36{u_z}

377 15 0
                                    

💘 ချစ်လျက်နဲ့သာ💘

Piece_36

လေဆိပ်ကို ညဘက်ကြီးရောက်သွားတာဖြစ်သည်။ နယ်သာကို ဖုန်းဆက်တော့ ချက်ချင်လာကြိုပေးတာဖြစ်သည်။

''''နင်တစ်ယောက်လုံး ရှိနေပါလျက်နဲ့ စက်ရုံကဘယ်လို့ဖြစ်ရတာလဲ"

နယ်သာကို့ မမလေးက ဆူသလို့ပြောလာလေသည်။

''''ဖိနပ်ထုတ်လုပ်တဲ့အပိုင်းမှဖြစ်တာပါ။ ဟိုရောက်ရင် မမလေးကိုယ်တိုင်လိုက်ကြည့်လိုက်ပါ။

''''နင် အတော်အသုံးမကျတာပဲ။ ဖိနပ်စက်ရုံသာတစ်ခုခု့ဖြစ်ကြည့် နင်နဲ့ငါ့အတွေ့ပဲ။

မမလေး၏ ခလေးဆန်သော စကားကိုကြားရပြီး။ နယ်သာမပြုံးပဲမနေနိုင်ပဲ။

ကားမောင်းနေလျင်းနဲ့ ကိုယ်ဘဝကိုပြန်တွေးမိသည်။ အသက်တာ၂၉ဖြစ်လာခဲ့သည်။ မိဘမဲ ပြည်တန်ဆာမ အဖော်ချွတ်လုပ်စားတဲ့ ကောင်မဆိုပြီး။ လူတွေအများ၏ကဲ့ရဲ့ချင်းကိုခံခဲ့ရသည်။ သို့သော် မမလေး၏ကယ်တင်မှုကြောင့် နယ်သာ၏ဘဝကဒီ့လို့အဆင်အတန်းမြင့်သည့်နေရာသို့ရောက်လာတာဖြစ်သည်။ ထို့ကြောင့် မမလေး ဘယ်လိုစကားကိုပဲပြောပြော နယ်သာစိတ်မဆိုးတာသာဖြစ်သည်။
_
_
_
_
_
_

ညပင်မအိပ်နိုင်သည်အထိ စက်ရုံထဲကိုလိုက်ကြည့်မိသည်။ ရဲတွေတောင်ရောက်လာပြီး။ တားမြစ်ထားမှုတွေပြုလုပ်ခံရတာမလို့ပင်။ စက်ရုံကြီးတစ်ခု့လုံး မီးတွေဟုန်းဟုန်းတောက်လောက်နေပုံကိုကြည့်၍။ ရင်ထဲမှာနှလုံးသွေးများ စီးကျနေသလို့ခံစားရ၏။ လီလီ့ နှစ်ရှည်လများတည်ဆောက်ထားသည့် အဖိုးတန်အရာတစ်ခုက တစ်ခနချင်းအတွင်းမှာပင် အကုန်တစ်စစီပျက်စီးသွားခဲ့ရတာကိုကြည့်ပြီး။ ယူကြုံးမရဖြစ်မိတာအမှန်ပင်။

ပေါက်ကွဲမှုက ဖိနပ်ထဲကိုထည့်တဲ့ ကော်တွေထားသည့်ဂိုထောင်ဘက်ကနေစတင်ပေါက်ကွဲတာပါ။ အဲ့ဂိုထောင်ထဲမှာ ဆေးလိပ်အတိုအစတွေလည်းတွေ့ပါတယ်"

''''တောက်စ့်"

''''ဒီ့လောက် ဆေးလိပ်မသောက်ပါနဲ့လို့ သတိပေးစာကပ်ထားတာကို့"

မမလေးက ဒေါသတွေထွက်စွာဖြင့် ပြောဆိုနေလေသည်။

''''မတော်တဆဆိုပေမဲ့ ဒဏ်ငွေဆောင်ပါမယ်တဲ့"

🌹Only with love🌹{ S3}Where stories live. Discover now