ခံစားချက်​ဗိသုကာများ ၂

144 3 0
                                    


ခံစားချက်​ဗိသုကာများ -၂

ဆူးလေရဲ့ ညနေခင်းထဲက
လဖ္ဘသုပ်၊​မုန့်တီသုပ်၊
ယောင်လမ်းရဲ့ မနက်ခင်းစောစောထဲက
ယမ်ယမ်ချဉ်စပ်​၊ပရီမီယာ​ကော်ဖီ ၊
အဲလို...
သေးသေးလေးတွေအများကြီးကို
ငါ သေသေချာချာ စုစည်းထားမိတယ် မ ရယ်။

တိုင်းရင်းသား​ကျေးရွာ၊ ကန်တော်ကြီး ပန်းခြံ၊
သမ္မတရုပ်ရှင်ရုံ၊ ၀ဇီရာရုပ်ရှင်ရုံ၊
ဆူးလေကားမှတ်တိုင်တွေနဲ့မဟာရန်ကုန်
အားလုံးမှာ မ အငွေ့အသက်တွေ
ကျန်ရှိနေဆဲပဲ ဖြစ်မယ်။

ဗိုက်အောင့်ခြင်း၊ ခြေမ ကွဲသွားခြင်း၊ ရှပ်ပြာပြာနိုင်ခြင်းတွေက ဘယ်အခါမှ ပြန်မတွေ့ရတော့မယ် အရာတွေလိုမျိုး မဟုက်ခဲ့လေတော့
အမြဲတစေတော့
အလွမ်းနဲ့ပတ်သက်နေကြဆဲပါ မ ရယ်။

ph:700397| ph.:707093၊
ဒေါတ်မြင့်ဖိနပ်များ၊ နာရီများ၊ အနတ်ရောင်နှင့်​ blue lady​ရေမွှေးရနံ​ မိုး၊sunday၊ဆံနွယ်​၊နူတ်ခမ်း၊မျတ်လုံးအကြည့်များ၊ အသံများနှင့်ကိုဦး
လေးဖြူရဲ့​နောက်ထပ်​၊အငဲရဲ့အလင်းနှစ်များ၊
အာဇာနည်​ရဲ့ ခွင့်ပြုတယ်​ ခွင့်လွှတ်​တယ်​၊
မှတ်မိကောင်း မှတ်မိနေဆဲပါပဲ။

ကဗျာစာရွက် အစုတ်များ
လက်မှတ်​အဟောင်းများ၊
ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ ပန်းနုရောင်​လဖ္ဘရည်ဆိုင်​၊​ရွှေမြို့တော်​လဖ္ဘရည်ဆိုင်​၊၄၃(ပါရမီ)၊
အင်လျားရိပ်သာ၊​ယောင်လမ်းနှင့်လမ်း(၃၀)၊
နေရာဟောင်းတွေထဲမှာ
နင် ငါ့ကို လှောင်ပိတ်ထားခဲ့တယ် မရယ်။

ပြီးတော့ မ လျှောတ်ခဲ့တဲ့ ခြေလှမ်းများ
ငါ အသေအချာငေးကြည့်ခဲ့မိတာတွေ
ပြီး​တော့ ည၈နာရီလာနေကျဖုန်း
ပြီး​တော့
ပြီး​တော့......
ငါ ....အတိတ်ကိုလေ
မေ့လိုက်ချင်ပါပြီ​ မရယ်​........။

Dec21.2009
Minsetwai

ကဗျာလူသား(POETRY MAN)Where stories live. Discover now