♥ ♥ Our Love Story♥ ♥

4.5K 255 8
                                    

ဟွာ​လေ...အနမ်းကိုပုံ​ဖော်​တာနည်းနည်းများသွားလားသိဘူး..အရမ်း​တော့မဆိုးပါဘူး..ဟီး:-)

Fic Starts...

စည်​ပင်​သာယာလှပ​နေ​သောဂျိုဆွန်းတိုင်းပြည်​ကြီးသည်​ဘုရင်​ကြီးPark Yixing၏တရားမျှတ​သောအုပ်​ချုပ်​မှု​အောက်​တွင်​ငြိမ်းချမ်းသာယာလျက်​ရှိသည်​..တရားမျှတ​သောဘုရင်​ဖြစ်​​၍ပြည်သူပြည်​သားများကလည်းချစ်​မြတ်​နိုး​လေးစား​ကြသည်​..မိဖုရားSuhoမှဖွားမြင်​​သောအိမ်​​​ရှေ့စံမင်းသား​လေးPark Chanyeolအားဘုရင်​Yixingသည်​ငုံထားမတတ်​ချစ်​မြတ်​နိုးသည်​...ဆယ်​​ကျော်​သက်​အရွယ်​အိမ်​​ရှေ့စံမှာလူငယ်​တို့သဘာဝအတိုင်းအချုပ်​အချယ်​​တွေနဲ့​နေရတာမကြိုက်​...သာမန်​ပြည်​သူပြည်​သား​တွေလိုလွတ်​လွတ်​လပ်​လပ်​​နေချင်​သည်​..ထို့​ကြောင့်​အခွင့်​အ​ရေးရရင်​ရသလိုနန်း​တော်​ပြင်​ပသို့ခိုးထွက်​​လေ့ရှိသည်​...အိမ်​​ရှေ့စံ၏လုံခြုံ​ရေးအတွက်​စိတ်​မချ​သော်​လည်းYixingခမြာသူလွန်​စွာချစ်​မြတ်​နိုး​သောသား​တော်​က​လေးဖြစ်​၍မဆူရက်​အပြစ်​မ​ပေးရက်​....ထို့​ကြောင့်​အ​နောက်​က​နေသူမသိ​အောင်​လူယုံ​တော်​များ​စေလွှတ်​၍အ​ဝေးမှ​စောင့်​ကြည့်​​စေရသည်​.....

ယခုလည်းအိမ်​​ရှေ့စံတ​ယောက်​နန်း​တော်​မှခိုးထွက်​ကာဂျိုဆွန်း​ဈေးကြီးထဲတွင်​တ​ယောက်​တည်းဟိုဆိုင်​ဝင်​ဒီဆိုင်​ဝင်​နဲ့​လျှောက်​သွား​နေ​လေသည်​....သို့​သော်​ကိုယ့်​ကိုတ​ယောက်​​ယောက်​ကစိုက်​ကြည့်​​နေရင်​​နောက်​​ကျောမလုံသလိုဖြစ်​တတ်​တာလူ့သဘာဝပင်​......

"ငါ့ကိုတ​ယောက်​​ယောက်​ကြည့်​​နေသလိုပဲ..."

အကင်းပါး​သောPark Chanyeolတ​ယောက်​အ​နောက်​သို့ဖြတ်​ခနဲလှည့်​ကြည့်​လိုက်​ရာလူယုံ​တော်​Kaiနှင့်​မျက်​လုံးချင်းဆုံမိ​လေသည်​....

Kaiခမြာရုတ်​တရက်​ဆို​တော့လန့်​သွားကာဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ..​တွေ့တဲ့ဆိုင်​ထဲဝင်​ပြီးပစ္စည်းကြည့်​သလိုလိုဘာလိုလိုအရူးကွက်​နင်း​နေ​လေသည်​...

"Hak hak...Park Chanyeolကိုဒီလိုလာလုပ်​လို့မရဘူး...ကိုယ့်​ဟာကို​အေး​အေး​ဆေး​ဆေး​နေချင်​ပါတယ်​ဆိုမှ..."

♥ ♥ Our Love Story♥ ♥(On Hiatus)Where stories live. Discover now