Teaser

743 65 0
                                    

Soo>> *သူ့ကို နည်းနည်းလေးမှ ကြည့်မရတာ...ani...ကြည့်လို့မရဘူးဆိုတာထက် မုန်းတယ်ဆိုတဲ့စကားလုံးကိုသုံးရင် ပိုတောင်မှန်ဦးမယ်...ယောက်ျားလေးဖြစ်ပြီး ဘယ်အရာကိုမှအလေးမထားဘဲနေနိုင်တာကိုလည်း အရမ်းအံ့ဩတယ်...အဆိုးဆုံးက သူ့စိတ်ဓာတ်...ချမ်းသာတယ်ဆိုတဲ့ဂုဏ်ပုဒ်တစ်ခုနဲ့ ထင်တိုင်းကြဲနေတဲ့ယောက်ျားမျိုး...လူတွေအားလုံးကို သူ့ရဲ့ကစားစရာတွေလို ဆက်ဆံတတ်တဲ့ယောက်ျားမျိုး....အဲသလိုယောက်ျားတစ်ယောက်က Sooကို သူအရမ်းချစ်တယ်ဆိုပြီး တစ်မေဂျာလုံးသိအောင် သတင်းလျှောက်လွှင့်ထားတာ...အဲဒါတွေကြောင့် တချို့တွေဆို သူ့ကိုကြောက်လို့ Sooကို ဘယ်သူမှအပေါင်းအသင်းမလုပ်ရဲကြတော့ဘူး...သူ့မျက်နှာမြင်လိုက်ရရင်ပဲဖြစ်ဖြစ်...သူ့အသံကြားလိုက်ရရင်ပဲဖြစ်ဖြစ် ဘယ်ကမှန်းမသိတဲ့ဒေါသတွေ အလိုလိုရောက်လာတာ...မုန်းတယ်...Sooသူ့ကို အရမ်းမုန်းတယ်...မုန်းတယ်ဆိုတာထက် ပိုထိရောက်တဲ့စကားရှိရင် သူ့ကိုအဲဒီအသုံးအနှုန်းမျိုးသုံးပစ်ချင်တယ်...သူ့ရဲ့ ခနဲ့တတ်တဲ့အပြုံးတွေ..ရှုတ်ချတတ်တဲ့သူရဲ့စကားလုံးတွေ...လှောင်ရယ်တတ်တဲ့ရယ်သံတွေကို Soo အရမ်း အရမ်း အရမ်း မုန်းတယ်...*

Kim Jong In>> "Soo!!!နင်ငါ့ကို နင့်စိတ်တိုင်းကျ ပြောချင်ရာပြော...နင် ငါ့ကို သတ်ပစ်ချင်တယ်ဆိုရင်တောင် သတ်ပစ်လို့ရတယ်...ဒါပေမယ့်...ငါ့ကို မုန်းတယ်ဆိုပြီးတော့ ကျေးဇူးပြုပြီးမပြောပါနဲ့...ဟုတ်တယ်...ငါက ဆိုးတယ်...နင်ပြောသလို ငါက လူစိတ်မရှိတဲ့တိရစ္ဆာန်ကောင်...အမြဲတမ်းတစ်ဖက်သားခံစားချက်ကို မကြည့်ဘဲထင်တိုင်းကြဲနေတတ်တဲ့အကောင်!!!လူတွေကို ကစားစရာလို သတ်မှတ်ထားတဲ့အကောင်!!!ဒါပေမယ့် အဲသလိုလူတစ်ယောက်က နင့်ကို တကယ့်စိတ်ရင်းမှန်နဲ့ချစ်ခဲ့တာကိုရော နင်မြင်အောင်ကြည့်ခဲ့လို့လား???နင့်ကို ချစ်တယ် ချစ်တယ်ဆိုပြီး တဖွဖွပြောနေခဲ့တဲ့ငါ့နှလုံးသားကို နင်တမင်မျက်ကွယ်ပြုခဲ့တာကရော တရားရဲ့လား???ပြောစမ်းဦးSoo!!!ငါ နင့်ကို ချစ်ရတာအရမ်းပင်ပန်းတယ်ဟာ...ဒီဘဝမှာတစ်စက္ကန့်ကလေးပဲဖြစ်ဖြစ် နင်ချစ်တာလေးကို ခံစားကြည့်ဖူးချင်တယ်...အငြိုးတွေ အမုန်းတွေနဲ့ကြည့်တတ်တဲ့နင့်အကြည့်တွေကို ခဏလောက်ဖယ်ချပြီး တစ်ခါလောက်လေးပြုံးပြမယ်ဆိုရင်တောင် ငါသေပျော်ပါတယ်ဟာ...ငါ့ရဲ့ ဆူးတွေနဲ့ပိတ်ဖုံးထားတဲ့တံတိုင်းကြီးရဲ့ အတွင်းဆုံးတစ်နေရာမှာ ဖြူစင်အေးချမ်းတဲ့ နင့်အတွက်သိမ်းဆည်းထားတဲ့ နှလုံးသားတစ်စုံရှိနေတယ်ဆိုတာ ငါ့မျက်လုံးတွေကို စေ့စေ့ကြည့်ပြီး တစ်ခါလောက်တော့ မြင်နိုင်အောင် ရှာကြည့်စမ်းပါSooရယ်~~~"

ဒါလေးကတော့ Teaserလေးပါ...
One Shotလို့ ပြောထားပေမယ့် One Shotထက် ရှည်နေလို့ Mini ficအဖြစ် ပြောင်းထားပါတယ်...ဖတ်ပေးကြပါဦးနော် ချစ်ဆုံးတို့ :) :) :D :D

Cuz Imma Your SHADOWWhere stories live. Discover now