Paradise Part-1

1.1K 85 15
                                    

အထက်​တန်းလွှာ မိသားစု​တွေ ​နေထိုင်​ရာရပ်​ကွက်​ထဲမှ အိမ်​တစ်​အိမ်​ရဲ့ ခြံထဲတွင်​ အသက်​ ၁၂ နှစ်​အရွယ်​ ​ကောင်​​လေးတစ်​​ယောက်​က မုန့်​ပန်းကန်​ကို ကိုင်​ရင်း..သူ့​ရှေ့ခပ်​လှမ်းလှမ်းမှ ပန်းပင်​​ရေ​လောင်း​နေ​သော..​ကောင်​မ​လေးအား..
"ပိုးဟပ်​ဖြူ ​ရေ..ဒီကိုလာခဲ့..​ဖေ​ဖေက မုန့်​​တွေ ၀ယ်​​ပေးလိုက်​တယ်​..နင်​နဲ့ တူတူစားဖို့တဲ့.."
"​အေး..​အေး..လာပြီ​လောရှည်​​ရေ..ခန​စောင့်​.."
ကောင်​မ​လေးက ​ကောင်​​လေး​ခေါ်တဲ့​နေရာသို့ ​ပြေးလာရင်း ​ရေနဲ့ ​ချောကာ ​ချော်​လဲ ​လေသည်​..
*****arrrr...******
့​ကောင်​​လေးက ချက်​ချင်းပဲ ​ကောင်​မ​လေးဆီ ​ပြေးလာရင်း ​ကောင်​မ​လေးကို ဆွဲထူလိုက်​သည်​..
"အဆင်​​ပြေရဲ့လား..ဘယ်​နားနာသွား​သေးလဲ.."
"ရပါတယ်​ဟ..ငါဘာမှ မဖြစ်​ပါဘူး.."
ကောင်​​လေးက ​ကောင်​မ​လေး နဖူးအား မနာ​အောင်​ ခပ်​ဖွဖွ ​တောက်​ရင်း..
"နင်​ဟာ​လေ..အမြဲတမ်း..ဒီလိုပဲ..န​မော်​နမဲ့နဲ့..နဲနဲပါးပါး ကိုယ့်​ကိုယ်​ကို သတိထားစမ်းပါ​.."
"​အေးပါဟယ်​..နင်​က​လေ..မိန်းမကြီးကျ​နေတာပဲ..ပွစိပွစိနဲ့..ဟိ.."
"​ဘာ​ပြောတယ်​..."
"ဟီးဟီး...လာပါဟယ်​..မုန့်​သွားစားရ​အောင်​..လာ.."
ကောင်​မ​လေးက ​ကောင်​​လေးလက်​ကို ဆွဲကာ...ဒန်း​ပေါ်​တွင်​ နှစ်​​ယောက်​လုံး ထိုင်​လိုက်​သည်​..​နောက်​..မုန့်​တစ်​ခုကို ယူပြီး ​ကောင်​​လေးဘက်​သို့..လှမ်း​ပေးလိုက်​တယ်​..​ကောင်​​လေးက မယူပဲ ​ကောင်​မ​လေးကမ်း​ပေးသည့်​အတိုင်း မုန့်​ကို လှမ်းကိုက်​လိုက်​သည်​..
"yahhhh...ဘာလုပ်​တာလဲ.."
"နင်​ခွံ့​ကျွေးတာ စားချင်​လို့​လေ.."
"နင်​ကလဲ.."
နဂိုအသားဖြူတဲ့ ဓာတ်​ခံရှိ​တော့..​​ကောင်​မ​လေးရဲ့ မျက်​နှာက ခရမ်းချဉ်​သီးအ​ရောင်​ဟာ ထင်းခနဲ​ပေါ်ထွက်​လာပါ​ရောလား..​ကောင်​မ​လေး ရှက်​ရမ်းရမ်းတာကို ကြည့်​ပြီိး ​ကောင်​​လေးက အားရပါးရ ရယ်​​နေ​လေသည်​..
"ဘာရယ်​တာလဲ.."
"နင်​ မျက်​နှာ​ပေါ်မှာ ခရမ်းချဉ်​သ်ီးပင်​ ပေါက်​​နေသလားလို့.."
"နင်​​နော်​..​လောရှည်​စုတ်​..သူများကိုစဖို့ပဲ သိတယ်​..​တော်​ပြီ..မစား​တော့ဘူး..ငါသွား​တော့မယ်​.."
ပြောရင်းဆိုရင်း ​ကောင်​မ​လေးက ထထွက်​သွား​တော့ 
"ဟာ..su ကလည်း..ငါကစတာပါဟာ..စိတ်​မဆိုးပါနဲ့​နော်​...လာပါ..လာ..မုန့်​စားကြမယ်​​လေ..​နော်​.."
ကောင်​မ​လေးလဲ ​ကောင်​​လေးဆွဲ​ခေါ်တဲ့​နောက်​ ပြန်​​ပါလာကာ..ဒန်း​ပေါ်ပြန်​ထိုင်​လိုက်​သည်​..
"​ဟွန်း..ဒီတစ်​ခါပဲ​နော်​..yi fan..​နောက်​တစ်​ခါဆို မရဘူး.."
"​အေးပါ..​အေးပါ.."
ခြံထဲက ဒန်း​လေး​ပေါ်တွင်​ su နဲ့ yifan အမည်​ရှိတဲ့ ၁၂ နှစ်​အရွယ်​..က​လေးနှစ်​​ယောက်​ မုန့်​စားလိုက်​..စကား​ပြောလိုက်​..​ပြေး​ဆော့လိုက်​နဲ့..
သူတို့နှစ်​​ယောက်​ကို တစ်​​ယောက်​တ​နေရာဆီ ခပ်​လှမ်းလှမ်းက ကြည့်​​နေ​သော အသက်​ ၃၀ အရွယ်​ရှိ မိန်းမ နှစ်​ဦးက​တော့ သက်​ပြင်းချရင်းဖြင့်​ ​ခေါင်းခါ​နေသည်​ကို မသိခဲ့​လေ...
_______________________________________
Yifan နဲ့ Su...,
သူတို့နှစ်​​ယောက်​ရဲ့ ဘ၀က တစ်​ကယ်​တမ်း​တော့...
Yifan..(Wu Yifan..)
သူက The Star hotel နဲ့..Eldorado Park ပိုင်​ရှင်​ Oh Sehun နဲ့ Zi Tao​ရဲ့ တစ်​ဦးတည်း​သော သား...လိုချင်​တာ အကုန်​ရ​နေ​တော့လည်း တခြား​ကျောင်း​နေဖက်​​တွေကို က​လေးသဘာဝအ​လျောက်​ အ​နိုင်​ကျင့်​ချင်​သည်​..သို့​သော်​လည်း သူ ၅ နှစ်​အရွယ်​တည်းက ကြိတ်​ချစ်​ခဲ့တဲ့ သူ့ရဲ့ အလင်း​ရောင်​​လေးကို​တော့ အရာရာ အ​လျော့​ပေး သည်းခံရင်းနဲ့ ​နေထိုင်​လာခဲ့တဲ့..​ကောင်​​လေး​ပေါ့..သူ့ရဲ့ အလင်း​ရောင်​​လေးက​တော့..
Kim Suho..,
သူက​တော့ yi fan တို့အိမ်​ရဲ့ အိမ်​​တော်​ထိန်း Xiao Luhan ရဲ့သမီး ...အ​ဖေဖြစ်​သူ Kim Jongdae က သူ့အသက်​ ၃ နှစိအရွယ်​မှာ နှလုံး​ရောဂါနှင့်​ ဆုံးပါးသွားခဲ့​တော့..ဖခင်​​မေတ္တာကို လိုချင်​​နေသူ..သို့​သော်​လည်း အိမ်​ကြီးသခင်​ Oh Sehun က ဖခင်​တစ်​ဦးသဖွယ်​ ​စောင့်​​​ရှောက်​​ပေး​တော့..အမြဲတ​စေ Oh Sehun...ကို ​ကျေးဇူးတင်​​နေခဲ့သူ​လေး​ပေါ့..yi fan နဲ့ကလည်း တစ်​​ယောက်​နဲ့ တစ်​​ယောက် အရမ်းချစ်​ကြတယ်​​လေ...
~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒီ​နေ့..su ​မွေး​နေ့ပဲ.."
yi fan တစ်​​ယောက်​ su ​မွေး​နေ့ကို ဘာ​ပေးရမှန်းမသိ..​နောက်​ဆုံး စဉ်းစားလိုက်​တာက..
"​arr..su က ပန်းကြိုက်​တယ်​..အဲ့​တော့ ခြံအ​နောက်​ဘက်​မှာ ပန်းသွားခူးရမယ်​.."
အချိန်​က မနက်​ ၆ နာရီ​လောက်​ဆို​တော့ su မနိုး​သေးဘူး​လေ..yi fan ခြံအ​နောက်​ဖက်​ကို သွားဖို့ ကြံလိုက်​စဉ်​မှာပဲ..ရုတ်​တရက်​ ​ဖေ​ဖေ ​ပြောတဲ့အသံ နားထဲ ပြန်​ကြား​ယောင်​လာသည်​..
(yi fan အ​နောက်​ဘက်​ကခြံကို သွားမယ်​ဆိုရင်​ တစ်​​ယောက်​တည်း မသွားရဘူး..​ကြားလား..သွားချင်​ရင်​ ​ဖေ​ဖေ့ကို ​ပြော..ok..???)
့​ဖေ​ဖေ့ကို ခွင့်​​တောင်းဖို့...အခန်းတံခါးသွားဖွင့်​ကြည့်​​တော့..​မေ​မေက အိပ်​​နေသည်​..​ဘေးမှာ​တော့ ​ဖေ​ဖေမရှိ....
yi fan.."​ဖေ​ဖေ ဘယ်​သွားတာပါလိမ့်​.."
တစ်​အိမ်​လုံး နှံ့​နေ​အောင်​ လိုက်​ရှာ​ပေမယ့်​လည်း မ​တွေ့တဲ့ အဆုံး ခွင့်​မ​တောင်း​တော့ပဲ သွားဖို့ ဆုံးဖြတ်​လိုက်​သည်​...
yi fan ခြံအ​နောက်​ဘက်​သို့ ​ဖြေး​ဖြေးချင်း..​အေး​အေး​ဆေး​ဆေး ​လျှောက်​လာသည်​...ခြံအ​နောက်​ဘက်​က တစ်​ကယ်​​တော့ ပန်းပင်​​တွေချည်းပဲ စိုက်​ထားတဲ့ ပန်းရုံကြီးပါ..​မေ​မေက ပန်းကြိုက်​တယ်​​လေ...​ဖေ​ဖေက yifan ကို ​မွေးတဲ့​နေ့မှာ လက်​​ဆောင်​​ပေးခဲ့တာ​ပေါ့...
yi fan.."su ကအသားဖြူ​တော့ နှင်းဆီပန်းရဲရဲ​လေး နဲ့ဆိုသိပ်​လိုက်​မှာ..."
yifan နှင်းဆီရုံနားကို ​ပြေးသွားပြီး ပါ​လာ​သော ပန်းခူးသည့်​ ကတ်​​ကြေးနဲ့ ညှပ်​ဖို့ ပြင်​လိုက်​တုန်း...
အ​ရှေ့ စံပယ်ရုံနားက ထိုင်​ခုံ​လေးမှာ..လူနှစ်​​ယောက်​​...တိကျ​အောင်​ ​ပြောရရင်​ အချင်းချင်း အနမ်းချင်းဖလှယ်​​နေတဲ့...မိန်းမတစ်​​ယောက်​နဲ့ ​ယောကျာင်္းတစ်​​ယောက်​..
Yi fan မျက်​လုံးများ ပြူးကျယ်​သွားပြီး...ကိုင်​ထား​သော ကတ်​​ကြေးသည်​လဲ လွတ်​ကျသွား​လေသည်​...
"​ဖေ​ဖေ...​ဒေါ်​ဒေါ် lu..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟဲ..ဟဲ..​ဆေးထိုးခဲ့ပြီ..
ဘာဖြစ်​သွား​သေးလဲ..သိချင်​လား..
part-2 coming soon...
By Marchy Dohan...

Pradise..Where stories live. Discover now