Chapter-8

5.5K 323 32
                                    

နှာခေါင်းနဲ့ ပါးစပ်မှာ Oxygen ပိုက် တပ်ထားရင်း
လက်တစ်လျှောက်လည်း ဆေးသွင်းထားရတဲ့ ပိုက်တွေနဲ့ အရမ်းအားနည်းပြီး မျက်တွင်းတွေလည်း ကျနေတဲ့ Jongin ကို Kyungsoo ကြည့်နေရင်း ရင်ထဲမှာလည်း တဆစ်ဆစ်နဲ့နာကျင်နေသလို ကျနေတဲ့မျက်ရည်တွေကိုလည်း သူ တားဆီးချင်စိတ်မရှိတော့။

Jongdae...Jongin က ထင်ထားတာထက်ကို အရမ်းအားနည်းနေတယ် သူ့ကျန်းမာရေးက သိပ်မကောင်ဘူး Kyungsoo... အဆိုးဆုံးအခြေအနေမှာ ရှိနေတယ်လို့တောင် ပြောလို့ရတယ် သူ့နှလုံးခုန်နှုန်းံကိုလည်း ငါမကြိုက်ဘူး အစတည်းက သူ ကလေးမလွယ်ခဲ့သင့်ဘူး အခု ကလေးကလည်း ပျက်ကျထားတော့...သူကိုယ်ဝန်ဆောင်တဲ့ တောက်လျှောက်လည်း အစားမမှန် အအိပ်မမှန်ဘူး...အခုကျ အရမ်းးကို အားနည်းနေတယ်...မင်းအများကြီးဂရုစိုက်ပေးဖို့လိုတယ် Kyungsoo...ဒီထက် ပိုဆိုးလာရင် အသက်အန္တာရယ် ထိခိုက်လာနိုင်တယ်... ပြီးတော့

Kyungsoo...တော်ပါတော့ ရပါပြီ...ငါ့အတွက် ဒီလောက်ဆို လုံလောက်ပါတယ်

Jongdae...မင်းရောအစဉ်ပြေရဲ့လား

Kyungsoo...ပြေပါတယ်...ငါ သိပ်ချစ်တဲ့သူတွေနဲ့ ငါက သေကွဲလည်း ကွဲခဲ့ဘူးပါတယ် ဒီထက် ပိုဆိုးတဲ့ အခြေအနေတွေထိလည်း ငါရင်ဆိုင်ခဲ့ရပြီးပြီ...ငါအစဉ်ပြေပါတယ်...သူသာ...သူသာ...ငါ့ကြောင့်...အစစအရာရာ တောင့်တလိုက်တာနဲ့ ချက်ချင်းရတဲ့ ပြည့်စုံတဲ့ဘဝ မျိုးကနေ...ငါ့လို လူမျိုးကို လာချစ်မိလို့...အခု...

Jongdae...ငိုချင်ရင် ငိုလိုက်ပါ Kyungsoo ရယ် တင်းခံနေတာက ပို ပင်ပန်းပါတယ် ...ပြီးတော့ ငါမင်းကို နားလည်ပါတယ်

Kyungsoo...မငိုဘူး...သူ့အတွက်ဖြစ်ဖြစ် ငါမငိုဘူး...ပြီးတော့ ငါ ငါ... သူ့ကို ... ငါ

Jongdae... ရပါတယ် သူသတိရလာတဲ့ အခါ မင်းသူ့ကို အဲ့စကားလေးပြောဖြစ်အောင်ပြောလိုက်ပါ...ငါက သိပါတယ်...သူ့ကိုသာ ပြောပြလိုက်ပါ'... ဖွင့်ပြလိုက်ပါ

Kyungsoo ဖြူရော့ပြီး ပျော့ဖတ်နေတဲ့ Jongin လက်ချောင်းတွေကို တင်းနေအောင် စုပ်ကိုင်လိုက်ပြီး

Kyungsoo...Jongin မင်းသိလား...ဒါပထမဆုံးအကြိမ်...hyung မင်းလက်လေးကို နွေးထွေးစွာ စုပ်ကိုင်လိုက်ခြင်းပဲ...Jongin...မင်း အားနည်းပြီး ပင်ပန်းနေသလို...hyung လည်း အမှန်တိုင်းပြောရရင် ပင်ပန်းနေတယ်...မင်းကို ဒီလိုအခြေအနေမျိုးနဲ့ တွေ့ရတာ...hyung အတွက်လည်း အရမ်းကို ပင်ပန်းလွန်းတယ်...မင်း အဖေကြောင့် မင်းကို မုန်းတီးခဲ့တယ် နာကျည်းခဲ့တယ်...hyung ကို အတင်းကျပ် လက်ထပ်ယူခဲ့လို့လည်း ရှင်းရှင်းပြောရရင် မင်းကို မုန်းတယ်...ဒါပေမဲ့ မင်းရဲ့ ချစ်တယ် ဆိုတဲ့စကားတိုင်းကနေ hyung ဘယ်လိုမှ ရုန်းထွက်မရခဲ့ဘူး...အဲ့ စကားကိုတော့ ယုံကြည်နေမိတယ်...အချစ်နဲ့ အမုန်းကြားက တံခါးလေးတစ်ချပ်ကို hyung ဖျက်ဆီးချင်လာတယ်...ဒါပေမဲ့ နှလုံးသားကို ဦးစားပေးမလို့လုပ်တိုင်း ဦးနှောက်ထဲဝင်လာတဲ့ အတိတ်က အကြောင်းရာတွေ...hyung နှလုံးသားကို ပြန်ပြီး တံခါးပိတ်ထား မိခဲ့တာ ခဏခဏပါ...ဒါမဲ့ အခု ဘာကိုမှမကြည့်ဘဲ hyung တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာတွေ...မင်းမျက်လုံးထဲ hyung တစ်ယောက်ပဲ မြင်ပြီး hyung တစ်ယောက်တည်းအတွက် ရှင်သန်ပေးခဲ့တာတွေ ...တဖြည်းဖြည်း hyung ခံစားရလာတယ်...နာကျင်မှု့တွေနဲ့အတူ မင်းရဲ့အချစ်တွေကို ခံစားမိလာတယ်...hyung......

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Jan 20, 2016 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

UNPREDICTABLEOnde as histórias ganham vida. Descobre agora