အပိုင်း(၁)
3.2K 279 13
ကျွန်​​တော့်​ရဲ့  ဖန်​ဆင်းရှင်
ပြာလဲ့သော မိုးကောင်းကင်အောက် အကျည်းတန်သော မြင်ကွင်းက ကြည့်ရက်ဖွယ် မရှိပေ... သွေးတွေကိုသာ အဖော်ပြုလျက် နာကျင်မှုကို ကြိတ်ခံစားနေတဲ့ ကောင်လေး...
"တော်တော့......သူ့ကိုချုပ်ထားလိုက်တော့..."
"Hyung......"
ခက်ထန်မာကျောသော လေသံအပြီး နူးညံ့တဲ့ လေသံ တစ်ခုပေါ်လာကာ သူ့လက်လေး တစ်ဖက် နွေးထွေးသွားလေသည်......
"မင်းသားလေး......"
"Hyungကိုဘာလုပ်ကြမလို့လဲ...သူ့မှာဘာအပြစ်ရှိလို့လဲ......"
"သူ့မှာအပြစ်မရှိပေမယ့်သူကမြောင်နိုင်ငံကလူပါ......"
မင်းသားလေးက Kyungsooလက်ကို ဆုပ်ကိုင်ထားလျက်ပင် ငိုကြွေးနေသည်......
"Jonginအဆောင်ပြန်တော့.........!!!"
အမိန့်ဆန်ဆန် ပြောလာတဲ့သူကြောင့် Jongin ထိတ်ထိတ်လန့်လန့်ဖြင့် ကြည့်မိ၏...
"အစ်ကိုတော်......!!Hyungကိုသက်ညှာပေးလို့မရဘူးလားဟင်...Hyungကအပြစ်မရှိတဲ့သူပါ......"
"မင်းနဲ့သူနဲ့ဘာဆိုင်လို့လဲ......"
"ကျွန်တော်...ကျွန်တော်နဲ့သူက......သူ...သူငယ်ချင်းပါ......"
အလိုမကျသော ပုံစံတစ်ချို့က အိမ်ရှေ့စံ၏ မျက်နှာတွင် အတိုင်းသား ပေါ်လာသည်...
"မင်းမြောင်နိုင်ငံနဲ့ပတ်သက်ခဲ့တယ်ပေါ့...မင်းဒီနိုင်ငံကမင်းသားလေ...ဒီနိုင်ငံကိုပုန်ကန်တဲ့သူတွေနဲ့သူငယ်ချင်းလုပ်တယ်ဆိုတာမဖြစ်သင့်ဘူး......မင်းအခန်းထဲသွားနေ......သူ့ကိုအချုပ်ထဲထည့်ထားလိုက်......"
Yifanအမိန့်ပေးလိုက်သော်လည်း မျက်ရည်တွေနဲ့ ထွက်သွားတဲ့ သူ့ညီလေးကို ကြည့်ပြီး သူစိတ်မကောင်း... ဒဏ်ရာဗလပွနဲ့ ကောင်လေးကိုလည်း သနားမိသည်... ဒါပေမယ့် သူကအိမ်ရှေ့စံ တစ်ယောက်ပဲလေ ... ကိုယ့်နိုင်ငံကို တော်လှန်လာတဲ့ သူမှန်သမျှကို ပြန်လည် တိုက်ခိုက်ရမည့် တာဝန်ရှိပါသည်...
*****************
နန်းတော်ကြီး တစ်ခုလုံး တိတ်ဆိတ်နေသည့် သန်းခေါင်ယံအချိန် ... Jonginတစ်ယောက် အဆောင်ထဲမှ ခိုးထွက်ကာ အကျဉ်းသားများ ချုပ်ထားသော နေရာကို ထွက်လာခဲ့သည်...