Part (1)

535 54 2
                                    

(1)

လေပြင်းလေးတစ်ချက်ဝေ့လိုက်တိုင်း သစ်ကိုင်းလေးများ ဇတ်ခနဲခါယမ်းကာ သူတို့၏ကိုယ်ပေါ်ရှိ သစ်ရွက်ကလေးများအား ခပ်ပြင်းပြင်းလေးလှုပ်ခါလိုက်သဖြင့် ရွက်ဝါလေးများခမျာ ဝေ့လီဝေ့လဲ့နှင့် မြေပြင်ပေါ်သို့ ဒယိမ်းဒယိုင်း ဆင်းသက်လာရရှာလေပြီ...မြေနီလမ်းလေးပေါ်သို့ သူငါအပြိုင်ကျဆင်းလာကြသည်က လမ်းဖြောင့်လေးအတိုင်း လျှောက်လာသောSooအား အလုအယက် ကြိုဆိုနေကြသလိုလို...ရွက်လှသစ်ပင်လေးများစီရရီပေါက်နေသောဤလမ်းကလေးမှ ရှေ့အနည်းငယ်ဆက်သွားလျှင် Sooတို့ တက်ခဲ့သော တက္ကသိုလ်ကျောင်းလေးသို့ပင် ရောက်ပေတော့မည်....ချမ်းစိမ့်စိမ့်ဤရာသီလေးကို အံတုလျက် မြူနှင်းတို့ကြား လျှောက်လာနေသောSooမျက်နှာလေးသည်ကား ပြုံးရွှင်နေပါလျက်နှင့် မျက်လုံးအိမ်လေးထဲတွင်တော့ ရစ်ဝဲနေသောပုလဲမျက်ရည်လေးများက ရစ်သီရစ်သီနှင့် အရိပ်အယောင်ပြနေသလိုလို...Sooမြေနီလမ်းအတိုင်း ဆန်တက်လာရင်းနှင့် ကျောင်းဂိတ်သို့ပင်ရောက်ရှိလာခဲ့ပြီလေ....ဂိတ်ပေါက်ဝ၌ ဝင်ထွက်သွားလာနေကြသော ကျောင်းသားကျောင်းသူများ...ကျောင်းထဲ၌လည်း ပျားပန်းခတ်မျှစည်ကားနေသော ကျောင်းသားကျောင်းသူများ..သူတို့၏မျက်နှာထက်တွင်တော့ ငယ်ရွယ်တက်ကြွသောအပြုံးလေးများကိုယ်စီ ကိုယ်စီနှင့်....သူတို့လေးများအား ကြည့်၍ Sooကျေကျေနပ်နပ်ကလေးတစ်ချက်ပြုံးလိုက်ပြီး....

"ငါ ရောက်လာပြီ Jong Inရယ်~~~"

Sooနှုတ်ဖျားလေးမှ တိုးတိုးကလေးရွတ်လိုက်သော ဤစကားလုံးတို့၏နောက်ကွယ်၌ Sooအတွေးစတို့သည်က လွန်ခဲ့သော ၆နှစ်ဆီသို့ ပုံရိပ်ဖမ်းကာ တင်ဆက်ခဲ့ပြန်လေပြီ...

2)

လွန်ခဲ့သော ၆နှစ်ခန့်က>>>
ကျောင်းဝင်းထဲရောက်သည်နှင့် Soo လေးတွဲစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်...မျက်နှာကလည်း သိပ်မကောင်းလှ...အပင်စိမ်းစိမ်းစိုစိုလေးများ...လေအဝှေ့တိုင်းပျံ့နှံ့ပါလာတတ်သော ပန်းရနံ့လေးများ....ရေစက်ကလေးများတွဲလွဲခိုကာ စိမ်းလန်းနေသောမြက်ခင်းပြင်ကြီးများ... ဗိသုကာလက်ရာအဆန်းအပြားများနှင့် အလှခြယ်ထားသောအဆောက်အအုံများဖြင့် လှပနေသောSooတို့တက္ကသိုလ်လေးသည်ကား မနက်ခင်းနေရောင်ခြည်အောင်တွင်တော့ အရောင်အသွေးစုံလင်တောက်ပနေသော်လည်း Sooခမျာမှာတော့ ​ကျောင်းစာသင်ဆောင်သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဒေါသမီးတို့တစ်ရိပ်ရိပ်တက်လာသကဲ့သို့ ခံစားနေရသည်ကား ယခုဆိုလျှင် အတော်လေးပင်နှစ်ချို့နေခဲ့လေပြီ...

Cuz Imma Your SHADOWWhere stories live. Discover now