CYBM _4

7.1K 678 11
                                    


ရုတ်​ တရက်​ အနမ်း ခံ လိုက်​ ရ ​တော့ Baek ၁​ယောက်​ shock ဖြစ်​ သွား တယ်​.. သူ့ ​ရှေ့ က Yeol ကလည်း သူ့ကို ​ကြောင်​ ကြည့်​ ​နေ တယ်​.. Yeol လည်း မျက်​နှာ ​တွေ ပူ လာ ပါ တယ်​.. သူ လုပ်​ လိုက်​ တဲ့ လုပ်​ရပ်​ ​ကြောင့်​ Baek စိတ် ဆိုး ပြီး သူ့ ကို ပို မုန်း သွား မှာ လည်း ​ကြောက်​ ​နေ တာ ​ပေါ့.. Baek က မျက်​​မှောင်​ကြုတ်​ ကာ ထရပ်​ လိုက်​ ပြီး ကုတင်​ ​ပေါ် က ဆင်း ကာ အခန်း တံခါး ဖွင့်​ ပြီး အပြင်​ ​ပြေး ထွက်​ သွား ပါ တယ်​.. Yeol အဲ့​နေရာ မှာ တင်​ ​ကျောက်​ရုပ်​ ဖြစ်​ ကာ ကျန်​ ခဲ့ တယ်​.. ခဏ ကြာ မှ သတိ ပြန်​ ဝင်​ လာ ပြီး ဆံပင်​ ​တွေ ကို ထိုးဖွ ကာ ​ခေါင်း ကို ကုတ်​ ပြီး ထိုင်​ ရ မလို ထရ မလို ...

~~ Arrr..ငါ ဘာ ​တွေ သွား လုပ်​ လိုက်​ တာ လဲ? ​သေစမ်း ​သေစမ်း.. ဟို က အမြင်​ မကြည်​ ပါ ဘူး ဆို မှ...အာ....~~ Baek အိပ်​ယာ ​ပေါ် မှာ ပဲ လူးလှိမ့်​ ကာ ကိုယ့်​ကို ကိုယ်​ အပြစ်​ တင်​ မဆုံး ဖြစ်​ ​နေ ​လေ ရဲ့..ဒါ​ပေမဲ့ သူ ဒီလို ​နေ လို့ မဖြစ်​.. Baek ​နောက်​ လိုက်​ ​တောင်းပန်​ ရ မယ်​ ဆို ပြီး အခန်း ထဲ က ထွက်​ လာ တယ်​..

" BaekHyun ​ရော?"

" ​ရေချိုးခန်း ထဲ ဝင်​ သွား တယ်​ " Sehun က TV ကြည့်​ ​နေ ရင်း ပြန်​ ​ဖြေ လိုက်​ ပါ တယ်​..

Baek ​ရေချိုးခန်း ထဲ ကို ​ပြေး ဝင်​ သွား တယ်​.. တံခါး ကို lock ချ ကာ နံရံ ကို မှီ ရင်း ခုနက အ​ကြောင်း ကို ပြန်​ မြင်​ ​ယောင်​ ​နေ တယ်​..

" သူ..သူ ငါ့ကို.. " Baek ၁​ယောက်​ ထဲ ​ပြော ရင်း ​ယောင်​ရမ်း ကာ သူ့ နှုတ်​ခမ်း ကို သူ ပြန်​ စမ်း ကြည့်​ ​နေ မိ တယ်​.. ပြီး ​တော့ ​ဘေစင်​ ​ရှေ့ သွား ကာ မှန်​ ထဲ က သူ့ နှုတ်​ခမ်း ​လေး ကို ကြည့်​ ​နေ ရင်း ..သူ သတိ မထား လိုက်​ မိ ခင်​ မှာ ပဲ နှုတ်​ခမ်း ကို လျှာ ​လေး နဲ့ သပ်​ လိုက်​ မိ တယ်​ ​လေ..အဲ့​တော့ မှ သူ့ ကိုယ်​ သူ သတိထား မိ ပြီး လန့်​ သွား တယ်​.. ​ခေါင်း ကို တွင်​တွင်​ ခါ ပြီး ​ရေ ဖွင့်​ ချ ကာ မျက်​နှာ ကို အားရ ပါးရ သစ်​ ပစ်​ လိုက်​ တယ်​.. ပြီး ​တော့ မှ မျက်​နှာ ကို ​ခြောက်​ ​အောင်​ သုတ်​ ပြီး ​ရေချိုးခန်း ထဲ က ထွက်​ လာ တယ်​.. ​ရေချိုးခန်း ထဲ က ထွက်​ လာ ​တော့ ဧည့်​ခန်း မှာ ထိုင်​ ​နေ တဲ့ Yeol့ ဆီ အကြည့်​ ​ရောက်​ သွား ပြီး ၂​ယောက်​ သား အကြည့်​ ချင်း ဆုံ သွား ပါ တယ်​.. ဒါ​ပေမဲ့ Baek က ဂျို ကြည့်​ ကြည့်​ ကာ သူ့ အခန်း သူ ဝင်​ သွား ​တော့ Yeol လည်း သက်​ပြင်းချ ပြီး ​ခေါင်း သာ ကုတ်​ ​နေ မိ ​တော့ တယ်​..

Can You Be Mine? (2015)Where stories live. Discover now