အကယ်လို့သာ ကျွန်တော် သူ့ကိုပိုင်ဆိုင်ခွင့်ရခဲ့ရင်(intro)
“အကယ်လို့ကျတော် သူ့ကိုပိုင်ဆိုင်ခွင့်သာရခဲ့ရင် အခုလို ချစ်ခြင်းတရားကို နက်နက်ရှိုင်းရှိုင်းမြင်နိုင်မယ်မထင်ပါဘူးဗျာ”သူ့ကိုပိုင်ဆိုင်ချင်ပေမဲ့ ပိုင်ဆိုင်ခွင့်မရခဲ့လည်းသူ့ကို ဆက်ချစ်နေမှာပါ
သူတစ်ပါးရဲ့ အပိုင်ဖြစ်သွားတဲ့သူကို ကျတော်မုန်းမေ့မရနိုင်ဘူး
ကျတော်ကျေနပ်ခဲ့ပါတယ် ငါရဲ့အချစ်ဆုံးက မင်းပါ ဆိုတဲ့ စကားလုံးကိုပေါ့
ဟင့် မေ့မရခဲ့ပါဘူး ဝိုင်းစက်နေတဲ့ ငွေရောင်လမင်းကြီးသာတဲ့ညက သူကျနော့ကို ချစ်နေကြောင်းဝန်ခံခဲ့တဲ့ အဖြူရောင် အပန်းရောင်းရေားယှက်နေတဲ့ စက္ကူပန်းပင်ရဲ့အောက်မှာပေါ့
ကျတော်ရှုးခဲ့ရတဲ့ စကားလုံးလေးရှိတယ် အ့တာ သူအမြဲပြောနေကျစကား ကိုယ်ချစ်တဲ့မင်းကို ဘယ်လိုအခက်ခက်မျိုးတွေကြုံတွေ့ပါစေ ကိုယ့်ဘေးမှာပဲထားမယ် တဲ့ ဟင့် အခုတော့ ...............
အပိုင်း ၁
ကျွန်တော့ဘဝအကြောင်းပြောပြရင် အသဲမာတယ်ပဲ ဘယ်လောက်ခင်များတို့ ပြောနေပါစေ မျက်ရည်ကျမိမှာ တော့ သေချာတယ်။ ဟင့်.....
ဘဝဆိုတာ တိုက်ပွဲပဲလို့ လူတိုင်းပြောကြသလို စာအုပ်တွေမှာလည်းကျတော်အမြဲတွေ့လေ့ရှိတယ်။ အ့ဒီစကားကို ကျွန်တော်ရည်ချင်တာပေါ့ဗျာ...တိုက်ပွဲဆိုတာကလေ ကိုယ့်ဘက်က လုံ့လ ဝီရိယ တွေ ခွန်အားတွေ နှင့် တိုက်ရင် နိုင်ကောင်းနိုင်ပေမဲ့ ကျတော်အတွက်တော့ အမြဲရှုံးနိမ့်မှုတွေကသာ ဆုလာဘ် ဖြစ်နေတယ်။
ရှုံးနိမ့်ရင် နောက်တစ်ကြိမ်ပြန်ထပါလို့ ခင်များတို့ပြောချင်ပြောလိမ့်မယ် ဒါပေမဲ့ ကျတော် ပြန်မထနိုင် အောင်ပဲ ရှုံးနိမ့်ခဲ့တာပေါ့။ ကို...........ကို ဆိုတဲ့ အသုံးအနုန်းက ကျွန်တော့ပါးစပ်ထဲမှာ အခုထိ ဆွဲကျံနေဆဲပဲ။ ကို ...ကို ....ကို ..တဲ့ ခေါ်လို့တော့ကောင်းသားပဲ တော်။အဲ့ဒီ စကားလုံးကို အခုတော့ခေါ်ခွင့်မရှိတော့ပါဘူး။အေးလေ သူများ အပိုင်ဖြစ်သွားတဲ့သူ့ကို ဘယ်လိုခေါ်လို့ ရတော့မလဲပေါ့နေား။ဒါပေမဲ့သူကျနော့ကို ပြောတယ် “အ့နာမ်စစား က ညီပဲ ကို့ကို ခေါ်ခွင့်ရှိတာပါ”တဲ့ အခုချိန်အထိ သူပြောနေတုန်းပဲ။သူအရမ်းလည်တယ်တော် ကျတော် စီကနေ ချစ်ခြင်းမေတ္တာတွေကို အခုချိန်အထိသူ လိုချင်နေတုန်းပဲ။
လေရှုး လေးတွေတိုက်တဲ့ နွေဉီးနဲ့တူ ပြတင်းပေါက် နားကို မှီပြီး တွေးကားနေတဲ့ ညှို့မောင်မောင် တစ်ယောက် အရှုးတစ်ယောက်လို တစ်ယောက်ထည်း ရည်လိုက်မေားလိုက် ငိုလိုက်နဲ့ ပြောကာနေသည်။ နွေဉီးဖြစ်တာကြောင့် ရွက်ဟောင်းများက လေးရှုးလေပွေးများနှင့် အတူ ဝှေ့ကာဝိုက်ကာ မြေပြင်ပေါ်ကို ကြွေကျနေလေသည်။
“ညီ”
ကျွန်တော် အတွေးလွန်နေတဲ့အချိန် အေးစက်တည်ညိမ်စွာနဲ့ ခေါ်လိုက်တဲ့ အသံကို ကြာရလိုက်တယ်။ ဟင့် သိပ်သေချာတာပေါ့ဗျာ ကျွန်တော်ကို့ သူ့အမြဲအ့လိုခေါ်နေကြလေ။သူပေါ့ ကိုကိုသက်လေ သူပဲ ကျွန်တော်ကို အ့လိုခေါ်တာ။သေချာတာပေါ့ သူစိတ်ညစ်နေတယ်ဆိုတာ။သူစိတ်ညစ်ချိန်ဆို ကျွန်တော့ကို အ့လိုအသံစွဲစွဲလေးနဲ့ ခေါ်နေကြလေ။
“ပြောပါးအုံး ဉီးကိုကိုသက်” ကျွန်တော် မထိတထိလေးမေးလိုက်တယ်။
“အား ဘယ်လိုတောင်ခေါ်လိုက်တာလဲ ညီရာ ကို့ကို “
ဟင့် သူကပဲပြောရတယ်ရှိသေးတယ် “ဒီမှာ ကျွန်တော်ကပဲပြောရမှာပါ ကျွန့်တော့်ကို အခုလိုခေါ်တာတွေရပ်လိုက်ပါတော့လား ပီးတော့ အခုဒီကို လာတာဘာစိတ်ညစ် စရာတွေများကြုံလို့လဲ”
“ညီ သိနေတယ်ပေါ့”
သိတာပေါ့ သိပ်ကိုသိတာပေါ့ ဒီထက်ပိုပြီးတော့နက်နက်ရှိုင်းရှိုင်းတောင် သိသေးတယ်။ မသိတဲ့သူက ခင်များလေ ကိုရဲ့
“ခင်များရဲ့ မျက်နှာက ခင်များပါစပ်က ပြောစရာမလိုလောက်အောင်ကိုပဲ ဖော်ပြနေမှ တော့မသိဘဲ ဘယ်ရှိမလဲ”
“ဟုတ်တယ် ကို အခုအရမ်းစိတ်ညစ်တယ် ညီရာ ကို့ကို အိမ်ထဲမခေါ်တော့ဘူးလား”
မခေါ်ချင်ဘူးကို မခေါ်ချင်ဘူး ဘာလို့လဲသိလား ကို့ကို ပြန်မလွတ်မိမှာစိုးလို့လေ
“ကျတော်မခေါ်ဘူးလို့ပြောလည်း ခင်များက ဝင်ခဲ့မှာပဲကို လာပါ ခနထိုင်အုံး ကျတော် ဝိုင်ယူခဲ့မယ်”
“ဝိုင် ဟုတ်လား” ကျတော်က ဝိုင်လို့ပြောလိုက်တဲ့အချိန် သူ မျက်ရည်ဝိုင်းကာ မေးလာတယ်
“ဟုတ်တယ်လေ မေ့သွားတာလား အင်းပေါ့လေမေ့ကောင်းမေ့မှာပေါ့ အပျော်လွန် လွန်းလို့လေ”
သူနဲ့ကျတော် ချစ်ကြိုက်ခါစ က အတူတူဖောက်ထားတဲ့ဝိုင်လေ အခုဆို ၅နှစ်တောင်ရှိပိဆိုတော့ တော်တော်လေး ကို အရသာရှိနေပြီးလေ
“ရော့ စိတ်ညစ်ပျောက်အောင်သောက်လိုက်ပါအုံး အဝေးကြီးကနေ ဘယ်လိုတောင်ရောက်လာတာလဲ”
သူ့ကို ဝိုင်ခွက်ပေးကား ကျတော်လည်းသူ့ရှေ့တည့်တည့်မှာထိုင်လိုက်ကာ ဝိုင်ခွက်ကို နှုပ်ခါးရဲရဲလေးနဲ့ မထိတထိလေး သောက်လိုက်တယ်။
“အရင်ကထက်ပိုလှနေတယ်တော် ညီ”
ကျတော်သူ့ကို မခေါ်ဖို့ အတန်တန်ပြောပေမဲ့လည်းသူကတော့ ညီဆိုတဲ့ နာမ်စားကို ခုချိန်ထိခေါ်နေတုန်းပဲ
“ဟုတ်လား အော် လွန်ခဲ့တဲ့၅နှစ်လောက်က တစ်ယောက်သောသူနဲ့အတူတူ ဖောက်ခဲ့တဲ့ဝိုင်တွေကို နေ့တိုင်းသောက်လို့ နေမယ်”
“ဟင့် ညီ “
“အင်း”
“ကို့ကို ချစ်သေးလားဟင်’’
ဘယ်လိုတောင်မေးရက်ရတာလဲဗျာ ချစ်တာပေါ့ရင်ထဲမှာနှစ်နေအောင်ကို ချစ်တာသိရဲ့နဲ့မေးရက်တယ်
“ခုမှဒီစကားတွေမေးတော့ရေားဘာတွေပြောင်းလဲသွားမှာမို့လည်း အရေးမပါတဲ့ စကားလုံးတွေကို မမေးပါနဲ့တော့ဗျာ”
“ကိုတောင်းပန်ပါတယ် ကိုတောင်းပန်ပါတယ်”
သူ ငိုပီးကျွန်တော့ကို တောင်းပန်နေတာပေါ့
“ဘာအတွက်လဲ ဉီးကိုသက် အခုချိန်မှာ ဒီလိုတွေ ခင်များမလုပ်သင့်ဘူး ဘားမှ ထူးလာမှာမဟုတ်သလို ခင်များရဲ့ အိမ်ထောင်ရေးပဲ ထိခိုက်နိုင်တယ်”
ကျွန်တော်အခုမှသိလိုက်တာက သူ့အရက်တွေသောက်ထားပုံရတယ်ဗျ အနံ့က ကျွန်တော့စီကနေတောင်ရတယ်။
“ခနတော် ကျွန်တော် ဝိုင်ထပ်ယူလိုက်အုံးမယ်” ဆိုပြီးကျွန်တော်ဝိုင်ထားတဲ့ အခန်းကို ထသွားလိုက်ကာ ဝိုင်အိုးထဲကနေ ပုလင်းထဲကို ထည့်နေချိန် ကျွန်တော့ရဲ့ ခါးကို တင်းတင်းဖတ်တာကို ခံလိုက်ရတယ်။ သူ့ရဲ့ကိုယ်သင်း အနံ့က ကျွန်တော်ကို့ အရင်အချိန်တွေကို သတိရသွားစေတယ်။
“ဘာလုပ်တာလဲ လွတ် “
“မရုံးပါနဲ့ ညီရယ် ကို့ကို ဖက်ခွင့်လေးပေးပါအုံးကွာ”
ဆိုပီးကျွန်တော်ရုန်းလို့မရအောင်ပင် ခပ်တင်တင် ဖက်ထားတယ်။
“ကို ညီ့ကို အရမ်းလွမ်းတာပဲသိလား အခု ဘယ်လိုမှသည်းမခံနိုင်တော့ဘူးညီရယ်”ဆိုပြီး လည်ပင်းကိုနမ်းကာ သူကျွန်တော့ကိုပြောလေသည်။ကျွန်တော်မှာမာနရှိပေမယ့်လည်း ပုထုဇဉ်လူသားဖြစ်တဲ့ အလျောက် ကို့ရဲ့ အချစ်ဉီးလည်းဖြစ် အချစ်ရဆုံးသော သူလည်းဖြစ်တဲ့ သူ့စီကနေ ဘယ်လိုမှ မလွန်ဆန်နိုင်ပဲ သူခေါ်ရာ စီကို လိုက်ပါလေတော့သည်။
YOU ARE READING
အကယ်လို့သာ ကျွန်တော်သူ့ကိုပိုင်ဆိုင်ခွင့်ရခဲ့ရင်
Fanfictionအကယ်လို့သာ ကျွန်တော်သူ့ကိုပိုင်ဆိုင်ခွင့်ရခဲ့ရင် "အကယ်လို့ကျတော် သူ့ကိုပိုင်ဆိုင်ခွင့်သာရခဲ့ရင် အခုလို ချစ်ခြင်းတရားကို နက်နက်ရှိုင်းရှိုင်းမြင်နိုင်မယ်မထင်ပါဘူးဗျာ" အခုမှစရေးဖြစ်တဲ့ Ficလေးမို့ အမှားပါရင် သည်းခံခွင့်လွတ်ပေးကြပါအုံးဗျ အပတ်စဥ် အင်္ဂါ...