All of me (2)

4.1K 344 5
                                    

Lee Chanmin ဆိုတဲ့ကောင်လေးကို Soo နှလုံးသားထဲမှာနေရာပေးလိုက်မိတဲ့နေ့လေးကတော့......

break time ပေါ့။Soo ပြတင်းပေါက်မှာမေးလေးတင်ပြီးအပြင်ကိုငေးနေတုန်းး ဝွီ... ဆိုတဲ့အသံကိုအဆက်မပြတ် တဝွီဝွီနဲ့ကြားနေရတော့တာပဲ။အသံကိုဂရုမစိုက်ဘဲဆက်ထိုင်နေတော့ soo မျက်နှာနားမှာ helicopter သေးသေးလေးတက်လာပြီး ဗီနိုင်းနဲ့ရေးထားတာက

Happy Birthday Soo<3
Be Happy

ဆိုတဲ့စာလေးပါပဲ။Soo ဒီလိုမွေးနေ့ကိုမေ့နေချိန်မှာသတိရပေးတဲ့ Chanmin ကို Soo ကြွေသွားတာဝန်ခံပါတယ်။ဒါပေမယ့် Soo ဘာသိဘာသာပဲနေခဲ့တယ်။Sooတို့ချစ်သူဖြစ်တဲ့နေ့က Febauary 14 ချစ်သူများနေ့မှာပေါ့။အားလုံးရှေ့မှာဒူးထောက်ပြီးအဖြေတောင်းတဲ့ chan min ကို ငြင်းဖို့ soo မှာအင်အားမရှိခဲ့ပါဘူး။soomin couple ကိုကန့်ကွက်မယ့်သူမရှိခဲ့သလို အားလုံးအားကျလောက်အောင်တွဲခဲ့ကြတယ်လေ။ပြသနာက ဒုတိယနှစ်မှာစတာပဲ။Gun ho ဆိုတဲ့လူဆိုးစာရင်းဝင်နဲ့ပေါင်းပြီး Gun ho က Minah ဆိုတဲ့တစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့တယ်။ပိုဆိုးတာက soo နဲ့ chan min နဲ့အခန်းမတူတော့ chan min ဘာတွေလုပ်နေလဲ soo မသိရဘူးပေါ့။နောက်ပိုင်းမှာ soo ပြန်ကြားတာက chan min club သွားတတ်နေပြီဆိုတာနဲ့ ကျောင်းသူလို့မထင်ရလောက်အောင် sexy ကျလွန်းတဲ့ Gu Minah နဲ့တွဲခုတ်နေတယ်ဆိုတာပါပဲ။နောက်ဆုံးဘယ်ထိဆိုးရွားလာသလဲဆိုရင် Minah က chan min နဲ့အကြင်နာပေးတဲ့ပုံတွေက IG မှာလွှင့်တဲ့ထိအတင့်ရဲခဲ့ကြတယ်။ကျောင်းကသူယ်ချင်းတွေက Minah ကိုအပြစ်ပြောလာတော့ တရားဝင်လမ်းခွဲဖို့တောင်းဆိုလာတော့တာပဲ။Minah ကိုအပြစ်ပြောမှာပေါ့ သူ Tag လုပ်တဲ့ IG acc profile picture က Soo နဲ့ chan min တွဲရိုက်ထားတဲ့ selfile ပုံလေ။ရည်းစားရှိတဲ့သူနဲ့တွဲရဲတယ်ဘာညာပြောတော့ chan min က soo ကိုဖြတ်တော့တာပေါ့။

Flash end ***

soo's pov : chan min ... နင်နဲ့ငါနဲ့တွေ့ကြပြီပေါ့ဟာ စွန့်ပစ်ခံရတဲ့ခံစားချက်ကဘယ်လောက်နာကျင်တယ်ဆိုတာနင်သိစေရမယ်
########################
နောက်တစ်ပတ်ကြာတော့ ကျောင်းကိုကျောင်းသားသစ်ပြောင်းလာခဲ့တယ်။

" Nice to meet you guy ! I'm Kim Jongin... အားလုံးကတော့ Kai ဆိုမှသိမယ်ထင်တယ် ငါ့ကိုကြိုဆိုပေးကြပါဦး "

အတန်းထဲကလူအားလုံးရဲ့မျက်နှာမှာစိုးရိမ်ခြင်းကြောက်လန့်ခြင်းတွေနဲ့ပြည့်နေကြတယ်။

kai : sam... ကျွန်တော် Do Kyung Soo နဲ့အတူထိုင်ချင်ပါတယ်

kai စကားဆုံးတာနဲ့ soo ဘေးကကောင်လေးကပစ္စည်းတွေကောက်သိမ်းပြီးနေရာရွှေ့လိုက်တယ်။ဆရာလည်းထွက်သွားတယ်။kai soo ရှိရာကိုလျှောက်လာပြီး soo နဲ့လက်သီးချင်းတိုက်လိုက်တယ်။

soo : welcome back Kai...

kai ကနေရာရွှေ့သွားတဲ့ကောင်လေးကိုကြည့်ရင်း

kai : မင်းရဲ့အလိုက်သိတတ်မှုအတွက် ငါမင်းကိုလျှော်ပေးလိုက်မယ် Okay ?
_____________
lunch time မှာတော့အားလုံးပါးစပ်ဖျားမှာရေပန်းစားနေတဲ့သတင်းကတော့

girl 1 : Kai ပြန်လာပြီတဲ့ မလွယ်ဘူး

girl 2 : သူ America မှာကျောင်းသွားတက်နေတာမလား

girl 1 : ဘာလို့ပြန်လာတယ်မသိဘူး ငါတော့တွေးမိရုံနဲ့ကြက်သီးထတယ်

boy 1 : သူထွက်သွားတော့ငါ့မှာပျော်လိုက်ရတာ အခုတော့ ငါ့ရဲ့အထက်တန်းကျောင်းသားဘဝကတော့မတွေးဝံ့စရာဘဲ

boy 2: Kai ကဘာလို့လဲ ငါကပထမနှစ်မှပြောင်းလာလို့မသိဘူး

boy 1 : အမလေး Kai ဆိုတာကနာမည်ကြားရုံနဲ့တုန်နေအောင်ကြောက်ရတဲ့လူမျိုး ဒီကျောင်းရဲ့ဒါရိုက်တာက သူ့အမေလေ။သူစိတ်နဲ့ဓာတ်မတည့်ရင် yawjar namjar မရွေးဘူး အနည်းဆုံးတော့ ၇ ရက်လောက်ဆန်ပြုတ်သောက်ရမယ် မင်းKai ရဲ့ပတ်ဝန်းကျင်မှာနေမယ်ဆိုရင်တော့ ဆန်ပြုတ်ကြိုက်တတ်အောင်လေ့ကျင့်ထားတဲ့ အဲ့ဒါသူပြောနေကျစကားပဲ

boy 2 : ဒါဆိုဒီကျောင်းမှာသူ့ကိုနိုင်တဲ့သူမရှိဘူးပေါ့လေ

boy 1 : တစ်ယောက်တော့ရှိတယ် Do Kyung Soo လေ Kai က အဲ့ကောင်မလေးပြောတာတော့နားထောင်တတ်တယ်။မင်းဆန်ပြုတ်မကြိုက်ရင် Do Kyung Soo နဲ့အဆင်ပြေအောင်ကြိုးစားပေါ့ Kai နဲ့အဆင်ပြေတဲ့လူကတော့ ဒီကျောင်းမှာငါတက်လာတဲ့၅ နှစ်အတွင်းDo Kyung Soo ကလွဲရင်တစ်ယောက်မှမရှိဘူး
********
TBC•••••
Kai က ဘာလို့ပြန်လာတယ်ဆိုတာကတော့နောက်အပိုင်းတွေမှာလာမယ်ပေါ့နော်။ဖတ်ပေးတဲ့အတွက် Gomarwor 90°! Saranghae mwash :-*^_^
*ice*

All of me ( KaiSoo)Where stories live. Discover now