ဂျွန် စကားတစ်ခွန်းမှမပြောပဲ ရေချိူးခန်းထဲရှိ ရေချိုးကန်ရဲ့ဘောင်ပေါ်၌ ထိုင်နေမိသည်။
ဘာမှမတွေးမိပဲ hoseokရဲ့ ရေဖြည့်သံကိုသာ
မျက်လုံးမှိတ်ထားပြီး နားထောင်နေမိသည်။
စကားတစ်ခွန်းမှ မဆိုမိရင်း အစောက တင်းတင်းကြပ်ကြပ် ဂျွန့်ကို ဖက်ထားတဲ့ ygရဲ့အကြောင်းကို တွေးနေမိသည်။
မသိရင် အရင်နေ့တွေတုန်းက ဂျွန့်ကို
ချိန်းခြောက်ပြောဆိုထားတဲ့ သူနဲ့တစ်ခြားစီပင်…
ထိုသူ့ကို ဂျွန်မုန်းသော်လည်း ထူးထူးဆန်းဆန်းအေးချမ်းမှုကိုခံစားနေရ၍ ဂျွန့်အတွက်
မစဥ်းစားတတ်အောင်ပင်…ဒါ့ကြောင့်
ဂျွန်မသိသောအရာကို မစဥ်းစားပဲ
ကျနေသော ရေသံကိုသာနားထောင်နေခဲ့တော့သည်…hsက ကန်ထဲကို ရေပူရေအေးမျှအောင်ဖြည့်နေရင်း တစ်ချက်တစ်ချက် ဂျွန့်ဘက်ကို
စောင်းကြည့်မိသည်။ ကန်ဘောင်မှာထိုင်နေတဲ့ ဂျွန်က jungkookရဲ့ အဖြူရောင် တီရှပ်ကြီးကြီးကို ဝတ်ထားပြီး ထိုတီရှပ်က ဂျွန့်ရဲ့ပေါင်လယ်အထိပင် ရောက်နေသဖြင့် အောက်က အတွင်းခံသာဝတ်ထားခဲ့သည်ကို မြင်နေရသည်။ ထို့ကြောင့် ပြောင်ရှင်းနေသော နူးညံ့ချောမွေ့သည့်ပေါင်တံကိုလည်း အတိုင်းသားမြင်နေရသည်။
ဖရိုဖရဲဖြစ်နေသော ဆံပင်ရှည်တို့က ပုခုံးပေါ်ကို မသပ်မရပ်ကျနေခဲ့ကာ နဖူးပေါ်၌လည်း
ပြန့်ကျဲလို့နေသည်။ နီစွေးနေတဲ့ နှုတ်ခမ်းဖူးဖူးလေးက ပုံမှန်ထပ်ပင်ဖူးယောင်နေခဲ့သည်။
အစောက ဆေးထိုးတုန်းက ကြောက်အားလန့်အားဖြင့် နှုတ်ခမ်းအားဖိကိုက်ထားပုံပင်…
ဤသည်က hoseokအား မသိလိုက်ခင်မှာပဲ မျက်မှောင်ကြုတ်ကာ နေမိသွားစေသည်…
အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ခမ်းလေးအား သူတို့မှလွဲ၍ ဘာအကြောင်းကြောင့်မှ
မကိုက်စေချင်၍ပင်…ပိုင်ရှင်ဖြစ်တဲ့ ပန်းလေးကိုတောင်မှ ကိုယ်တိုင်မကိုက်စေချင်…ကန်ရဲ့ရေတွေက ဂျွန့်တင်ပါးကို လာထိရုံတင်မက လျှံကျလာကာ ဂျွန့်ရဲ့ ခြေထောက်အထိ
လာထိနေသည်ကို ခံစားမိလိုက်၍ မတ်တပ်ရပ်လိုက်ပြီး…"ဒီမှာ…ဒီမှာ”
hoseok သူ့အတွေးတွေ ပျက်သွားခဲ့ပြီး
ရေကိုချက်ခြင်းပိတ်လိုက်ပြီး
