ဒါက ခုလောလော လတ်လတ်
ဖတ်နေတဲ့ novel ပါ။
စာဖတ်တာလည်း
နတ်ကြီးတာပဲလား
ဒါမှမဟုတ် လူရဲ့ mood နဲ့ ဆိုင်သလား
မပြော တတ်ဘူး။
ကျွန်မ အမှန်တိုင်းပြော ရင်
ချိုက်ချိုက် တို့ကို တွေ့တာ ကြာ
ပြီရယ် Library ထဲ လည်းထည့်ထား
တယ်ရယ် တစ်ပိုင်း နှစ်ပိုင်း
ဖတ်လိုက် နားလိုက်
လုပ်နေတာ
မနေ့ တစ်နေ့မှ
တောက်လျှောက် ဖတ်ဖြစ်တော့တယ်။ဇာတ်လမ်းက
ခြေထောက်တွေ ပျက်စီးသွားတဲ့
ဘဲလေး အကသမား နဲ့
Voice actor နတ်ဘုရားကြီး တို့ရဲ့ ဇာတ်လမ်းပါ။
အပိုင်း က 89 ပိုင်း 1extra ပါ။
အခု ထိ ဇာတ်သိမ်း ကို
ခိုး မကြည့်ရသေးသလို
ဖတ်နေတာလည်းတစ်ဝက် မကျိုးသေးပါဘူး။
ချိုက်ချိုက် တို့ကို အရမ်း ရမ်း ကို ရီဗျူးရေးချင်စိတ်ပေါက်
နေလို့ ကောက်ရေးတာပါ။ချိုက်ချိုက်လေး က အရမ်း
အရမ်း ကို သနားစရာ ကောင်းတဲ့
ကလေးလေး တစ်ယောက်
ချိုက်ချိုက်က အထက်တန်းကျောင်းသား
ပဲ ရှိသေးပေမယ့်
သူ့ ဖြတ်ကျော်ခဲ့တဲ့ ဘေးဒုက္ခ က တကယ့်ကို
ငရဲ လိုကြီး။
၁၇ နှစ်အရွယ် ကောင်လေး ကို
သနား လွန်း လို့ သွားပြီး ပွေ့ဖက်ထား
ချင်မိတဲ့ အထိ ပါပဲ။
ကိုယ်တိုင် Break down ရနေပေမယ့်
အဲ့ ကလေး ကို
အသာ အယာ ပွေ့ဖက်ပြီး
"ကလေးရယ် ခဏ လောက်ဖြစ်
ဖြစ် ငို ချပစ် လိုက်
မမ ပခုံးဌားပေးမယ် " ဆိုပြီး
ပြောချင်တာ။
ဇာတ်ကောင် က အဲ့လို ကို သဘောကျ
ချင်စရာပါ။
တစ်ယောက် က ကြီးပြင်းလာ ဖို့
ပြင်နေတဲ့ ဆယ်ကျော်သက်လေး
တစ်ယောက်က လူကြီးဖြစ်ဖို့
သင်ယူနေတဲ့ အရွယ်ရောက်ပြီးသား
လူ တစ်ယောက်။
နှစ်ယောက်စလုံး
ကြီးပြင်းလာဖို့
ရင့်ကျက်လာဖို့သင်ယူ နေကြတာ
တကယ်ကို သဘောကျချင်စရာပါ။
ကျွန်မ တို့ရဲ့ တကယ့် လက်တွေ့ ဘဝ
ကြီးက တကယ်ကို ရှုပ်ထွေးပွေလီ
တယ်။ တစ်ခါ တစ်လေ
အဲ့ အရှုပ်အထွေး တွေကို တစ်နေရာ
ချောင်ထိုး ပြီး ကျွန်မ သဘောကျတဲ့
အရာတွေ နဲ့ ပျော်မွေ့ပစ်လိုက်တယ်။
မရင့်ကျက်ဘူး ပြော
ပြော
ကလေးအထာ တွေလို့ပဲပြောပြော
ဒီ လိုလေး တွေ ဖတ်နေရရင်
ကျွန်မ မှာ စိတ်တွေ ငြိမ်းနေရောပဲ...ဒီ novel ရီဗျူးက
နည်းနည်း စိတ်ခံစားချက်တွေ
ပါသွားပြီ ထင်တယ်ချိုက်ချိုက် ကို
ကျွန်မ အရမ်းချစ်ပါတယ်။
ဇာတ်ကောင်တော်တော်များများကို
ချစ်မိပေမယ့် နစ်နစ်ဝင်ဝင်ချစ်မိတဲ့
ဇာတ်ကောင်က ခပ်ရှားရှားရယ်။Novel အဆုံးသတ်က
ကျွန်မကို စိတ်ကျေနပ်စေမယ်လို့
ထင်ပါတယ်။
လာမယ့် အပိုင်း တွေ မှာ
ကလေး နှစ်ယောက်
ဘယ်လို တွေ့ကြမလဲ
ဘယ်လို ကြီးပြင်း လာ
မလဲ
တစ်အား တွေ စိတ်ဝင်စားနေတာ
သွား ဖတ် လိုက်ပါဦး မယ်ဇာတ်လမ်းအဆုံးထိ ဖတ်ပြီး သွားရင်
ပြန် Edited လုပ်ပေးပါ့မယ်။
ဒါပါပဲ။

YOU ARE READING
My Favourite Novels Translation [BL ]
Randomကျွန်မ နဲ့ ပေါက်သတ်ကရ ရီဗျူးများပါပေါ့ ဇာတ်လမ်း spoiler ကို တတ်နိုင်သမျှတော့ ရှောင်ထားပါတယ်။ ကိုယ်တိုင်က စပွိုင်းမိရင် သိပ်မကြိုက်လို့ပါ။ အပိုင်း အရေအတွက်လား ကျိန်းသေပေါက် ၂၀၀ မကျော်ဘူးပဲ။ စာ အရှည်ကြီးဖတ်ရတာ သိပ်မကြိုက်ပါဘူး။ ဒါကြောင့်ပါ။