မင်းအတွက်တောင်တန်းတွေကိုဖြတ်ကျော်ခဲ့ပါတယ်

52 2 0
                                    

Completed ✅
Total chapter 61 + 3 extra

လျန်ကျိုး က ဆယ်ကျော်သက်အရွယ်
Rapper လေး နဲ့
ဒဏ်ရာ တစ်ပွေ့တစ်ပိုက်နဲ့
ရဲအရာရှိ လေး ကျောက်မင်ယင်း
တို့ ရဲ့  အမဲခေါက်ဆွဲ အကြောင်းစိတ်ကြိုက်
ဖော်ကြူးထား တဲ့ ဇာတ်လမ်း
အယ် မှားလို့
ချစ်စရာကောင်းတဲ့ ဇာတ်လမ်းအ‌ကြောင်း
ဖြစ်ပါတယ်။
Shou နဲ့ gong ရဲ့ Age gapက
may be 6 years or 7years
Gong ၁၉ နှစ်မှာ
Shou က ရဲအရာရှိ အဖြစ်တာဝန်ထမ်း
ဆောင်နေတာ ၅ နှစ် ရှိသွားပါပြီ။
နှုတ်စွာ
ရုပ်ချောတဲ့
ဒုတိယမျိုးဆက် သူဌေးသားလေး ဟာ
ရဲ အရာရှိလေး ကို
မြင်မြင်ချင်း ကြွေကျ မြေခ
သွားပါသတဲ့။
နှစ်ယောက်သား ရဲ့ ချစ်ခရီးလမ်း
ဟာ ထင်ထားသလောက်
မချောမွေ့ပေမယ့်
ပုံမှန် couple တွေလိုပါပဲ
ချစ်မိသွားကြတယ်
ပြီးတော့ ပိုပိုပြီး ချစ်မိသွားကြတယ်။
ဒီလောက်ပါပဲ.....
Novel ထဲ သဘောကျ တဲ့
အကြောင်းအရာ နှစ်ခု ရှိပါတယ်။
ပထမ က အာ့ရှစ် (ရမ်းတုတ်🤭 မနေ့ တစ်နေ့
က ဖတ်ထားပေမယ့်
သေချာ မမှတ် မိ ) လို့ ခေါ်တဲ့
အမျှင်ကြီးတဲ့ အမဲ ခေါက်ဆွဲ
ပြီးတော့ လျန်ကျန်းက
သူ့ရှားရှားကို အိမ်ပြန်ခေါ်သွားတဲ့ အချိန်
လျန်ကျိုးမှာ ရှိသမျှ ဒေသစာ တွေ
အကုန် ကျွေးတာလေး ကို
တကယ် သဘောကျတာ။
ဘာသာပြန်သူလေး ကလည်း
မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း
မြင်အောင် ရေးတတ်တဲ့ အပြင်
စေတနာ ဗရပွ နဲ့ အပုံလေးတွေ
သေသေချာချာလေး ထည့်ပေးထား
ပါသေးတယ်။
တကယ် စာ ဖတ်နေရင်း
အဲ့ခေါက်ဆွဲ တွေ စားချင်နေတာပါဆို။

ဒုတိယ တစ်ခု က
Rap Battle ပြိုင်တဲ့ အခါ
ဇာတိ မြို့အကြောင်းတွေပါတယ်။
အဲ့ အပိုင်းတွေ ဖတ်တဲ့ အခါ
ကိုယ့် ဇာတိကို
တစ်အား လွမ်းတာရော။
ကိုယ့်မြေ ကိုယ့်ရေ က
ဘာ ဖြစ်ဖြစ် ကိုယ့်ရဲ့ ဇစ်မြစ်လေ
ဟုတ်တယ်မလား။

သွားရည် ယို ချင်ရင်
ဟဲ ဟဲ
မဟုတ်ပါဘူး
Age gap လေး လည်း ဖတ်ချင်
ဓား လည်း မကြိုက်ဘူး ဆိုရင်
မင်းအတွက် တောင်တန်းတွေကို
ဖြတ်ကျော် ခဲ့ပါတယ်ကို
သွားဖတ်ဖို့ အကြံပြုပေးချင်ပါတယ်။
နွေရာသီ နဲ့ အတော်ကိုက်တဲ့
ဇာတ်လမ်းပါလို့။

ဖတ်ပြီး အိမ်ပြန်ချင်စိတ်
ပေါက်သွားရင် တော့ မတတ်နိုင်ပါဘူးလို့။

14march 2025

My Favourite Novels Translation  [BL ]Donde viven las historias. Descúbrelo ahora