Part (3)

460 50 7
                                    

1)

"ဟာ....မင်းက တကယ်ပါပဲ Jong Inရာ...မင်း အမေ့ဆီသွားမယ်ဆိုလည်း ငါတို့ကို နည်းနည်းပါးပါးတော့ ပြောခဲ့ရမှာပေါ့...အခုတော့ ဆိုင်းမဆင့်ဗုံမဆင့် ပြင်သစ်သွားရတယ်လို့...ငါတို့၃ကောင်က မင်းလာမယ်ထင်လို့ ကျောင်းခန်းထဲတောင် ရောက်နေပြီ...ဘယ်လောက်ကြာအောင် နေခဲ့မှာလဲ??1ပတ်လား...အေးအေး...အဲဒါဆိုလည်း ပြီးတာပဲ...မြန်မြန်လာခဲ့...မင်းလုပ်သွားတာကို ငါလုံးဝမကျေနပ်ဘူး...ဒါပဲ...ရောက်မှတွေ့မယ်..."

Baek Hyunဆောင့်ကြီးအောင့်ကြီးနှင့် ဖုန်းချလိုက်တော့ Chenတစ်ယောက် သိချင်ဇောနှင့်...

"ဘာလဲ?? ငJong ပြင်သစ်သွားပြန်ပြီလား?"

"အေး...ဟုတ်ပ...၁ပတ်လောက်ကြာမယ်တဲ့...ဒီကောင်ကွာ...ဒါ ငါတို့ကို စာရင်းထဲမထည့်တာ...နည်းနည်းပါးပါးတောင် မပြောသွားဘူး..."

"Baek Hyun...မင်းကလဲကွာ...သူ့အကြောင်း မသိတာလဲ မဟုတ်ဘဲနဲ့...အရင်တုန်းကလည်း အဲသလို ဗြုန်းစားကြီးပျောက်ပျောက်သွားတတ်တာပဲလေ...ထားလိုက်တော့..အဲကောင်ကို ရောက်မှ ဝိုင်းသမကြမယ်...ဟုတ်ပြီလား.."

Baek Hyunကျောလေးကို ChanYeolအသာအယာပွတ်ပေးရင်း စိတ်ပြေစေရန် မနည်းချော့ပြောယူနေရသည်...တခါတလေ Baek Hyunတို့ စိတ်မရွှင်ရင် မရွှင်သလို ဒေါသကြီးတတ်သဖြင့် Chan Yeolက အကြောင်းသိနေပြီမို့ ဤကဲ့သို့ ချော့နေကြ...Jong In ၁ပတ်ကျောင်းမလာသည်ကို နားစွန်နားဖျားကြားပြီး ပျော်နေသူကတော့ ChanBaekChen၏ ရှေ့တန်းတွင်ထိုင်နေသော Soo..

*ဟိုတစ်ယောက် ကျောင်းမလာဘူးတဲ့...ပျော်လိုက်တာ..အခုမှပဲ Sooဆန္ဒတွေ ပြည့်ဝတော့တယ်..အခုတော့ သူ့ရုပ်ကိုလည်း မမြင်ရတော့ဘူး...သူ့အသံကြီးကိုလည်း မကြားရတော့ဘူး ..တစ်ပတ်လောက်တော့ စိတ်လွတ်ကိုယ်လွတ်နေရတော့မှာပေါ့...Sooရေ....နင် ကံတွေကောင်းလာပြီထင်တယ်..ဟားဟား*

အခုအချိန်၌ အပျော်ကြီးပျော်နေရှာသော Sooတစ်ယောက် နောင်ဖြစ်လာမည့်အခြေအနေများကို ကြိုသိနေခဲ့ပါလျှင် ယခုကဲ့သို့ ပျော်နိုင်ပါဦးမည်လား???

2)

"ငJong...အစုတ်ပလုတ်ကောင်...သူသွားတာ ၃ရက်ရှိပြီ..ခုထိ ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး...နေနိုင်တယ် ဒီကောင်..ဟွန်း!!!!"

You've reached the end of published parts.

⏰ Last updated: May 28, 2021 ⏰

Add this story to your Library to get notified about new parts!

Cuz Imma Your SHADOWWhere stories live. Discover now