Chapter-5

3.7K 254 7
                                    

Jongin…hyungရယ် ရက်စက်တယ် hyung အရမ်းရက်စက်တယ်

Kyungsoo…ဘာ

Jongin…ကျွန်တော့်ကိုမုန်းတာနဲ့ပဲ ကျွန်တော့်နဲ့ရတဲ့ရင်သွေးကိုမလိုချင်တာနဲ့ပဲ ကိုယ့်ရဲ့ရင်သွေးကို သူများကိုယ်ဝန်ပါလို့ hyung မို့ပြောထွက်ရက်တယ်

Kyungsoo…ဘာ Kim Kim Jongin

တခါမှပြန်ခံမပြောဘူးတဲ့ Jongin ရဲ့ စကားလုံးတွေက Kyungsoo ကိုထိတ်လန့်သွားစေတယ်။

Jongin…ကျွန်တော် hyung ကိုသိပ်ချစ်တယ် ရိုးသားဖြူစင်စွာ သစ္စာရှိစွာ hyung ကို ရက်ရက်စက်စက်ချစ်တယ် ကျွန်တော့်အဖေလုပ်ခဲ့တဲ့လုပ်ရက်တွေကို ကျွန်တော်သေချာမသိပေမဲ့ အဖေ့ကိုယ်စားကျွန်တော် hyung အတွက်ဘာပြန်ပေးဆပ်ရမလဲ အကုန်ပြန်ပေးဆပ်နိုင်တယ်………ကျွန်တော့်အဖေကြောင့် ကျွန်တော့်ကို hyung အမြဲတမ်းစိတ်ဆင်းရဲအောင် နာကျင်နေရအောင် နေ့တိုင်းမျက်ရည်ကျနေရအောင် အချိန်တိုင်းခံစားနေရအောင် လုပ်ချင်တာမဟုတ်လား ဒီကြားထဲကျွန်တော်က hyung ကိုအတင်းကျပ်လက်ထပ်ယူခဲ့လို့ ကျွန်တော့်ကိုမုန်းတယ်မှတ်လား အခုထပ်ပြီး ကျွန်တော့်ကို စုတ်ပြတ်သပ်နေအောင် ခံစားစေချင်လို့ ဒီကလေးကိုသေစေချင်နေတာမဟုတ်လား ကိုယ့်ရင်သွေးကိုယ်ကို သတ်ပစ်ချင်နေတာမှတ်လား

Kyungsoo…တော်တော့ မင်းး!!!!

Kyungsoo Jongin ကို ရိုက်ဖို့လက်ရွယ်လိုက်တော့

Jongin…ရိုက်လေhyung ရိုက်ပါ ကျွန်တော့်အတွက် hyung ရိုက်နေကြ ပါးလေးက ကျင့်သားရနေပါပြီ ဒါပေမဲ့ hyung သိလား ကျွန်တော်မျှော်လင့်နေတုန်းပဲ  hyung အမြဲရက်ရက်စက်စက် ရိုက်ခဲ့တဲ့ပါးကို တစ်နေ့ကြ hyung မြတ်မြတ်နိုးနိုး နမ်းရှိုက်လိမ့်မယ်လို့

Kyungsoo ဒေါသလည်းအရမ်းထွက်ပြီး စိတ်တွေလည်းရှုပ်ယှက်ခတ်နေရတဲ့ကြားထဲ Jongin စကားတွေကပါ သူ့ကို မွန်းကြပ်စေလာတယ်။

Kyungsoo…မင်းထွက်သွားတော့ မင်းကိုတစ်ခုခုငါမလုပ်မိခင်ငါ့မျက်စိရှေ့ကထွက်သွားတော့ ထွက်သွားးးးးး

Jongin ဝဲနေတဲ့ မျက်ရည်တွေမကျအောင်ထိန်းရင်း အခန်းထဲမှထွက်လာခဲ့တော့သည်။

UNPREDICTABLEWhere stories live. Discover now