Part5

1.7K 220 7
                                    

"ဒီတခါ​ရော..လမ်း​ပျောက်​​နေပြန်​ပီလား?.."

သြော်​..အချစ်​..အချစ်​..​တော်​​တော်​ထူးဆန်းတဲ့အရာပါလား...အင်​မတန်​စကားများပီးဥာဏ်​နီဥာဏ်​နက်​​များတဲ့ကျွန်​​တော်​​လိုလူမျိုး​တောင်​သူ​ရှေ့​ရောက်​ရင်​ဘယ်​လိုဖြစ်​သွားမှန်းမသိဘူး...​​ပြောမယ်​စဉ်းစားထားတဲ့စကား​တွေလည်းဘယ်​​ရောက်​လို့ဘယ်​​ပေါက်သွားလည်းမသိဘူး..နှုတ်​ခမ်းကဆွံ့အ​နေမိသည်​..သူ့​ရှေ့​ရောက်​ရင်​အညှို့ခံလိုက်​တဲ့သား​ကောင်​တ​ကောင်​လိုသူကလွဲပီးကျန်​တာ​ခေါင်းထဲမှာမရှိ​တော့ဘူး..အချစ်​ရဲ့တန်​ခိုး​တော်​​တွေပါ​လေ...

"ဟို...ကျွန်​​တော်​..ဟို..."

လုပ်​ပီ...​ပြောရမယ့်​စကားကထွက်​မလာဘူး..အထစ်​ထစ်​အ​ငေါ့​ငေါ့နဲ့...ရင်​ဘက်​ထဲကနှလုံးသားရယ်​...ခဏ​လောက်​ရင်​ခုန်​သံအမြန်​နှုန်း​လေး​လျှော့​ပေးပါ....ချစ်​ရသူကိုစကား​ဖြောင့်​​ဖြောင့်​​ပြောချင်​လို့ပါ...

"ဘာဖြစ်​​နေတာလဲ....​ချွေး​တွေလည်းပြန်​နေတယ်​.."

အတန်​ကြာသည်​အထိတုန့်​ပြန်​မှုမလာ​တော့ကျွန်​​တော့်​ပုခုံးကိုကိုင်​လှုပ်​ကာ​ဆွဲ​ဆောင်​မှုရှိ​သောအသံခပ်​သြသြနဲ့သူ​မေးသည်​...
"ဟင်​...ဘာ..ဘာမှမဖြစ်​ပါဘူး..ဟီး:-) "

အတည်​​ပေါက်​နှင့်​သာရယ်​ပြလိုက်​ရသည်​..ရှက်​လိုက်​တာ..သူ့​ရှေ့မှာမှဂနာမငြိမ်​ဖြစ်​​နေရတယ်​လို့..

"မသိပါဘူး..မတ်​တပ်​ကြီးများ​သေသွားသလားလို့...:-) "

"ခင်​ဗျား​နော်​.."

ကျွန်​​တော့်​ကိုကြည့်​ပီးရယ်​​နေ​သောသူ့ကိုမျက်​​စောင်းတချက်​ပစ်​​ကျွေးလိုက်​သည်​..

"​နေဦး..ကျွန်​​တော်​ခုထိခင်​ဗျားနာမည်​မသိ​သေးဘူး.."

"သိ​တော့​ရောဘာလုပ်​ဖို့လဲ.."

"ဟာ..ခင်​ဗျားကလည်း..ကျွန်​​တော်​နဲ့ခင်​ဗျားနဲ့ကရင်းနှီး​နေပီ​လေ..နာမည်​​လေး​တော့သိသင့်​တာ​ပေါ့.."

"မင်းနဲ့ငါနဲ့ရင်းနှီးပီလို့ဘယ်​သူ​ပြောလဲ.."

"ဟာ...ဟိုတ​နေ့ခင်​ဗျားကိုကျွန်​​တော်​သစ်​ပင်​​အောက်​မှာနမ်း.."

♥ ♥ Our Love Story♥ ♥(On Hiatus)Where stories live. Discover now