Chapter(4)

172 16 0
                                    

part:(4) It is not the end

ခေါင်းတွေမူးနောက်နေသည်။ မျက်လုံးများပြာဝေကာ ဘာမှမမြင်ရတော့။ အားများဆုတ်ယုတ်နေသောကြောင့် ကျွန်တော်မတ်မတ်ပင်မထိုင်နိုင်ပါ။ ကြမ်းပြင်ပေါ်တွင် နူန်းချိစွာပစ်လှဲရင်း ကျွန်တော်အသက်ကိုမှန်အောင်မနည်းရှူနေရသည်။ ခုနှစ်ရက်တာ အစာမစားရခြင်းနှင့် ကျဉ်းကျပ်စွာပိတ်လှောင်ထားခြင်းက ရွှေဘုံမြင့်စံမင်းသား ကျွန်တော့်အတွက် အားအင်တွေကိုဆုတ်ယုတ်စေသည်လေ။

ယခုကျွန်တော့်ခန္ဓာကိုယ်ထဲတွင် စွမ်းအားတွေထကြွနေလေပြီ။ မကြာာခင် ကျွန်တော် ဒီ A.N.JELL လောကကြီးကရော ဒီစကြဝဠာကြီးကပါ ထာဝရပျောက်ကွယ်သွားတော့မည်။ ကျွန်တော်ပျောက်ကွယ်မသွားခင်မယ်တော့်ကိုနှုတ်ဆက်ချင်သည်။ Tayhyun, Wonpim, Joonho ညီအစ်ကိုတို့ကိုတွေ့ချင်သည်။ ဒါပေမယ့် ကျွန်တော်မစွမ်းနိုင်တော့ပြီ။

ကျွန်တော့်မျက်လုံးများမှေးစင်းလာပြီးနောက်ဆုံးတွင်.........

ကျွန်တော်အခု စတင်ပျောက်ကွယ်နေပြီလား။ အရာရာအားလုံးသန့်စင်နေသည်။ အဖြူရောင်ကမ္မာလေးထဲ ကျွန်တော်မျောလွင့်နေသည်။ ဒီခံစားမှုကဘာလဲ။ ပျောက်ကွယ်လာရင် ခံစားရတဲ့ ခံစားမှုလား။ အရမ်းကိုပေါ့ပါးတာပဲ။ ဟင့်အင်းမဟုတ်သေးဘူး။ တည်ငြိမ်သွားတာ။ အေးချမ်းသွားတာ။ နောက်ဆုံးခံစားမှုက အားတွေပြည့်လာတာ။ ဒီခံစားမှုက......

"Hyung...Hyung"

"Jae အားတင်းထားစမ်းပါ"

"ထတော့ Jae...ထတော့"

ကျွန်တော်မျက်လုံးများကိုဖွင့်လိုက်သည်။ အသက်ရပ်သွားသူပမာ အသက်ကိုမနည်းရှူနေရသည်။ ပုံမှန်ပြန်ဖြစ်သွားမှ ဘေးဘီဝဲယာ ကြည့်လိုက်တော့...

"ဟာ...Tayhyun, Wonpim, Joonho မင်းတို့ဘယ်လို ဒီကို။ ဟင်...ဒါက ဘယ်နေရာလဲ"

ကျွန်တော့်ဘေးမှာ A.N.JELL တွေ။ ပြီးတော့ ကျွန်တော်တို့ ရောက်ရှိနေသည့်နေရာကား တောအုပ်ကြီးတစ်ခုထဲ။

"မင်းကို ငါတို့ ကယ်ထုတ်လာတာ Jae"

"မင်းတို့က ငါ့ကို"

A.N.JELLWhere stories live. Discover now