Part 6

1.5K 184 2
                                    

နံနက်​​စော​စော​​တောတွင်းမှ​ကျေးငှက်​တွန်​ကြူးသံ​တွေ​ကြောင့်​Chanyeolနိုးလာခဲ့သည်​..မျက်​လုံးဖွင့်​ဖွင့်​ချင်းခံစားလိုက်​ရတာက​ချစ်​ရသူက​ပွေ့ဖက်​​ပေးထား၍​နွေး​ထွေးမှုကိုအပြည့်​အဝခံစား​နေရသည်​..သူ့ရင်​ခွင်​ထဲမှ​နေ၍သူ့မျက်​နှာ​ချော​ချောကို​မော့ကြည့်​မိသည်​..

သြော်​..ဘာမှမလုပ်​ပဲမျက်​လုံး​လေးမှိတ်​​ပီးအိပ်​​နေတာ​လေးက​တောင်​ကျွန်​​တော့်​ရင်​ကိုခုန်​ကိုလုပ်​နိုင်​စွမ်းရှိတယ်​​လေ....​လေးကိုင်းသဏ္ဌာန်​မျက်​ခုံး​မွှေးထူထူ​လေး​တွေ..ရှည်​လျား​ကော့ညွှတ်​​နေတဲ့မျက်​​တောင်​​မွှေး​လေး​တွေ...နှင်းဆီဖူး​လေးလိုနီ​ဆွေး​ဆွေးနှုတ်​ခမ်းဖူးဖူး​လေး...ပြည့်​စုံလွန်းပါတယ်​ချစ်​သူရယ်​....

သူ့ကိုတစိမ့်​စိမ့်​ကြည့်​​နေရင်းမျက်​ခွံ​လေးအနည်းငယ်​လှုပ်​လာကာသူအိပ်​ရာနိုးလာသည်​....

"နိုး​နေတာလား?.."

"အင်း.."

"မိုးလင်းပီဆို​တော့မြို့တံခါးဖွင့်​​လောက်​ပီ..လိုက်​ပို့​ပေးမယ်​​လေ.."

"အင်း..."

သူနဲ့တူတူစကားတ​ပြော​ပြောနဲ့​တောလမ်းတ​လျှောက်​လမ်း​လျှောက်​လာတုန်းလမ်းမှာတသွင်​သွင်​စီးဆင်း​နေတဲ့စမ်း​ချောင်းငယ်​​လေးတခု​တွေ့တယ်​..​ကျောက်​စရစ်​ခဲ​လေး​တွေမြင်​​နေရတဲ့အထိကြည်​လင်​​နေတဲ့​စမ်း​ချောင်း​လေးမှာမှအထက်​ဘက်​ကချယ်​ရီပင်​ရှိ၍ထင်​သည်​..​ရေစီး​ချောင်းတ​လျှောက်​ပန်းနု​ရောင်​ချယ်ရီပွင့်​ချပ်​​လေး​တွေ​မြောပါ​နေကြသည်​....

"Yifan-ah..ဒီစမ်း​ချောင်းမှာခဏကိုယ်​လက်​သန့်​စင်​ဦးမယ်​.."

"သွား​လေ.."

စမ်း​ချောင်း​ဘေးသို့သွားကာ​မျက်​နှာသစ်​ရုံနှင့်​မပီး..​ရေတိမ်​ဘက်​နည်းနည်း​လေးဆင်းပီး​ရေ​တွေနဲ့​ဆော့​နေ​သေးသည်​...က​လေးတ​ယောက်​လို​ရေ​တွေနဲ့​ဆော့​နေပုံကိုသူတပါးမြင်​လျှင်​ကြီးကျယ်​မြင့်​မြတ်​​သောအိမ်​​ရှေ့စံဟုထင်​ဖွယ်​ရာမရှိ..သူ​ဆော့လို့ဝ​တော့ကျွန်​​တော့်​ကိုလက်​ယက်​ပီးလှမ်း​ခေါ်တယ်​..

♥ ♥ Our Love Story♥ ♥(On Hiatus)Where stories live. Discover now