကျင်းထျန်းယိက ချူဟွိုက် အရမ်းစိတ်ဝင်စားနေမည်ဟု မထင်ထားခဲ့၍ အမှန်တစ်ဝက်နှောပြီး ပြောလာသည်
" သူတို့က အရင်တုန်းက ချစ်သူတွေ ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်....နောက်တော့ ယဲ့ယွမ်က မတော်တဆ သေသွားရတယ်...လော့ကလည်း ဒဏ်ရာရသွားလို့ ယဲ့ယွမ်ကို မေ့သွားတာ ဖြစ်နိုင်တယ်..."
ချူဟွိုက်က ပြုံးပြလာသည် " အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
ယဲ့ယွမ်၏ နားရွက်ရှေ့ပိုင်းများက တွန့်လိမ်နေပြီး သူ့မျက်လုံးတွင် ဝမ်းနည်းမှုတို့ ဖြတ်ဝင်နေသည်။ ကျင်းထျန်းယိ ပြောသည့်အတိုင်း မှန်နေပါက လော့ဇီယန်တွင် မှတ်ဥာဏ်ပြန်ရရန် အနည်းဆုံး နည်းလမ်းတစ်ခုတော့ ရှိနိုင်ဦးမည်။ သို့သော်လည်း ထိုအရာက လုံးဝမဖြစ်နိုင်ချေ။
“ဟေ့...." လော့ဇီယန်က ယဲ့ယွမ်ပုခုံးကို ကိုင်လိုက်ရင်း နားမလည်ဟန် မေးလာသည် " မင်းဘာလို့ မှိုင်နေရတာလဲ....ငါ့ရဲ့ ညစ်ညစ်ပတ်ပတ် ဟာသက မရယ်ရဘူးလား...."
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
HorrorTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...