ညက လရောင်မရှိလို့ မှောင်မိုက်နေသည့်အပြင် မိုးပါရွာနေသည် ... လူသူမရှိ တိတ်ဆိတ်နေသော တောအုပ်ထဲမှာ သွေးရူးသွေးတန်း ပြေးနေသော ကောင်လေးတစ်ယောက် ... မိုးရေစက်တွေ သူ့ကိုယ်မှာရွဲနစ်နေတာကိုလည်း ဂရုစိုက်ပုံမပေါ် ... သူဂရုစိုက်တာက တစ်စုံတစ်ယောက်သောသူဆီက လွတ်မြောက်ဖို့ ...
" အ !! "
မိုးရေတွေကြောင့် လမ်းကချော်နေသဖြင့်ပြေးရင်း လဲကျသွားသည် ... အကျနာတာနှင့် အမောဖောက်နေတာပေါင်းပြီး ဆက်မပြေးနိုင်တော့ ... လဲကျနေရာကနေ အလန့်တကြားနဲ့ ကြည့်လိုက်တော့ သူ့ရှေ့မှာရပ်နေသော မိုးကာဝတ်စုံနဲ့လူတစ်ယောက် ... ထိုလူ့လက်ထဲမှာကိုင်ထားတာ ဓားတစ်လက် ...
" ငါ .. ငါ တောင်းပန်ပါတယ် ... ငါ့ ..ငါ့ကို မသတ်ပါနဲ့နော် "
ဒူးထောက်ပြီး ခခယယတောင်းပန်မိတာ သူ့အသက်ရှင်သန်ခွင့်ရဖို့ပါ .. လျှပ်စီးတစ်ချက်လက်တာကြောင့် မိုးကာနဲ့လူရဲ့ ချောမွေ့နေသော မျက်နှာက ဖျက်ကနဲပေါ်လာသည် ... ဒီလောက်အပြစ်ကင်းစင်တဲ့ ရုပ်ကလေးက လူတွေကိုရက်ရက်စက်စက် သတ်တဲ့လူသတ်သမားဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ .. လွန်ခဲ့သော နာရီပိုင်းလောက်ကအထိ သူကိုယ်တိုင်လည်းမထင်ခဲ့မိပါ ... အေးစက်သောအပြုံးက မျက်နှာပေါ်မှာထင်းနေသည် ... သူ့ကို ပြုံးပြီးကြည့်နေတာကိုက ကြောက်စရာကောင်းသည်ဟု သူထင်သည်...
" ငါတို့က ချစ်သူတွေမဟုတ်ဘူးလား .. မင်းပဲ ငါ့ကို ချစ်တယ်ဆို ..အဲ့ဒါဆို ငါ့ကိုသတ်စရာ အကြောင်းမရှိဘူး .. ငါလည်း မင်းကို အရမ်းချစ်တာ မင်းသိ- "
" တော် ! "
ပြတ်သားစွာ ထွက်လာသော စကားသံကြောင့် သူ့ကိုယ်ဆတ်ကနဲ တုန်သွားသည်... ထိုနှုတ်ခမ်းဖျားက ထပ်ထွက်လာမဲ့ စကားတွေကိုသူ့စိတ်ထဲမှာ သေလုနီးပါး ကြောက်ရွံ့နေမိသည် ..
![](https://img.wattpad.com/cover/59711752-288-k511232.jpg)