CYBM_2

7.4K 712 7
                                    


ChanYeol သူ့ အိတ်​ ထဲ က laptop ​လေး ကို ထုတ်​ လိုက်​ ပြီး ကုတင်​ ​ပေါ် မှာ ထိုင်​ လိုက်​ တယ်​.. laptop ဖွင့်​ ​နေ ရင်း သမ်း မိ ပါ တယ်​.. ဟုတ် တယ်​ ​လေ အချိန်​ ကလည်း ည၁နာရီ ​တောင်​ ရှိ ​နေ ပြီ ကိုး..သူ laptop ထဲ ​မွှေ ​နေ တုန်း BaekHyun လည်း အခန်း ထဲ ဝင်​ လာ ပါ တယ်​.. အခု မှ ​ရေချိုး လာ တာ ဆို ​တော့ ​ခေါင်း က ​ရေ စက်​လက်​ နဲ့ ​ပေါ့.. ပခုံး ​ပေါ် က တဘက်​ ​လေး နဲ့ ​ခေါင်း သုတ်​ ရင်း ဝင်​ လာ တာ ပါ..

ChanYeol က​တော့ ကုတင်​ ​ပေါ် က​နေ လိုက်​ ကြည့်​ ရင်း BaekHyun နဲ့ မျက်​လုံး ချင်း ဆုံ ​တော့ ပြုံး ပြ လိုက်​ ပါ တယ်​.. BaekHyun လည်း ခုနက အိပ်​ ချင်​ မူးတူး နဲ့ ဆို ​တော့ ​ယောင်​​တောင်​​တောင်​ ပါ ပဲ..အခု မှ ChanYeol က သူ့ အခန်း ထဲ ​ရောက်​ ​နေ တာ သတိ ထား မိ ပြီး..  သူ့ အခန်း ​ဖော်​ ပါ လား ဆို တာ ​သေချာ သိ သွား ပါ တယ်​..အခု လည်း သူ့ ကို ပြုံးပြ ​နေ တဲ့ ChanYeol့  ကို တချက်​ ပဲ ကြည့်​ ပြီး ပြန်​ လှည့်​ သွား ကာ သူ့ computer ​လေး ဆီ သွား ထိုင်​ လိုက်​ ပါ တယ်​..

ChanYeol လည်း ပခုံး ​ပေါ် တဘက်​ ​လေး တင်​ ပြီး computer ​ရှေ့ ထိုင်​ ​နေ တဲ့ BaekHyun ​ကျော ပြင်​ ​လေး ကို ကြည့်​ ရင်း ရုတ်​တရက်​ သူ့ laptop ကို ပိတ်​ ကာ ကုတင်​ ​ပေါ် က ဆင်း လာ တယ်​.. ပြီး ​တော့​ BaekHyun ဆီ တည့်​ တည့်​ ​လျှောက်​ သွား လိုက်​ ပြီး BaekHyun ပခုံး ​ပေါ် က တဘတ်​ ​လေး ကို ယူ လိုက်​ တယ်​..

Baek လည်း သူ့ ဆံပင်​ ​တွေ ဆီ ​ရောက်​ လာ တဲ့ တဘက်​ နဲ့ လက်​ တစ်​စုံ ​ကြောင့်​ လန့်​ သွား ပြီး ​နောက်​ လှည့်​ ကြည့်​ လိုက်​ ​တော့ ChanYeol က သူ့ ​ခေါင်း ကို လာ သုတ်​ ​ပေး ​နေ တယ်​ ​လေ..

" မင်း ဘာ လုပ်​ တာ လဲ?"

" မင်း ​ခေါင်း ကို ​ရေ သုတ်​ ​ပေး တာ ​လေ.."

" ​အေး ​လေ ..ဘာ ကိစ္စ လုပ်​ တာ လဲ လို့ ​မေး ​နေ တာ?"

" ​ရေ စို ​နေ လို့ ​ပေါ့ ကွ.."

" အဲ့ဒါ မင်း အပူ လား? ကိုယ့်​ အကန့်​ နဲ့ ကိုယ်​ ​နေ ..Ok?"

" ငါက ​စေတနာ နဲ့ လုပ်​ ​ပေး တာ ကို..မင်း ​ခေါင်း က ​ရေ မ​ခြောက်​ ​သေး ပဲ အိပ်​ ရင်​ ​နေ မ​ကောင်း ဖြစ်​ မှာ စိုး လို့ ပါ " ChanYeol ​ပြော ​နေ တာ ကို နား မ​ထောင်​ ပဲ လက်​ ထဲ က တဘက်​ ကို ဆွဲယူ သွား ပြီး သူ့ ကုတင်​ ​ပေါ် သူ တက်​ သွား ပါ တယ်​ ..ChanYeol က​တော့ နှုတ်​ခမ်း ​လေး ဆူ ရင်း ..ည အိပ်​ မီး ​လေး ပဲ ချန်​ ကာ မီး ​ချောင်း ကို ပိတ်​ လိုက်​ ပါ တယ်​.. ပြီး ​တော့ ကုတင်​ ​ပေါ် ကုတ်​ ကုတ်​ ​လေး ပြန်​ တက်​ သွား ပြီး မျက်​လုံး ကို မှိတ်​ ထား လိုက်​ တယ်​..

Can You Be Mine? (2015)Where stories live. Discover now