သမင်​မင်းသား၏​ရွှေကြာပန်း Part-5

1K 143 2
                                    

ရှူးမင်​သည်​ လုဟန်​၏ ​သွေးစက်​လက်​ဖြင့်​ ထွက်​ခွာ
သွား​သော ​နောက်​​ကျောပြင်​ကို ကြည့်​ရင်း အလွန်​စိတ်​ပူမိ​လေ၏။ မိမိအိပ်​​ဆောင်​သို့ ပြန်​လာခဲ့​သော်​လည်း လုဟန်​၏ ​ဝမ်းနည်း​ကြေကွဲ​နေ
သောပုံရိပ်​တို့သာ မိမိ၏မျက်​လုံးထဲ၌ ​ပေါ်လာ​လေ၏။
မိမိသည်​ ထိုမင်းသားအား ​နောက်​ထပ်​နာကျင်​ ခံစားရ
အောင်​လုပ်​မိပြန်​​လေပြီ။ ထိုမင်းသားအား မနှစ်​မြို့​သောစိတ်​တို့သည်​ ယခုအချိန်​၌ကား ဂရုဏာအဖြစ်​​ပြောင်းလဲကုန်​​လေပြီ။ ထို့​ကြောင့်​ ရှုးမင်​သည်​ လုဟန်၏စိတ်ကို နှစ်သိမ့်​​​ပေးရန် ​ဆုံးဖြတ်​လိုက်​သည်​။ မိမိအား မိတ်​​ဆွေတစ်​​ယောက်​ အဖြစ်​ ကြည်​ဖြူစွာ စကား​ပြော
နိင်​မည်​ဟု ​မျှော်​လင့်​မိသည်​။ မိမိ၏အ​မျှော်​လင့်​ခဲ့ဆုံး
သောဆန္ဒသည်​ လက်​ထပ်​ပွဲဖျက်​သိမ်း​ရေး ဖြစ်​​သော်​လည်း ထိုမင်းသားနာကျင်​ခံစားရမည်​ကို
စိုးရိမ်​၍ အချိန်​ယူပြီးမှ ​ဖျောင်းဖျမည်​ဟု ဆုံးဖြတ်​ထားသည်​။ ​ရှူးမင်​၏စိတ်​ထဲတွင်​ ယခုလက်​ရှိ အ​ရေးကြီးဆုံး​သောအရာမှာ လုဟန်​၏စိတ်​ကို နှစ်​သိမ့်​ဖို့ရန်​သာဖြစ်​သည်​။ လုဟန်​၏ စိတ်​ဒဏ်​ရာကို မိမိကုစား​ပေးချင်​သည်​။ အနည်းဆုံး မိမိသူ့ကို မုန်းတီး​နေခြင်း မဟုတ်​​ကြောင်း သိ​စေလိုသည်​။

လုဟန်​၏အိပ်​​ဆောင်​သို့ ​ရောက်​​သောအခါ မျက်​နှာပျက်​​နေ​သော အပျို​တော်​​လေးများကို ​တွေ့ရ၍
အကျိုးအ​ကြောင်း ​မေးကြည့်​​သောအခါ အထိန်း​တော်​ကြီးတစ်​ခုခုဖြစ်​မည်​ စိုးရိမ်​၍
စိတ်​ပူ​နေခြင်း ဖြစ်​​ကြောင်းသိရသည်​။ ထို့​ကြောင့်​ ရှုးမင်​သည်​ မိမိ​ရောက်​ရှိလာ​ကြောင်း အ​ကြောင်းမကြားခိုင်းဘဲ အခန်းထဲသို့ ညင်​သာစွာ
ဝင်​ပြီးလျှင်​ အထိန်း​တော်​ကြီး၏ လက်​ထဲမှ ​ဆေးခွက်​တို့ကို ​တောင်းယူလိုက်​​လေသည်​။ အထိန်း​တော်​ကြီး၏ ​ချွေးပြန်​​နေ​သော မျက်​နှာသည်
အတန်​ငယ်ကြည်လင်လာပြီးလျှင် ​​​​မင်းသားအား ဦးညွတ်​၍ အခန်းထဲမှ ထွက်​ခွာသွား​လေ၏။

လုဟန်​သည်​ ရှူးမင်​ ရုတ်​တရက်​ မိမိ​ရှေ့သို့ ​ရောက်​လာ​သော​ကြောင့်​ အံ့အားသင့်​ပြီး ​တော်​​တော်​ကြာစကားမ​ပြောနိင်​​ပေ။ သို့​သော်​ လှပ​သော မျက်​လုံးနှစ်​စုံ၏ ​တွေ့ဆုံမှု​နောက်​ကွယ်​တွင်
မိမိတို့်​ပြောချင်​​သော စကားလုံးများသည်​ ​ထောင်​​သောင်းမကရှိ​လေသည်​။ ရှူးမင်​သည်​ လုဟန်​၏​သွေးဆုတ်​​နေ​သော မျက်​နှာကိုကြည့်​ပြီး
ခေါင်းနပန်းကြီးသွား​လေ၏။ လုဟန်​သည်​ မကြာမီပင်
အပြင်းအထန်​ဖျားနာ​တော့မည်​မှာ ​အ​သေအချာပင်​ဖြစ်​၏။ စိတ်​​ဆောင်​​နေ​သော​ကြောင့််
သာ လူမှာအ​ကောင်းပကတိ မတ်​တပ်​ရပ်​နိင်​ နေခြင်းဖြစ်​​ပေသည်​။ သို့​သော်​ လုဟန်​၏နှုတ်​ခမ်းများသည်​ ပြာနှမ်းစပြုလာ​လေပြီ။
ထို့​ကြောင့်​ရှူးမင်​သည်​ ​ဆေးခွက်​များကို ယူပြီးလျှင်
လုဟန်​၏ ​ရှေ့သို့ချ​ပေးလိုက်​သည်​။

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now