မဖြစ်နိုင်တာတွေများလာတဲ့အခါ......
ဖြစ်ချင်တာတွေမဖြစ်ရတဲ့အခါ......
ဖြစ်ချင်တာတွေက လိုချင်မှုပါတဲ့အတ္တတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။
မကောင်းမှန်းသိလျက်နဲ့ပဲ အတ္တတွေကိုအနားခေါ်ထားမိခဲ့တယ်။
ကျွန်တော့်ရဲ့အတ္တတွေကြောင့် အချစ်တွေပျက်စီးခဲ့မည်ကိုသိခဲ့လျှင်~~~
ကျွန်တော့်ရဲ့အတ္တတွေကြောင့် သံယောဇဉ်တွေ ကုန်ခမ်းသွားမည်ကိုသိခဲ့လျှင်~~~
ကျွန်တော့်ရဲ့အတ္တတွေကြောင့် ပတ်ဝန်းကျင်ကသူတွေ ထိခိုက်ရမည်ကို ကြိုသိခဲ့လျှင်~~~
ကျွန်တော့ရဲ့အတ္တတွေကြောင့် အသက်ထက်ချစ်ရတဲ့သူ ထိခိုက်ရမည်ကို ကျွန်တော်ကြိုသိခဲ့လျှင်~~~~
××××××××××××××××
exp:1 Where,I was born."မွေးပြီဗျို့...မွေးပြီ...အရှင်ရေမွေးပြီဗျို့"
တိတ်ဆိတ်နေသော နန်းတော်ဆောင်တစ်ခုလုံး အသံတွေညံကုန်သည်။ ဘုရင်မင်းကြီး Lee Soo Min မှာ ဝတ်ရုံတော်ပင် သေချာမခြုံနိုင် အဆောင်တော်မှပြေးထွက်လာကာ။"ဘယ်သူလဲ။ ဘယ်သူမွေးတာလဲ"
"မှန်ပါ့ မိဖုရား Ahra ပါဘုရား"
"ဟေ...ဘာလေးလဲ"
"A.N.Jell လေးပါဘုရား။ ရွှေအဆင်း ရွှေအရောင်နဲ့ပြည့်စုံတဲ့ A.N.Jell လေးပါဘုရား"
မင်းကြီး Lee Soo Min အားရကျေနပ်သွားသည်။"ဒါဆိုမြန်မြန်သွားကြည့်ရအောင်"
"မှန်ပါ့"
နှစ်ဦးစလုံးရဲ့ခြေလှမ်းတွေက ကလေးငိုသံဆူညံနေတဲ့ Ahra ဆောင်ဆီသို့...
~~~~~~~~~~~
နန်းညီလာခံဝယ်......"ဘုရင်ကြီးကြွချီလာပါပြီ"
ခန်းမဆောင်တစ်ခုလုံး လင်းထိန်သွားသည်။ ရွှေဝါရောင်ပဝါလေးတစ်ခု လေထဲလွင့်လာပြီး ပလ္လင်ပေါ်သွားတင်လေသည်။ မှူမတ်တွေအားလုံး ဒူးညွှတ်အရိုအသေပေးကြသည်။ အပေါ်ဘက်တံခါးပွင့်လာပြီး မင်းကြီး Lee Soo Min နဲ့ မိဖုရား Ahra တို့ ပျံဝဲဝင်ရောက်လာကြသည်။ မင်းကြီးရာဇပလ္လင်ပေါ် သက်ဆင်းထိုင်လိုက်သည်နှင့် ရွှေရောင်တဖျက်ဖျက်တောက်ပနေသော အတောင်တစ်စုံမှာ နောက်ကျောဘက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
YOU ARE READING
A.N.JELL
Historical FictionThis story is my dream. There is no Korean Idol. But all are relative. If you see my fiction, I hope you read. Please, read and give vote for me. I believe my dream is true. Hope you like it.