Episode 1

685 47 0
                                    

ဒီ​နေ့ မနက်​ Baekkie တ​ယောက်​ "Moonlight" flower shop ​လေးကို ထွက်​လာခဲ့တယ်
flower shop ဆိုတာ.... Baekkie နဲ့ Lulu နှစ်​​ယောက်​ share ဖွင့်​ထားတဲ့ ဆိုင်​​လေးပါ
Baekkie နဲ့ Lulu က Uni ကတည်းက ခင်​လာတဲ့ သူငယ်​ချင်း​တွေ... ​ကျောင်းပီး​တော့လဲ ပန်း​လေး​တွေ ချစ်​တတ်​တဲ့ သူတို့နှစ်​​ယောက်​ ဝါသနာကလဲ တူကြ​တော့ အတူတူ ​ပေါင်းပီး ဖွင့်​ဖြစ်​တာ.... မိဘ​တွေကလဲ ချမ်းသာကြ​တော့ သူတို့နှစ်​​ယောက်​ကို ဘာပဲလုပ်​လုပ်​ဆို ခွင့်​ပြုထားတာ...
သူတို့ နှစ်​​ယောက်​က မိဘ​တွေကို စိတ်​ပျက်​​အောင်​ မလုပ်​ခဲ့ကြပါဘူး... ဘာလို့လဲဆို​တော့ Flower shop ​လေးက အခုဆို နာမည်​​တောင်​ အ​တော်​ရလို့.. သူတို့ ပိုက်​ဆံနဲ့တင်​ သူတို့ အဆင်​​ပြေကြတယ်​​လေ... ပီး​တော့ ဆိုင်​ဖွင့်​တာလဲ နှစ်​နှစ်​​ကျော်​ သုံးနှစ်​အတွင်းပဲ ဝင်​​နေပီဆို​တော့ ​အောင်​မြင်​​အောင်​ လုပ်​နိုင်​တယ်​ ​ခေါ်ရမှာ​ပေါ့...
ပီး​တော့ Baekkie ​တောင်​ အိမ်​​ထောင်​ကျသွားပီ​လေ... အိမ်​​ထောင်​ကျတာ​တော့ သိပ်​မကြာ​သေးပါဘူး ၃လ​လောက်​ပဲ ရှိ​သေးတယ်​...
ဒါ​တောင်​ အိမ်​​ထောင်​ကျခါစက Baekkie ရဲ့ ခင်​ပွန်း ဖြစ်​သူ Chanyeol က "အလုပ်​​တွေ မလုပ်​ပါနဲ့လား အိမ်​မှာပဲ နား​နေပါလား... Baekkie ​လေးကို ကိုက ​ကောင်း​ကောင်းမွန်​မွန်​ ဖြစ်​​အောင်​ ထားနိုင်​ပါတယ်​" ဆိုပီး ​ပြော​သေး​တော့
Baekkie က​တောင်​ ပြန်​​ပြောလိုက်​​သေးတယ်
"ကိုရယ်​ ကို့သ​ဘောကို baekkie နားလည်​ပါတယ်​.. ပီး​တော့ ဒါကလဲ မပင်​ပန်းပါဘူး baekkie နဂိုတည်းက လုပ်​လာတဲ့အလုပ်​ပဲ.. ပီး​တော့ baekkie က ပန်း​လေး​တွေ မြင်​​နေရရင်​ကို ​ပျော်​​နေတာ.. lulu လဲ ရှိတာပဲ baek တ​ယောက်​ထဲမှ မဟုတ်​တာ.. တကယ်​လို့သာ အဲ့အလုပ်​ မလုပ်​​တော့ရင်​ ကို အလုပ်​သွားတဲ့ အချိန်​ကျ အိမ်​မှာ baek တ​ယောက်​တည်း ပျင်း​နေမှာ​ပေါ့.. မဟုတ်​ဘူးလား"
"အင်းပါ ကို့ baekkie ​လေး အဆင်​​ပြေရင်​ ပီးတာပဲ ကိုက ဒီအတိုင်းပဲ baek ​လေး ပင်​ပန်းမှာ စိုးလို့ပါ.... အဲ့​တော့ Baek ​လေး လုပ်​ချင်​တယ်​ ဆိုမှ​တော့ ဆက်​လုပ်​​စေဗျာ"
ဒီလိုနဲ့ baek လဲ ဆက်​လုပ်​ဖြစ်​သွားတယ်​ဆိုရမှာ​ပေါ့
------------------------------
ဘာလိုလိုနဲ့ ဆိုင်​​တောင်​ ​ရောက်​သွားပီပဲ.. Lulu က​တော့ ​ရောက်​​တောင်​ ​ရောက်​နှင့်​ ​နေလို့ ပန်းပင်​​လေး​တွေကို ​ရေလိုက်​ ဖျန်း​နေတယ်
"Lulu ​ရေ ငါ​ရောက်​ပီ.. နင်​​ရော ​ရောက်​တာ ကြာပီလား"
"သိပ်​မကြာ​သေးပါဘူး.. ၁၅ မိနစ်​​လောက်​ပဲ ရှိပါ​သေးတယ်​.. ငါက နင်​​ရောက်​​နေပီလို့ ထင်​​နေတာ"
":-X.. ဟုတ်​လား ငါဒီ​နေ့ လမ်းကို ​ဖြေး​ဖြေး​လေး ​လျှောက်​လာလို့​လေ...လွန်​ခဲ့တဲ့ သုံးလ ငါတို့ အိမ်​​ထောင်​ကျခါစက အ​ကြောင်းကို ပြန်​​တွေးပီး ​လျှောက်​လာလို့.."
"ဟုတ်​လား... ဘာ​တွေများ ​တွေးမိလို့လဲ ဆိုစမ်းပါအုံး"
"ဟုတ်​ပါဘူး... အဲ့တုန်းကသာ Yeol က ငါ့ကို အလုပ်​ဆက်​မလုပ်​ခိုင်းရင်​ ငါအခုလို နင်​နဲ့လဲ အမြဲ ​တွေ့နိုင်​မှာ မဟုတ်​​တော့ဘူး.. ငါချစ်​တဲ့ ပန်း​လေး​တွေကိုလဲ အမြဲ ကြည့်​နိုင်​မှာ မဟုတ်​​တော့ဘူး.. အဲဒါ​တွေထက်​ နင်​နဲ့ငါ ​ကျောင်းပီးကတည်းက အတူတူ လုပ်​ခဲ့တဲ့ ဒီ ပန်းဆိုင်​​လေးကို အမြဲ လာနိုင်​မှာ မဟုတ်​​တော့ဘူး ဆိုတာ​တွေးမိလို့... ဘာပဲ ဖြစ်​ဖြစ်​ ငါ့ဆန္ဒကို မပိတ်​ပင်​ပဲ ဆက်​လက်​ ခွင့်​ပြုခဲ့တဲ့ Yeol ကိုလဲ အရမ်း​ကျေးဇူးတင်​ပီး ပိုပိုပီး ချစ်​​နေလို့... :) "
"ဟုတ်​ပါပီ Baekkie မရယ်​.. ကို့ ​ယောက်ျား ကို ချစ်​တာပဲ ဘာဖြစ်​လဲ ချစ်​ ချစ်​ အများကြီး ချစ်​"
အဲ့လိုပါပဲ... Lulu နဲ့ Baekkie ဆိုတာ
"ဒါနဲ့ Baekkie.. hunက နင့်​ဆီ ဖုန်းဆက်​တာ မရလို့ ငါ့ဆီကို ဖုန်းဆက်​တယ်​ နင့်​ကို ​ပြောစရာ ရှိလို့တဲ့ ဒီ​နေ့ ည​နေ ငါတို့ ဆိုင်​သိမ်းချိန်​​လောက်​ လာခဲ့မယ်​တဲ့... ပီး​တော့ Yeol ကို လာကြိုဖို့ မ​ခေါ်ထားနဲ့တဲ့... အပြန်​ကို ငါနဲ့ Hun နင့်​ကို လိုက်​ပို့​ပေးမယ်​"
"အင်း ရတယ်​​လေ... ဒါနဲ့ ဘာ​ပြောမှာမို့လို့လဲ ငါ့ Yeol ​လေးကို မ​ခေါ်ခိုင်းတာ.. ငါ့ဖုန်းက battery အားကုန်​​နေတဲ့ အချိန်​ hun ​ခေါ်မိလို့ ​နေမှာ"
"ဘာ​ပြောမလဲ ဆိုတာ​တော့... သူလာမှပဲ နင်​ နား​ထောင်​ကြည့်​​တော့​နော်​"
"Lulu ဘာလဲ နင့်​အသံကြီးကလဲ တခုခုကို စိုးရိမ်​​နေတဲ့ အသံလိုမျိုးကြီး..."
"ဘာမှ မဖြစ်​ပါဘူး baekkie ရဲ့.. နင်​ ထင်​​နေတာ ​နေမှာပါ"
"အင်းပါ အင်းပါ အာ့ဆိုလဲ.."
"ကဲ ဟိုမှာ.. ​ဈေးဝယ်​ လာ​နေပီ ငါ သွားလိုက်​အုံးမယ်​"
Lulu baekkie ​ရှေ့က​နေ ထွက်​လာခဲ့​ပေမဲ့...
စိတ်​ထဲမှာ​တော့ မနည်း အားတင်းထားရတယ်
သူမ ဒီကိစ္စ​တွေ Baekkie ကို ​ပြောလိုက်​ရင်​.. baekkie အရမ်း ဝမ်းနည်းသွားမလား.. ဒါမဲ့ မ​ပြောလို့လဲ မဖြစ်​.. မ​ပြောဘဲ ​နေလိုက်​ရင်​ ဒီကိစ္စက ပို ကြီးထွားသွားနိုင်​တာမို့လို့... ကြိုတင်​ကာကွယ်​ခြင်းသည်​ ကုသခြင်းထက်​ ​ကောင်း၏ ဆိုသလို.. ကြိုပီး သိထား​လေ ​ကောင်း​လေမို့လို့ သူမ သူငယ်​ချင်း baekkie ​လေး ဝမ်းနည်းမှာ သိ​ပေမဲ့​လဲ...
ပြောမှ ရမှာမို့လို့ပါ Baekkie ရယ်
---------------------
Lulu လဲ ဒီ ကိစ္စကို သိထားတာ မကြာ​သေးပါဘူး လွန်​ခဲ့တဲ့ နှစ်​ရက်​​လောက်​ကမှ hun ​ပြောပြလို့ သိတာ...
Hun လဲ သူ့ဘာသူ တ​ယောက်​တည်း ရ​အောင်​ လုပ်​ကြည့်​​ပေမဲ့လဲ မတတ်​နိုင်​​တော့လို့ lulu ကို ​ပြောလာ၍ lulu နဲ့ hun လဲ တိုင်​ပင်​ကာ baekkie ကို ​ပြောပြဖို့ ဆုံးဖြတ်​လိုက်​​တော့သည်​...
အမှန်​အတိုင်း​ပြောရင်​ Lulu လဲ ဒီကိစ္စ ကြားကြားချင်းတုန်းက မယုံနိုင်​ပါဘူး... ယုံတယ်​ မယုံဘူး ဆိုတာထက်​ လက်​ကို မခံနိုင်​တာ.. Yeol က အဲ့လို လူမှ မဟုတ်​တာ.. တခုခုကို အထင်​လွဲ ​နေတာ ​နေမှာပါ.. ဒါ​ပေမဲ့ ​သေချာပြန်​စဉ်းစား ကြည့်​ လိုက်​​တော့ yeol ဘက်​က စိတ်​မပါ​တောင်​ ကြာသွားရင်​ ဖြစ်​သွားနိုင်​တဲ့ ကိစ္စဆို​တော့ အပြတ်​ပြတ်​နဲ့ နှာ​ခေါင်း​သွေး ထွက်​မှာ​တွေ မဖြစ်​​စေချင်​ဘူး... ပီး​တော့ Hun ကိုယ်​တိုင်​ ​ပြော​နေတာဆို​တော့ ​တော်​ယုံတန်​ယုံ မဖြစ်​နိုင်​ဘူး...
Hun နဲ့ yeol ဆိုတာ lulu နဲ့ baek ထက်​​တောင်​ သူငယ်​ချင်း သံ​ယောဇဉ်​ကြီး​သေး..
ယောက်ျား​လေး​တွေ ဖြစ်​​နေတာ တ​ကြောင်း စိတ်​တူကိုယ်​တူ ရှိ​နေတာ တ​ကြောင်း သူငယ်​ချင်း ဖြစ်​တဲ့အချိန်​ကလဲ မူလတန်းကတည်းက ဆိုပဲ...
အခုလဲ အလုပ်​လုပ်​​တော့လဲ နှစ်​​ယောက်​လုံးက အတူတူ.. ဆို​တော့ hun မှ yeol အ​ကြောင်း မသိရင်​... Yeol မှ hun အ​ကြောင်းမသိရင်​... Lulu နဲ့ baek တို့က ဘယ်​​လောက်​ပဲ သူတို့နဲ့ ရင်းနှီး​နေတဲ့ မိန်းက​လေး ဖြစ်​ပါ​စေ.. သူတို့​လောက်​ သိနိုင်​ပါအုံးမလား...
တကယ်​တမ်း ​ပြောရမယ်​ဆိုရင်​... Lulu နဲ့ hun ချစ်​သူ​တွေ ဖြစ်​တယ်​ဆိုတာ baekkie နဲ့ yeol ​ကြောင့်​မို့ အများကြီးပါတယ်​..
Yeol က baekkie ဆီ အမြဲ လာလာ​နေတိုင်း yeol ​ဘေးမှာ hun အမြဲ ပါသလို baek ​ဘေးမှာလဲ lulu က အမြဲတမ်း ရှိ​နေတာဆို​တော့...
ဟိုနှစ်​​ယောက်​ ချစ်​သူ ဖြစ်​ပီး ၁လ​လောက်​ ကြာ​တော့ Lulu နဲ့ hun ပါ ချစ်​သူ​တွေ ဖြစ်​သွားကြတာ မဆန်းပါဘူး​လေ... ဟုတ်​တယ်​မလား..
ဘာပဲဖြစ်​ဖြစ်​ ကိုယ်​​တွေက သူငယ်​ချင်း ဘဝ ကတည်းက အခုလို အိမ်​​ထောင်​​တွေကျသွားတာ​တောင်​ အဆက်​အသွယ်​​တွေ မပြတ်​ဘဲ အတွင်းသိ အဆင်းသိ​တွေထက်​​တောင်​ ပိုတဲ့ စိတ်​​တွေနဲ့ ​ပေါင်းလာတာဆို​တော့လဲ.... မဖြစ်​သင့်​တာ​တွေ မဖြစ်​ရ​အောင်​ ကာကွယ်​​ပေးရမှာ​ပေါ့...
----------------
နာရီ ကြည့်​လိုက်​​တော့ ည​နေ ၅ နာရီ​တောင်​ ထိုးခါနီးပီ..
"Lulu ​ရေ ​နောက်​ထပ်​ ၁၀ မိနစ်​​လောက်​ ​နေရင်​ ဆိုင်​ ပိတ်​ကြစို့​လေ.. ခန​နေရင်​ hun လာ​တော့မှာ မလား"
"အင်း ဟုတ်​တယ်​.. ဒီအချိန်​ဆို ဝယ်​သူ​တွေလဲ သိပ်​မရှိ​တော့ဘူး... ဒါနဲ့ နင်​ Yeol ကို လာမကြိုခိုင်း​တော့ သူက ဘာမှ မ​မေးဘူးလား"
"အင်း ​မေးပါတယ်​.. ဘာလို့လဲတဲ့.. ငါကလဲ ပန်း​လေး​တွေကို ​သေ​သေချာချာလဲ ညှပ်​ပီး ထုတ်​ရမှာမို့လို့.. မနက်​ဖြန်​ order မှာတဲ့ သူရှိလို့ အဲ့ဒါ အပြန်​ကို lulu နဲ့ပဲ ပြန်​ခဲ့မယ်​ဆို​တော့ ​အင်းပါတဲ့ တကယ်​​တော့ သူလဲ ဒီ​နေ့ အစည်းအ​ဝေး ရှိလို့ အိမ်​ပြန်​​နောက်​ကျမှာ လာမကြိုနိုင်​တာနဲ့ အ​တော်​ပဲ ဖြစ်​သွားတာ​ပေါ့"လို့ပဲ ​ပြောတယ်
"​အော်​... ငါက နင့်​ကို ရစ်​​နေမယ်​ထင်​တာ..ခ်​ခ်​ခ်​"
"အမယ်​ lulu ​နော်​.. ရှင်​က ကျွန်​မ ​ယောက်ျားကိုများ.. ဟွန့်​... ဘာလဲ အရင်​ကတည်းက ​ပေါင်းလာတာကို အခုထိ yeol အ​ကြောင်း မသိတာကျလို့.. အဲ့​​လောက်​ သ​ဘော​ကောင်းတဲ့ ငါ့ yeol ​လေးကို"
"ဟုတ်​ပါပီလို့..... ဒါနဲ့ ကျွန်​မထက်​ သူ့မိန်းမဖြစ်​တဲ့ ရှင်​က ပိုသိမှာ​ပေါ့လို့... ဟုတ်​တယ်​မလား...ဟားး ဟားးးး"
"Lulu ​နော်​... ဘာ​တွေ​ပြော​နေမှန်းလဲ မသိဘူး!! သူငယ်​ချင်း အချင်းချင်းကို စ​ နေတာ.. ဂယ်​ပဲ... ဒါနဲ့​လေ.. Hun နဲ့ yeol က အလုပ်​အတူတူပဲကို ဘာလို့ hun က အစည်းအ​ဝေး မတက်​ရဘဲ yeol ကပဲ တက်​ရတာလဲ မသိဘူး​နော်​.."
baek ​တွေးစစ​လေး ​မေးလိုက်​​တော့ lulu ခဗျာ ဘာပြန်​​ပြောရမလဲ မသိ
"အင်း........ အဲဒါ..... "
Lulu ကံ​ကောင်းတယ်​ပဲ ​ပြောရမလား အဲ့အချိန်​ ဆိုင်​​ရှေ့ကို ကား​ရောက်​လာ​တော့ ​သေချာပါတယ်​ hun လာပီ​နေမှာ...
"lulu... အင်း အဲ ​တွေ လုပ်​မ​နေနဲ့​တော့ သွား ရှင့်​​ယောကျာ်းကို တံခါးသွား ဖွင့်​​ပေးလိုက်​အုံး"
Baek က စလိုက်​​တော့...
Lulu တ​ယောက်​ မျက်​နှာကြီး ရဲသွားပီး.." ဘာ​ယောက်ျားတုန်း.. သူနဲ့ ကျုပ်​နဲ့ က ​နောက်​လမှ ယူမှာကို... " လို့ ​အော်​ပီး ထွက်​သွား​လေရဲ့..
အဲ့ Lulu ​လေ.. သူ့ကို စရင်​​တော့ မျက်​နှာကြီး ရဲတက်​လာတာ.. သူများကို​တော့ ​တော်​​တော်​ စချင်​နေတာ.. ဟွန့်
ဒီအချိန်​ထိ Baekkie စိတ်​ထဲ ​အေး​နေ​ပေမဲ့...
ခ​ဏ​နေ Sehun ​ရောက်​လာလို့ ရှိရင်​ ဘာ​တွေ ဖြစ်​မလဲဆိုတာ​တော့......
--------------------
"Baekkie ငါ ​ရောက်​ပီ!!"
"အင်း လာပါ​တော်​ Oh Sehun^^ ဆိုစမ်းပါအုံး ငါ့ကို ဘာ​ပြောစရာ ရှိလို့လဲ"
"​ပြောမယ်​ ​ပြောမယ်​ .. ငါအခု ​ပြောမဲ့ စကားကို ​သေချာ နား​ထောင်​​နော်​..."
Sehun မျက်​နှာတည်​ကြီးနဲ့ ​ပြောလိုက်​​တော့... Baekkie ခဗျာ.. ဘာ​ပြောလို့ ​ပြောရမှန်း မသိ​တော့ပဲ..
"Hunna အဲ့လိုကြီး မလုပ်​နဲ့​လေ ငါ ​ကြောက်​​တောင်​ ​ကြောက်​လာပီ... "
"Yeol..... က​လေ....."
--------------------
to be continue...
Thanks for all my readers....

Unbroken LoveWhere stories live. Discover now