တန်​ဖိုးဆိုလား

157 14 2
                                    


ကဗျာလူသား(၄)
တန်ဖိုးဆိုလား
...................
ငါက မင်းလောက်မှ နာမည်မရှိတဲ့ ဘလော့ဂါပါ
ဒါပေမယ့် ရင်ထဲမှာ အမှန်တရားရှိမယ်..
ငါက မင်းလောက်မှ အရည်အချင်း မရှိတဲ့ကဗျာဆရာပါ
ဒါပေမယ့် ရင်ထဲမှာ ကဗျာတော့ ကိုးကွယ်တယ်
ငါက မင်းလောက်မှ အသုံးမကျတဲ့ စာရေးဆရာပါ
ဒါပေမယ့် ရင်ထဲမှာ စာရေးဖို့ ဝါသနာကကြီးတယ်
ငါက မင်းလောက်မှ အမြင်မကျယ်တဲ့ ဝေဖန်ရေးသမားပါ
ဒါပေမယ့် ရင်ထဲမှာ ကဲ့ရဲ့ခြင်းနဲ့ ရှုပ် ချခြင်း အလျဉ်တော့ ကင်းတယ်
ငါက မင်းလောက်မှ အဖြစ်မရှိတဲ့ အက်ဆေးဆရာပါ
ဒါပေမယ့် ရင်ထဲက ခံစားမူ အတိုင်းပဲ ချရေးတယ်
ငါက မင်းလောက်မှ​ရှေ့ကြိုမမြင်တဲ့ အတွေးသမားပါ
ဒါပေမယ့် ငါ့ရင်ထဲမှာ ငါ့အတွေးတော့ ငါသဘောကျတယ်
ငါက မင်းလောက်မှ...... အသုံးမကျတဲ့ငါပါ
ဒါပေမယ့် ငါ့ကိုယ်ငါပဲ ပဲ့ကိုင်တယ်
ငါက.....ဇကောလောက်မှ​ဇောက်မနတ်တဲ့ငါပါ
ဒါပေမယ့် ကိုယ့်သေတွင်းတော့ ကိုယ် တူးတယ်
ငါက.....ဘယ်သူလောက်မှ
ငါက....ဘယ်သူလောက်မှ
ငါက......ဘယ်သူလောက်မှ
ဂရုစိုက်မူ မပေးနိုင်တဲ့ ကောင်ပါ
ဒါပေမယ့် ငါ့ရင်ထဲမှာ ချစ်ခြင်းတရားက
ခိုင်မာနေတဲ့ ကျောက်စာတစ်ချပ်တော့ ဖြစ်တယ်။
၂၄.၁၀.၁၄ /may 12.2017
မင်းဆက်ဝေ

ကဗျာလူသား(POETRY MAN)Where stories live. Discover now