Episode 2

656 54 7
                                    

Baekkie အသံတို့ တုန်​ယင်​စွာဖြင့်​....
"Sehun ya.. နင်​ ငါ့ကို အတည်​​ပေါက်​ကြီးနဲ့ မစရဘူး​လေဟယ်​... Lulu ဟုတ်​တယ်​မလား ကူ​ပြော​ပေးပါအုံး yeol က အဲ့လို မဟုတ်​ဘူးလို့... "
Lulu ကလဲ baekkie လက်​​လေးကိုင်​ပီး စိတ်​​အေး​အေးထား နား​ထောင်​ပါလို့ ​ပြောယုံက လွဲလို့ ဘာမှမတတ်​နိုင်​.. သူမ သူငယ်​ချင်း baekkie အခုလို ဝမ်းနည်း​နေတာမြင်​​တော့ သူမပါ ​ရောပီး မျက်​ရည်​လည်​မိသည်​..
Baek မျက်​လုံးထဲတွင်​ ဘာမှ မြင်​နိုင်​စွမ်း မရှိ နားထဲတွင်​လဲ ဘာမှ ကြားနိုင်​စွမ်း မရှိ... မျက်​ရည်​များဖြင့်​သာ.... ​ခေါင်းကို တွင်​တွင်​ ခါယမ်း​နေမိသည်
"hunna... ငါနင့်​ကို ​မေးစရာ ရှိတယ်​.. သူတို့ နှစ်​​ယောက်​က ​အခုလို ​တွေ့​နေတာ ကြာပီလား???"
"အင်း....... အဲ့အ​ကြောင်း ​ပြောရမယ်​ဆိုရင်​​တော့...."
*flashback start*
"sehun မင်း ခန​နေ ငါ့အစား airport က customer တ​ယောက်​ကို သွားကြို​ပေးကွာ... ငါ တခြား လုပ်​စရာ​လေး ရှိလို့"
"အင်း ပီး​ရော​လေ.. yeol မင်းလဲ နား​နား​နေ​နေ လုပ်​ပါကွာ ပီး​တော့ မင်းရဲ့ သတို့သမီး​လေးကိုလဲ အချိန်​ ​ပေးအုံး မနက်​ဖြန်​ပဲ မင်္ဂလာ​ဆောင်​​တော့မယ်​"
"​အေး... မနက်​ဖြန်​ မင်္ဂလာ​ဆောင်မှာမို့လို့ပဲ အလုပ်​​တွေ ပီး​အောင်​ လုပ်​​နေတာ​ပေါ့... ငါက ငါ့ Baek ​လေးနဲ့ honeymoon သွားရင်​ တပတ်​​​တောင်​ နားရမှာဆို​တော့ မင်း ပင်​ပန်း​နေမှာစိုးလို့ အ​ကောင်းနဲ့ ပီး​အောင်​ လုပ်​​ပေး​နေတာ"
"​အေးပါကွာ ဟုတ်​ပါပီ.. ငါက မင်း ပင်​ပန်းမှာ စိုးလို့ ​ပြောတာပါ.. ​တော်​ကြာ မင်္ဂလာဦးညမှာ သတို့သားက ပင်​ပန်းလို့ မထနိုင်​ရင်​ သတို့သမီးခဗျာ သနားစရာ​လေး... အဲ့ခါကျ ငါက အစား ကူညီ​ပေးလို့ကလဲ မရ ဟားး ဟားးး"
"Ya!! Oh Sehun... ​ခွေး​ကောင်​​လေး မင်းကများ ကူညီမယ်​နဲ့ ဘာနဲ့.. မင်း ကူညီစရာ မလိုပါဘူး အရိုးပါတဲ့ တရိုးပဲ ရှိတယ်​.. အဲ့လို ညမျိုးမှာ ပင်​ပန်းစရာလားလို့.... မင်းသာ Lulu နဲ့ မြန်​မြန်​ လက်​ထပ်​"
"မပူနဲ့ မင်းတို့ပီးရင်​ ငါတို့ အလှည့်​ပဲ"
"ကဲ... သွား​တော့ Customer ကို ကြိုတာ ​နောက်​ကျ​နေ​တော့မယ်​"
--------------
@Airport
"ဟယ်​ နင်​ Sehunမလား.... ငါ​လေဟာ မမှတ်​မိ​တော့ဘူးလား"
Sehun ကြည့်​လိုက်​​တော့ ​ကောင်​မ​လေးတ​ယောက်​ Gucci Sunglass ကြီးကို တပ်​ထားပီး သူ့ဆီကို လာကာ အားရဝမ်းသာ နှုတ်​ဆက်​​နေပီး... ရီပြလိုက်​​တော့ အသဲပုံနှုတ်​ခမ်း​လေးက အထင်းသား...
"နင်​ soo မလား.. "
ကောင်​မ​လေးက ​ခေါင်း​လေးကို ခပ်​သွက်​သွက်​​လေး ငြိမ့်​လိုက်​ပီး မျက်​မှန်​ချွတ်​လိုက်​​တော့ ​သေချာသွားပါပီ.. soo မှ soo!!! ​ယောက်ျား​လေးများကြားမှာ ​ရေပန်းစား နာမည်​ကြီးခဲ့တဲ့ အသည်းပုံ နှုတ်​ခမ်း မျက်​လုံး ဝိုင်းဝိုင်းပြူးပြူး​လေးနဲ့...
"ဟုတ်​ပါတယ်​ရှင်​ ကျွန်​မ နာမည်​ Do Soo ပါရှင့်​.. သူငယ်​ချင်း​တွေက​တော့ Soo လို့ ​ခေါ်ပါတယ်​ရှင့်​.."
Soo က ရီရီ​မော​မော စကား​တွေ ​ပြောလိုက်​​တော့...
"Sorry ပါဟာ.. ငါက ရုတ်​တရတ်​ကြီးဆို​တော့ ​ကြောင်​သွားလို့ပါ.. ဒါနဲ့ နင်​နဲ့ ငါနဲ့ မ​တွေ့ရတာ ၆ နှစ်​​လောက်​​တောင်​ ရှိပီမလား.. ဒါ​တောင်​ နင်​ ဘာမှ မ​ပြောင်းလဲဘူး​နော်​ အရင်​တိုင်းပဲ..."
"ဟုတ်​လား... :-P မပူပါနဲ့ ​နောက်​ဆို နင်​ ငါနဲ့ မ​တွေ့ချင်​ရင်​​တောင်​ ​တွေ့ရ​တော့မှာ ငါဒီကို အပီးပြန်​လာတာ​လေ...."
"ဟုတ်​လား... ​ကောင်းတာ​ပေါ့!! ဒါနဲ့ Soo ya ငါ ဒီကို အလုပ်​ကိစ္စနဲ့လာတာ နင်​နဲ့ ကြာကြာစကားမ​ပြောနိုင်​​တော့ဘူး.. ​နောက်​မှ ဖုန်းဆက်​ပီး ​တွေ့ဖို့ ချိန်းကြတာ​ပေါ့.."
"ok ​လေ.. ငါလဲ သွား​တော့မယ်​ နင့်​ဖုန်းနံပါတ်​ ငါ့ကို ​ပေးလိုက်​.. ငါဆက်​လိုက်​မယ်​..."
"အင်း.... 010××××××××× က ငါ့ဖုန်းပဲ :) သွားပီ​နော်​"
---------------------------
@ Wedding Day
"Yeol ငါ့သယ်​ရင်းကြီး စိတ်​လှုပ်​ရှား​နေပီလား"
hun က ပုခုံးကို ပုတ်​ရင်း ​ပြောလိုက်​​တော့...
"စိတ်​လှုပ်​ရှားတာ​ပေါ့ကွာ မင်းကလဲ... သိချင်​ရင်​ မင်း မင်္ဂလာ​ဆောင်​ကြည့်​​လေ"
"ဟုတ်​ပါပီ..အခု ငါတို့ သတို့သမီး Makeup room ထဲ သွားကြည့်​ရ​အောင်​​လေ..."
"အင်း သွားကြတာ​ပေါ့"
Yeol နဲ့ hun တံခါး ဖွင့်​ဝင်​လိုက်​​တော့...
Yeol တ​ယောက်​ မျက်​လုံးကြီး အပြူးသားနဲ့ သူ့ရဲ့ အဖြူ​ရောင်​ သတို့သမီး ဝတ်​စုံ​လေးနဲ့ အရမ်းကို လှပ​နေတဲ့ ဇနီး​လောင်း​လေး baekkie ကို ကြည့်​ပီး ​လောကကြီးက ခဏ ရပ်​တန့်​သွားသလို...
သူ.. ဒီလို ချစ်​ဖို့​ကောင်းပီး သူ့အ​ပေါ် အရမ်းချစ်​ နားလည်​​ပေးပီ အပြစ်​ကင်းစင်​လွန်းလှတဲ့ သတို့သမီး​လေးကို သူဒီ​နေ့ ပိုင်​ဆိုင်​ရ​တော့မှာ​ပေါ့​လေ...
ဘေးက Hun က လှမ်းတို့လိုက်​​တော့မှပဲ အ​တွေးတို့ ရပ်​ကာ လက်​ရှိ​လောကကြီးထဲ ပြန်​​ရောက်​လာခဲ့တယ်
"​ဟျောင့်​ yeol မင်း အဲ့​လောက်​ကြီးလဲ ကြည့်​မ​နေနဲ့ မင်းချစ်​တာ လူတိုင်းသိတယ်​ ဒီ​နေ့ပဲ မင်း မိန်းမဖြစ်​​တော့မယ်​"
hun စလိုက်​မှ ဘာလုပ်​ရမှန်း မသိကာ... Baek အနားကို သွားလိုက်​ရင်း...
Baek ပခုံး​လေး​ပေါ် yeol လက်​က​လေး နူးနူးညံ့ညံ့ တင်​လိုက်​ကာ...
"Baek ya.. ဒီကမ္ဘာ​လောကကြီးမှာ ​မွေးဖွားလာခဲ့လို့ ​ကျေးဇူးတင်​ပါတယ်​... ကိုနဲ့ ​တွေ့ဆုံခွင့်​​ပေးခဲ့လို့ ​ကျေးဇူးတင်​ပါတယ်​..ကို့ရဲ့ သတို့သမီး​လေး ဖြစ်​​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​.. ကိုယ့်​​နောက်​ကို ယုံယုံကြည်​ကြည်​နဲ့ လိုက်​ခဲ့လို့လဲ ​ကျေးဇူးတင်​ပါတယ်​.. ကို baek ကို အရမ်းချစ်​တယ်​ဆိုတာကို ဘယ်​​တော့မှ မ​မေ့ရဘူး​နော်​"
baekလဲ နှစ်​နှစ်​ကာကာ​လေး ပြုံးလိုက်​ကာ...
"ဒါ​ပေါ့ ကိုရဲ့... Baek က​တော့ ကို့ကို ဘာမှ မ​ပြော​တော့ဘူး​နော်​.. Baek ကို့ကို ဘယ်​​လောက်​ချစ်​တယ်​ဆိုတာ အလုပ်​နဲ့ သက်​​သေပြသွား​ပေးမှာ.."
ဘေးနားက ကြည့်​​နေ​သော... Sehun နဲ့ Lulu မှာ​တော့... သူတို့ သူငယ်​ချင်း နှစ်​​ယောက်​ကို ကြည့်​ပီး ​ခေါင်း​တွေ တငြိမ့်​ငြိမ့်​နဲ့...
^^^^Phone ring^^^^
"Hello!! Oh Sehun ​ပြော​နေပါတယ်​"
"sehun ya... ငါပါဟ Soo ​လေ"
Sehun မျက်​နှာပျက်​သွားပီး....
"Yeol နဲ့ Baek ငါ ခန်းမထဲက​နေပဲ သွား​စောင့်​​တော့မယ်​​နော်​"
"inn okay ​လေ"
yeol က ပြန်​​ဖြေလိုက်​​တော့... Sehun အခန်းထဲက ထွက်​သွား​​လေသည်​..
"​ပြော Soo ဘာကိစ္စလဲ"
"ဟာ နင်​ကလဲ ကိစ္စက​တော့ မရှိဘူး​ပေါ့ ဒါမဲ့လဲငါ နင်​တို့နဲ့ ​တွေ့ချင်​လို့ ​ဖုန်းဆက်​တာ​ပေါ့ မ​နေ့ကပဲ airport မှာ နင်​နဲ့ငါ​တွေ့တယ်​​လေ.. နင်​ပဲ ​လော​လောနဲ့ စကား​သေချာ မ​ပြောလိုက်​ရလို့.. အာ့ ဒီ​နေ့ ​တွေ့ကြမယ်​​လေ... Yeol ​ရော ဘာလုပ်​​နေလဲ ငါ yeol နဲ့လဲ ​တွေ့ချင်​တယ်​.. မ​နေ့က ငါ နင့်​ဆီက yeol ph နံပါတ်​ပါ ​တောင်းမလို့ နင်​က ​လော​နေတာနဲ့ ငါပါ​မေ့သွားတယ်​... အခု Yeol နဲ့နင်​ အတူတူရှိတယ်​ဆိုရင်​... သူ့ကို ဖုန်း​ပေးလိုက်​အုံး ငါ​ပြောချင်​လို့... "
"အဲ.... အဲ့ဒါက​လေ... ဘယ်​လို​ပြောရမလဲဆို​တော့... Yeol က ငါနဲ့ အတူတူ ရှိတာ မှန်​​ပေမဲ့ အခု အစည်းအ​ဝေး လုပ်​​နေ​တော့ ဖုန်း​ပြောလို့ မရဘူး"
"ဟုတ်​လား... အာ့ဆို ငါ့ကို Yeol ဖုန်းနံပါတ်​ ​ပေး​လေ... ငါ ည​နေ​လောက်​ကျ သူ့ကို ​ခေါ်လိုက်​မယ်​"
"အမ်​... မဖြစ်​ဘူး!!!!"
"ဘာလို့ မဖြစ်​တာလဲ နင်​ကလဲ အလန့်​တကြားနဲ့ ​ဖြေး​ဖြေး​ပြောလဲ ရပါတယ်​..."
"ဟွာ​လေ.... မဖြစ်​ဘူးဆိုတာ... Yeol က သူ ဒီmeeting ပီးတာနဲ့ နိုင်​ငံခြားကို တပတ်​​လောက်​ အလုပ်​ကိစ္စနဲ့ သွားရမှာဆို​တော့... နင့်​ကို ​ပေးလဲ နင်​ဖုန်း ​ခေါ်လို့ မရဘူးမလား.. အာ့​ကြောင့်​ မ​ပေးတာ.. မဟုတ်​လဲ နင်​ ငါ့​ဖုန်းနံပါတ်​ သိ​နေတာပဲ..အဆင်​​ပြေ​နေတာပဲကို.. ဒါနဲ့ Soo တမျိုး​တော့ မထင်​နဲ့​နော်​.. ငါ အခု မအား​သေးလို့ ဖုန်းချလိုက်​​တော့မယ်​.. ဒါပဲ​နော်​"
"​အော်​... ​အေးပါ ​အေးပါ "
Sehun အခုချိန်​မှာ Soo ကို yeol ရဲ့ ဖုန်းနံပါတ်​ မ​ပေးချင်​​သေးပါ... အမှန်​အတိုင်း​ပြောရရင်​ Soo ပြန်​​ရောက်​​နေတယ်​ဆိုတာ yeol ကို အသိကိုမ​ပေးချင်​တာ... ဒါ​မဲ့ Soo က သူ မ​ပေးတာနဲ့ပဲ yeol ဖုန်းနံပါတ်​ မရမဲ့သူမှ မဟုတ်​တာ သူမ စုံစမ်းရင်​ ရနိုင်​​ပေမဲ့... အခုချိန်​မှာ​တော့ Yeol နဲ့ baek ကြားထဲ ဘယ်​သူ့ကိုမှ မဝင်​​စေချင်​တာ.. သူငယ်​ချင်း တစ်​​ယောက်​ရဲ့ ​လောဘလို့ပဲ ဆိုချင်​ဆိုပါ​တော့...
အဲ့လို​ပြောလို့ Soo က​ရော ကျွန်​​တော့်​ရဲ့ သူငယ်​ချင်း မဟုတ်​ဘူးလားလို့ ​မေးရင်​... Soo ကျွန်​​တော်​နဲ့ yeol ဆိုတာ... တကယ့်​ သူငယ်​ချင်း အရင်းကြီး​တွေ... မူလတန်း ဘဝကတည်းက​ပေါ့..
အမြဲမြဲ တတွဲတွဲ အတူတူ ရှိလာတာ အလယ်​တန်း​ကျောင်းသား ဘဝ​ရောက်​​တော့... လူငယ်​သဘာဝ ​ယောက်ျား မိန်းမ သဘာဝအတိုင်း ဘယ်​​လောက်​ပဲ သူငယ်​ချင်း​တွေ ဆို​စေအုံး​တော့ မမြင်​နိုင်​တဲ့ အဖြူ​ရောင်​ သံ​ယောဇဉ်​​တွေထက်​ ပိုလာ​တော့လဲ.... Yeol နဲ့ Soo ချစ်​သူ​တွေ ဖြစ်​ခဲ့ကြတယ်​..
အလယ်​တန်း ဒုတိယနှစ်​​လောက်​ကတည်းက တွဲလာတဲ့ သူတို့ရဲ့ အချစ်​က ဘာပြဿနာမှ မရှိခဲ့ကြဘူး... နှစ်​​ယောက်​သား သူငယ်​ချင်း ဘဝက​နေ ချစ်​သူ​တွေ ဖြစ်​လာ​တော့..တစ်​​ယောက်​နဲ့ တစ်​​ယောက်​ နားလည်​တယ်​.. တစ်​​ယောက်​က ဘာဆို တစ်​​ယောက်​ သိပီးသား
ဒါမဲ့ အဲ့လို ပြဿနာဆိုတာ ဘာမှန်း မသိတဲ့ သူတို့နှစ်​​ယောက်​ကြားမှာ... ကံကြမ္မာတစ်​ခု ဝင်​လာခဲ့တယ်​....
အဲ့ဒါ.. Soo က အထက်​တန်း ​နောက်​ဆုံးနှစ်​ ပြီးတာနဲ့ နိုင်​ငံခြားမှာ အပီးသွား​နေရ​တော့မှာ...
အဲ့တုန်းကလဲ Yeol ခဗျာ အရမ်းခံစားခဲ့ရတာ ကျွန်​​တော်​အသိဆုံး...
Yeol က ဘယ်​​လောက်​ပဲ တား​နေပါ​စေ.. soo က သူ့ဘဝအတွက်​ သွားပါရ​စေ ဘာပဲဖြစ်​ဖြစ်​ သူချစ်​တာ yeol တ​ယောက်​ထဲပါ.. အဲ့တာ​တော့ ယုံ​ပေးပါ... သူ ပြန်​လာနိုင်​ ကြိုးစား​မှာပါ ဒါ​ပေမဲ့ အရမ်းကြီး​တော့ ​မျှော်​လင့်​မထားပါနဲ့ ကတိမ​ပေးနိုင်​လို့ပါလို့ ​ပြောသွားခဲ့တယ်​..
အဲ့တုန်းက Yeol ခံစား​နေရတဲ့ပုံကို အခုထိ မျက်​စိထဲက မထွက်​ဘူး...
ကျွန်​​တော်​ အဲ့ကတည်းက Soo ကို သိပ်​ကြည့်​မရ​တော့တာ... ဘယ်​​လောက်​ပဲ သူငယ်​ချင်း ဖြစ်​ပါ​စေ.. yeol ကို အဲ့လိုလုပ်​တာ​တော့.. ကျွန်​​တော်​ မခံစားနိုင်​ဘူး
ဒါ​ပေမဲ့... အဲ့ Yeol ဆိုတဲ့ ငရူး​လေးက soo ကို သူ နားလည်​ပါတယ်​တဲ့... ဘာပဲဖြစ်​ဖြစ်​ Soo က သူ့ကို ချစ်​တယ်​လို့ ​ပြောသွားခဲ့တာပဲတဲ့.. အဲ့​တော့ ငါတို့ရဲ့ လမ်းခွဲ​လေးက ချစ်​လျက်​နဲ့ ခွဲခဲ့ရတာမို့.. ငါ​ကျေနပ်​ပါတယ်​ကွာ ငါသူ့ကို မမုန်းနိုင်​ပါဘူးတဲ့... ကဲ အဲ့ဒါသာ ကြည့်​​တော့ ဘယ်​​လောက်​​တောင်​ တုံးလဲလို့...
အဲ့လို အရင်​ကနဲ့ မတူ​တော့တဲ့ yeol ကို အရင်​ကအတိုင်း ပြန်​ဖြစ်​​အောင်​ လုပ်​​ပေးခဲ့တာက baek ပဲ​လေ...
Baek နဲ့ yeol ​တွေ့တာ second yr မှဆို​ပေမဲ့လဲ.. baek ​ကြောင့်​မို့ပဲ yeol က ​ပျောက်​ဆုံး​နေတဲ့ အပြုံး​တွေ ပြန်​ရလာသလို... အရင်​ကထက်​​တောင်​ ပိုပီးတက်​ကြွတဲ့ Yeol ဖြစ်​ခဲ့တာ.. အခုလဲ ကြည့်​​လေ... ငါတို့​တွေ ​ကျောင်းပီးပီး နှစ်​နှစ်​​လောက်​အထိ အဆက်​အသွယ်​​တွေ ပျက်​မသွားကြပဲ.. baek နဲ့ yeol လက်​ထပ်​ဖို့ ဖြစ်​လာတာ..
ဒီ​နေ့ပဲ လက်​ထပ်​ပီးလို့ Honeymoon သွားမှာကို ငါက ဘယ်​လိုစိတ်​နဲ့ Soo ပြန်​​ရောက်​လာတယ်​ဆိုတာ yeol ကို ​ပြောရမလဲ...
အဲဒါ​တွေထက်​ Baek Soo ကို မသိတာပဲ ကံ​ကောင်းတယ်​ ​ပြောရမယ်​...
*Flashback end*
"ဒါ​ပေမဲ့လဲ.... ငါဒီထက်​ပိုပီး ဖုံးကွယ်​မထားနိုင်​လို့.. နင့်​ကို ​ပြောပြတာ... သူတို့ နှစ်​​ယောက်​​တွေ့တာ ဘယ်​​လောက်​ကြာပီလဲဆိုရင်​ ဆိုရင်​... နင်​တို့ Honeymoon က ပြန်​​လာ​တော့.. သိပ်​မကြာဘူး Soo က yeol ကို ဆက်​သွယ်​တယ်​ ထင်​တယ်​.. သူတို့​တွေ့ကြတာ.. yeol က​တောင်​ ငါ့ကို ​ပြော​နေတာ Soo ​ရောက်​တယ်​ဆိုတာ သူ့ကို မ​ပြောလို့တဲ့.. ငါက​တော့ ​ပြောဖို့​မေ့သွားတယ်​လို့ပဲ ​ပြောလိုက်​တယ်​"
"အဲ့​တော့.... ငါ ဘာဆက်​လုပ်​သင့်​လဲဟင်​??? ငါ့ကို ကူပီး ဝိုင်း​ပြော​ပေးကြပါအုံး... Hunna Luluya... jelba :-( :-("
---------------------------------
to be continued..
고맙습니다...

You've reached the end of published parts.

⏰ Last updated: Sep 09, 2015 ⏰

Add this story to your Library to get notified about new parts!

Unbroken LoveWhere stories live. Discover now