All of me (3)

4K 350 8
                                    

Kai : ပြောပါဦးsoo ရယ်နင်ငါ့ကိုချက်ချင်းပြန်လာခိုင်းတဲ့ကိစ္စ

soo : ငါပြောပြီးသားပဲဟာ

kai : ငါသိတာကဖြစ်ပြီးသားကိစ္စလေ ငါသိချင်တာရှေ့ဆက်မယ့်မနက်ဖြန်

soo : Jongin ah ... နင် Minah ကိုရအောင်လိုက်ရမယ် Minah နင့်ကိုစွဲလန်းအောင်နင်လုပ်ရမယ်

Kai လွမ်းနေရတဲ့ Jongin ah ဆိုတဲ့အသံလေး။ဒီနာမည်ကို Omma နဲ့ soo ပဲခေါ်တာလေ ။Appa နဲ့ Hyung တောင် Kai လို့ပဲခေါ်တာ။ဒါပေမယ့်အသံကဝမ်းနည်းနေပြီးSoo ရဲ့မျက်နှာမှာနာကြည်းမုန်းတီးမှုတွေအထင်သားမြင်နေရတယ်။

kai : soo ... ငါအဲ့လိုလုပ်ပေးရင်နင်ပျော်ရွှင်မှာလား

soo : Imm ... Lee Chanmin ငါ့လိုခံစားရမယ်ဆိုရင်ငါပျော်ရွှင်နိုင်မယ်ထင်တယ်

kai : ဒါဆိုနင်ငါ့ကိုဂတိ၂ခုပေးရမယ်

soo : ဘာများလဲဟ

kai : တစ်ခုကနင်တစ်သက်လုံးပြုံးပြုံးရွှင်ရွှင်နဲ့နေသွားပါ့မယ်ဆိုတဲ့ကတိ။

soo : Huh ?? ဘာများလဲလို့ နင်ငါ့နားမှာရှိနေပြီပဲ ငါမပြုံးနိုင်စရာမှမရှိတာ

kai's pov : နင်ပြုံးနေရင်သိပ်လှတာဟ နင့်အပြုံးတွေကငါ့အတွက်အင်အားတွေပဲ။နင့်အပြုံးတွေကငါ့ကိုစိတ်ချမ်းသာစေတယ် အေးချမ်းစေတယ်

kai အတွေးလွန်နေတာsoo ပြောတာတောင်မကြားလိုက်။

kai : Huh ! miya ... နင်ဘာပြောတာလဲ

soo : aww... နောက်တစ်ခုကကောလို့

kai : နောက်တစ်ခုကဒီကိစ္စတွေအားလုံးအဆုံးသတ်ပြီးမှပဲပြောတော့မယ်

soo : Khadal ... Promise Jongin ...

************
JJ Club 》》》

Kai ,club ထဲဝင်လာပြီးသူ့တာဝန်အရ Minah ဆိုတဲ့တစ်ယောက်ကိုရှာလိုက်တယ်။ဟော...တွေ့ပါပြီ။အသားနဲ့တစ်ထပ်ထဲကပ်နေသောအနီရဲရဲဂါဝန်ကပေါင်လည်လောက်သာရှည်သည်။၆လက်မဒေါက်နဲ့ကနေသည်ကိုကြည့်ခြင်းဖြင့်pro တစ်ယောက်ဆိုတာသိသာစေသည်။သူမရဲ့ shape ကသာမာန်ယောက်ျားတစ်ယောက်အဖို့ညွတ်ဆင်းသွားစေသည့်ပုံ။မျက်နှာကိုပြင်ထားသည်မှာလည်း လှသည်ဟု၍တော့မပြောသာ။သို့သော် sexy ကျလှသည်။သူမကိုခြုံကြည့်လျှင်ခေတ်ရှေ့ပြေးလွန်သေညမိန်းကလေးမှန်းသိသာစေသည်။အခုလည်းမူးနေပုံရသည်။ကနေသည်မှာမမောနိုင်မပန်းနိုင်။Kai ..သူမနားကပ်သွားကာအနီးဆုံးအနေအထားနှင့်ကနေလိုက်သည်။သူမကလည်းkai နှင့်ထပ်တူပင်ကနေသည်မှာ couple ပမာ။သူမမောသွားဟန်တူ၍အပြင်ဘက် bar မှာထိုင်ရင်းမိတ်ဆက်လိုက်သည်။

All of me ( KaiSoo)Where stories live. Discover now