ခါတိုင်းနေ့ ရုံးကို
ကိုးနာရီထိုးတာနဲ့ ရောက်လာတတ်တဲ့
သူတို့ရဲ့ဥက္ကဌက အခုဆို
နာရီဝက်နောက်ကျနေပြီး
ရောက်မလာသေးတာကြောင့် ဝန်ထမ်းတွေမှာ ဆက်စောင့်ရနိုးနိုးမစောင့်ရနိုးနိုးဖြစ်နေသည်။မစောင့်ရင်လည်း ဥက္ကဌစကားကို
ဖီဆန်ရာကျမှာဖြစ်ပြီး
တစ်ရုံးလုံးဆူခံထိမှာပင် ။"ဥက္ကဌက လာပါ့မလား "
"မလာစရာလား ? ဒီနေ့ ဒုဥက္ကဌခန့်မှာမို့
ဝန်ထမ်းအားလုံးကို တန်းစီပြီးစောင့်နေဖို့
မှာထားတာမလား ""ဒါပေမယ့် အခုကနာရီဝက်တောင်ကျော်
နေပြီလေ ""ကျော်တော့ဘာဖြစ်လဲ ကျော်လည်းစောင့်ရမှာပဲ ဟိုမှာ နင့်ထက်ရာထူးကြီးပြီးအသက်ကြီးတဲ့
ဒါရိုက်တာတွေတောင်စောင့်နေကြတယ်
မတွေ့ဘူးလား "ထိုစဥ် ဆွန်းယောင်းတို့ကားက ကုမ္ပဏီရှေ့
တည့်တည့်မှာရောက်လာတာမို့
အားလုံးက တစ်ပြိုင်တည်းနှုတ်ဆက်လိုက်ကြသည်။"မင်္ဂလာပါ ဥက္ကဌကြီး "
"အင်း
ဒီနေ့ အားလုံးကိုခေါ်လိုက်တာက
လူတစ်ယောက်နဲ့မိတ်ဆက်ပေးချင်လို့ပါ
သူကတော့ တခြားမဟုတ်ပါဘူး
ကျွန်တော့်ရဲ့ အမျိုးသား ဂျောင်ဝန်ဝူးကို
ပါပဲ ။ ပြီးတော့ ကျွန်တော့်အမျိုးသားက
ဒီကုမ္ပဏီမှာလစ်လပ်နေတဲ့ ဒုဥက္ကဌတာဝန်ကို
ထမ်းဆောင်သွားမှာပါ ။
အရည်အချင်းကတော့
ကျွန်တော်ကိုယ်တိုင်ရွေးချယ်ထားတဲ့လူမို့
အားလုံးပဲယုံကြည်လို့ရပါတယ် ။
အားလုံးပဲ ကျွန်တော့်ကို ယုံကြည်ကြတယ်
မဟုတ်လား ""ဟုတ်ကဲ့ ဥက္ကဌကြီးကို ယုံကြည်ပါတယ် "
"ဒါဆို ဒုဥက္ကဌမိတ်ဆက်ပွဲပြီးသွားပြီမို့
အားလုံးကိုယ်လုပ်စရာရှိတာကို
လုပ်လို့ရပါပြီ "********************
"ဒါကတော့ မင်းရဲ့ရုံးခန်းပဲ
သူကတော့ ဘူဆွန်းဂွမ် မင်းရဲ့အတွင်းရေးမှူး
လိုတာရှိရင် အကုန်လုံးခိုင်းလို့ရတယ် "အတွင်းရေးမှူးဆိုတဲ့လူကို ဝန်ဝူးကြည့်လိုက်တော့ သူ့ထက်အများကြီးငယ်မယ့်ပုံပင်။
YOU ARE READING
အမုန်းရဲ့နောက်ကွယ်
Fanfictionမင်းမုန်းတယ်တစ်ခွန်းပြောတိုင်း ချစ်တယ်လို့သတ်မှတ်လိုက်မယ်။ တကယ်တော့ စကားလုံးတွေကအရေးမကြီးဘူးလေ။အပြုအမူကပိုအရေးကြီးတာပေါ့။ ချစ်တယ်ဂျောင်ဝန်ဝူး~ ငါကတော့ မင်းကိုမုန်းတယ် ဂွမ်ဆွန်းယောင်း ~