Dark Angel ( Version 1 )

4K 288 2
                                    


ညက လ​ရောင်​မရှိလို့ ​မှောင်​မိုက်​​နေသည့်​အပြင်​ မိုးပါရွာ​နေသည်​ ... လူသူမရှိ ​တိတ်​ဆိတ်​​နေ​သော ​တောအုပ်​ထဲမှာ ​သွေးရူး​သွေးတန်း​ ပြေး​နေ​သော ​ကောင်​​လေးတစ်​​ယောက်​ ... မိုး​ရေ​စက်​​တွေ သူ့​ကိုယ်​မှာရွဲနစ်​​နေတာကိုလည်း ဂရုစိုက်​ပုံမ​ပေါ် ... သူဂရုစိုက်​တာက တစ်​စုံတစ်​​ယောက်​​သောသူဆီက လွတ်​​မြောက်​ဖို့ ...

" အ !! "

မိုး​ရေ​တွေ​ကြောင့်​ လမ်းက​ချော်​​နေသဖြင့်​​ပြေးရင်း​ လဲကျသွားသည်​ ... အကျနာတာနှင့်​ အ​မော​ဖောက်​​နေတာ​ပေါင်းပြီး ဆက်​မ​ပြေး​နိုင်​​တော့ ... လဲကျ​နေရာက​နေ အလန့်​တကြားနဲ့ ကြည့်​လိုက်​​တော့ သူ့​ရှေ့မှာရပ်​​နေ​သော မိုးကာဝတ်​စုံနဲ့လူတစ်​​ယောက်​ ... ထို​လူ့လက်​ထဲမှာကိုင်​ထားတာ ဓားတစ်​လက်​ ...

" ငါ .. ငါ ​တောင်းပန်​ပါတယ်​ ... ငါ့ ..ငါ့ကို မသတ်​ပါနဲ့​နော်​ "

ဒူး​ထောက်​ပြီး ခခယယ​တောင်းပန်​မိတာ သူ့အသက်​ရှင်​သန်​ခွင့်​ရဖို့ပါ .. လျှပ်​စီးတစ်​ချက်​လက်​တာ​ကြောင့်​ မိုးကာနဲ့လူရဲ့ ​ချော​မွေ့​နေ​သော မျက်​နှာက ဖျက်​ကနဲ​ပေါ်လာသည်​ ... ဒီ​လောက်အပြစ်​ကင်းစင်​တဲ့ ရုပ်​က​လေးက လူ​တွေကိုရက်​ရက်​စက်​စက်​ သတ်​တဲ့လူသတ်​သမားဖြစ်​​နေမယ်​လို့ ဘယ်​သူကထင်​မှာလဲ .. လွန်​ခဲ့​သော နာရီပိုင်း​လောက်​ကအထိ သူကိုယ်​တိုင်​လည်းမထင်​ခဲ့မိပါ ... ​​အေးစက်​​သောအပြုံးက မျက်​နှာ​ပေါ်မှာထင်း​နေသည်​ ... သူ့ကို ပြုံးပြီးကြည့်​​နေတာကိုက ​ကြောက်​စရာ​ကောင်း​သည်​ဟု သူထင်​သည်​...

" ငါတို့က ချစ်​သူ​တွေမဟုတ်​ဘူးလား .. မင်းပဲ ငါ့ကို ချစ်​တယ်​ဆို ..အဲ့ဒါဆို ငါ့ကိုသတ်​စရာ အ​ကြောင်းမရှိဘူး .. ငါလည်း မင်းကို အရမ်းချစ်​တာ မင်းသိ- "

" ​တော်​ ! "

ပြတ်​သားစွာ ထွက်​လာ​သော စကားသံ​ကြောင့်​ သူ့ကိုယ်​ဆတ်ကနဲ ​တုန်​သွားသည်​... ထိုနှုတ်​ခမ်းဖျားက ထပ်​ထွက်​လာမဲ့ စကား​တွေကိုသူ့စိတ်​ထဲမှာ ​​သေလုနီးပါး​ ကြောက်​ရွံ့​နေမိသည်​ ..

Dark AngelWhere stories live. Discover now