Paradise 3

3.3K 65 4
                                    

Paradise..
#krisho..
#by dosuga kyungsoo yoongi..(marchy dohan)
______________________________
Su..."​yifan..,yifan...yifan လို့..."
yifan..."ဟင်​...​သြော်​..​အေး..​ပြော..."
Su..."ဘာ​တွေဖြစ်​​နေတာလဲ...ငါ​ခေါ်တာလဲမကြား..နင့်​စိတ်​​တွေဘယ်​​ရောက်​​နေတာလဲ..yifan.."
Yifan..."ငါ ဘာမှမဖြစ်​ပါဘူးဟာ..."
su...."ဖြစ်​​နေပါတယ်...ငါ့​မွေး​နေ့ကို​တောင်​ နင်​ခါတိုင်းသတိရ​နေကြ...ဒါမယ့်​ ဒီတစ်​ခါ​မွေး​နေ့ကို နင်​ birthday wish မလုပ်​​ပေးဘူး..."
yifan.."arrr..sorry ငါ..ငါမရည်​ရွယ်​ပါဘူးဟာ..ငါသတိရပါတယ်​...​ပြောဖို့​မေ့သွားတာပါ...happy birthday ​နော်​.."
Su.."​တော်​ပါပြီ...ထားလိုက်​ပါ​တော့..​မွေး​နေ့ပြီးသွားတာဖြင့်​ တစ်​ပတ်​ရှိ​နေပြီ..."
su ရဲ့စိတ်​​ကောက်​​နေတဲ့ မျက်​နှာ​လေးကို ​ငေးကြည့်​ရင်း yifan ရယ်​လိုက်​မိသည်​..
su.."ဘာရယ်​တာလဲ.."
yifan..."နင်​​လေ...အခုလို ငါ့ကိုစိတ်​​ကောက်​​နေတဲ့ပုံ​လေးက က​လေး​လေးလို အရမ်းချစ်​ဖို့​ကောင်းတာပဲ သိလား..."
yifan ​ပြော​တော့ ရှက်​ကိုးရှက်​ကန်းဖြစ်​သွားတဲ့ su မျက်​နှာက ပိုချစ်​ဖို့​ကောင်း​လေသည်​...
su..."နင်​​နော်​..ငါ့ကို အနာ​ပေးပြီး ​ဆေး​ပေး​နေတာလား.."
ပြောမယ့်​သာ​ပြော​နေသည်​..ရုပ်​က စိတ်​​ကောက်​​ပြေတဲ့ရုပ်​...သိတာ​ပေါ့..၁၂ ​ကျော်​​တောင်​ တူတူ​နေခဲ့တာပဲ..ဒီ​လောက်​​တော့..သိပြီးသား..
_____________________________
"​ဒေါက်​....​ဒေါက်​...​ဒေါက်​..."
ကွန်​ပြူတာ တစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေ​သော sehun..တံခါး​ခေါက်​သံကြားလို့ ​မော့ကြည့်​လိုက်​​တော့...coffee ပန်းကန်​​လေးကိုင်​ရင်း သူ့ကို ကြည့်​​နေတဲ့ tao..
hun..."aww...tao လာ​လေ..."
tao ဝင်​လာပြီး လက်​ထဲက coffee ကို hun ​ရှေ့မှာ ချ​ပေးလိုက်​တယ်​...
tao..." hun..အလုပ်​များ​နေလား..."
Hun..."inn..နဲနဲပါ...ဘာဖြစ်​လို့လဲ..​ပြောစရာရှိလို့လား..."
tao.."inn..."
hun.."ok ​လေ..၅ မိနစ်​​လောက်​​တော့ ​ထိုင်​စောင့်​ပေး​လို့ရလား...လုပ်​စရာ အပြီးသတ်​လိုက်​ဉ်ီးမယ်​.."
Tao..."အင်း...အင်း..."
....
ဖြူလွင်​​နေတဲ့hun လက်​​တွေရဲ့ ကွန်​ပြူတာခလုပ်​​ပေါ် နှိပ်​သံတ​ချောက်​ချောက်​က တိတ်​ဆိတ်​​နေတဲ့ hun ရဲ့အလုပ်​ခန်းထဲမှာ ကြီးစိုး​နေ​လေသည်​...
tao sehun အလုပ်​လုပ်​​နေတဲ့ စားပွဲ​ရှေ့မှာ ထိုင်​ရင်း hun ကို ​ငေးကြည့်​​နေမိသည်..
မျက်​လုံး၊ မျက်​ခုံး၊ ​v shape ပုံ​မေးရိုးတို့က အပြစ်​​ပြောစရာမရှိ​​အောင်​ကို...perfect ဖြစ်​လွန်း​နေသည်​...သူ့ကို ကြည့်​​နေတာ သတိထားမိလို့ ထင်​ပါရဲ့..အလိုအ​လျောက်​ ဆွဲ​ဆောင်​ပြီးသား သူ့မျက်​ဝန်းနဲ့..သူ​​လှမ်းကြည့်​​တော့ tao.ပြုံးပြလိုက်​တယ်​..သူလည်း ပြုံးပြီး.."ခန​စောင့်​..." ဟု​ပြောကာ အလုပ်​ဆက်​လုပ်​​နေ​သည်​...
အင်း​ပေါ့​လေ...အဲ့ဒါ​ကြောင့်​ပဲ အတ္တကြီးခဲ့မိတာ​ပေါ့..
(ကျွန်​မ မမှားခဲ့ဘူး ထင်​တာပဲ ​hun ရယ်​...)
tao စိတ်​များက လွန်​ခဲ့တဲ့ ၁၃ နှစ်​အချိန်​​လောက်​ဆီသို့.....
~~~~~~~~~~~~~~~~~~~~~~~~
တဖြိုးဖြိုးတဖျက်​ဖျက်​ လက်​​နေတဲ့ နီယွန်​မီး​ရောင်​စုံ​တွေကြား သံစဉ်​​တွေနဲ့ စီးချက်​အလိုက်​က​နေတဲ့ မိန်းက​လေးတစ်​​ယောက်​...အသားအနည်းငယ်​ ညို​ပေမယ့်​ ဆွဲ​ဆောင်​မှုရှိတဲ့ သူ့ရဲ့အရပ်​အ​မောင်း နဲ့ မိန်း​မောစရာ ကကြိုး​တွေက ပုရိသအ​ပေါင်းအား ပြုစား​နေသလို...,
Xiumin..."sehun ah...အဲ့​ကောင်​မ​လေး ​တော်​​တော်​လှတယ်​​နော်​..."
Hun..."​အေးကွ...​မိုက်​တယ်​..."
Taemin..."ကြိုက်​တယ်​​ပေါ့..."
Hun.."​အေး..."
Taemin.."ချိန်​လိုက်​​တော့ ​ဟေ့​ကောင်​..."
Xiu..."ဟာ..မင်းကလဲ...သူ့မှာ lu ရှိ​နေတာပဲ...အဲ့​တော့ ငါပဲယူလိုက်​​တော့မယ်​..ဟဲဟဲ..."
Hun..."​ဟေ့​ကောင်​..luက luပဲ..သူက..သူ...ဘာမှမဆိုင်​ဘူး..."
Xiu.."haha...​အေးပါကွာ..."
taemin..."​​ဟော..ဟိုမှာ ဆင်းလာပြီ..​ဟေ့​ကောင်​..သွား​တော့..."
Hun..."​အေး..​အေး.."
အရက်​မူး​နေစအရှိန်​​လေးလဲ ပါ​နေပြီဖြစ်​တဲ့ hun က ယိုင်​တိုင်​တိုင်​နဲ့...​ကောင်​မ​လေးဆီ လမ်း​လျှောက်​လာသည်​...
Hun..."​hey...girl..."
"Hi..sehun..."
Hun..."omo...ကျွန်​​တော့်​နာမည်​ သိ​နေတာလား.."
"ဟားဟား...သိတာ​ပေါ့ရှင်​...ဒီ​လောက်​နာမည်​ကြီး​နေတဲ့သူပဲ...မျိုးရိုးစဉ်​ဆက်​ ချမ်းသာတဲ့မိသားစုက ​မွေးလာတယ်​...seoul uni မှာ စီးပွား​​ရေး ​မေဂျာ ဒုတိယနှစ်​..တက်​​နေတယ်​...ပြီး​တော့...ဝါသနာအရ ​ကျောင်းပွဲ​တွေမှာ သီချင်းဆိုတယ်​...​နောက်​ပြီး​တော့..."
Hun..."haha...ရပါပြီကွာ..ရပါပြီ..."
ထို​ကောင်​မ​လေးက အပြစ်​ကင်းစင်​စွာ ရယ်​လိုက်​ပြီး မှာထားတဲ့...အပြင်းစားအရက်​တစ်​ခွက်​ကို တစ်​ငုံ​သောက်​လိုက်​တယ်​...
Hun.."ဒီ​လောက်​ပြင်းတဲ့ အရက်​ကို...မူးမယ်​​နော်​....​ကောင်​မ​လေး..."
Hun ​ပြော​တော့ ​ကောငိမ​လေးက ရယ်​တယ်​...
"ကျွန်​မနာမည်​ ​ကောင်​မ​လေး မဟုတ်​ပါဘူး...Zi Tao....Tao လို့ပဲ​ခေါ်​ပေါ့..."
Hun.."Tao... နာမည်​​လေးက လှတယ်​..​ခေါ်လို့လဲ​ကောင်းတယ်​...Tao..Tao.."
Tao..."haha..​ကျေးဇူးပါရှင်​..."
Hun.."tao...​သိချင်​တာ​လေးရှိတယ်​..​မေးလို့ရမလား..."
Tao.."​မေးပါရှင်​..​မေးပါ..."
Hun.."Tao...မှာ ရည်းစားရှိလား..."
Tao.."ရည်းစား...?? မရှိပါဘူး...အချစ်​ဆုံး​တော့ ရှိတယ်​..."
Hun..."ဟင်​..အဲ့ဒါဆို crush ​နေတဲ့သူရှိတာ​ပေါ့.."
Tao..."hkhk..မဟုတ်​ပါဘူး..အချစ်​ဆုံးသူငယ်​ချင်း ​ကောင်​မ​လေးတစ်​​ယောက်​ရှိတယ်​..သူကလွဲပြီး ချစ်​တဲ့သူမရှိ​သေးဘူး..."
Hun...."aww....haha...​တော်​​သေးတာ​ပေါ့..ကျွန်​​တော်​ ​နောက်​ကျသွားပြီထင်​​နေတာ.."
Tao...ပြုံးသာပြုံးပြလိုက်​တယ်​...အမှန်​တိုင်း​ပြောရရင်​ ဘယ်​​ယောကျာင်္း​လေးမှ ရင်​မခုန်​ဘူးခဲ့တဲ့ နှလုံးသားက သူ့ကို​တွေ့မှ ရင်​ခုန်​​လာတာပါ...
ထိုစဉ်​...ကလပ်​တစ်​ခုလုံး ရုတ်​တရက်​ အ​မှောင်​ကျသွား​တော့...​နွေး​ထွေးတဲ့..လက်​တစ်​စုံက သူ့ကိုလာ​ရောက်​ဖက်​တွယ်​​နေနဲ့ အထိအ​တွေ့...tao ph အလင်း​ရောင်​ နဲ့..ကြည့်​လိုက်​​တော့ သူ့ကိုပြုံးပြ​နေတဲ့ sehun...
Hun.."​ကြောက်​မှာဆိုးလို့ပါ.."တဲ့...
နောက်​ပြီး လည်​ပင်း​ပေါ်​ရောက်​လာတဲ့...သူ့အနမ်း​တွေ...tao စိတ်​ကို လှုံ့​ဆော်​​ပေး​နေသလို....အရက်​အရှိန်​လဲ နဲနဲရ​နေပြီ ဖြစ်​တာ​ကြောင့်​ hun.ရဲ့အထိအ​တွေ့​တွေက tao ကို မငြင်းနိုင်​​အောင်​ဆွဲ​ဆောင်​​နေ​လေသည်​...ထိုစဉ်​ မီးပြန်​လင်းသွားလို့ အလိုမကျဖြစ်​သွားတဲ့ သူ့မျက်​နှာကိုကြည့်​ပြီး ရယ်​မိ​သေးတယ်​...
Hun.."Tao...စိတ်​မဆိုးဘူးဆိုရင်​..."
Hun...ရဲ့မပြီးဆုံး​သေးတဲ့...စကားရဲ့ အဓိပ္ပါယ်​က ဘာလဲဆိုတာ..taoနားလည်​လိုက်​ပါသည်​...သူ့ကိုကြည့်​ရင်း ပြုံးပြလိုက်​​တော့ သူ လူမိုက်​ပြုံးပြုံးပြီး tao လက်​ကိုဆွဲကာ သူ့ရဲ့ကားဆီဆွဲ​ခေါ်သွား​လေတယ်​...​နောက်​​တော့...​​နောက်​​တော့...
~~~~~~~~~~~~~~~~~~~~~~~
"Ring...ring...ring...​...."
Tao..."hello...."
"​အေး...tao...ဒီ​နေ့ ဘာလုပ်​စရာရှိလဲ..မ​တွေ့ရတာ ကြာ​တော့​တွေ့ချင်​တယ်​..."
Tao..."မရှိဘူးဟ...​တွေကြမယ်​​လေ...ငါလဲ​တွေ့ချင်​​နေတာဟ.."
"​အေး..အာ့ဆို...ငါတို့ ​အရင်​​တွေ့​နေကြ bubble tea ဆိုင်​မှာ ​တွေ့ကြမယ်​..."
Tao..."​အေး..ချစ်​..ငါခုပဲထွက်​လာခဲ့မယ်​..."
ခေါင်း​လျှော်​ပြီးခါစ ဆံနွယ်​​တွေကို dryer နဲ့မှုတ်​တုန်း...
hun.."ဘယ်​သူလဲ..tao.."
Tao...."မ​နေ့က​ပြောတဲ့ အချစ်​ဆုံးသူငယ်​ချင်း​လေ..​တွေ့ကြရ​အောင်​တဲ့...သူနဲ့မ​တွေ့ရတာကြာ​နေပြီ​လေ...အဲ့ဒါ သွား​တွေ့လိုက်​ဦးမယ်​.."
Hun အ​နောက်​က​နေ tao ကိုဖက်​လိုက်​ပြီး ပါးကို နမ်းလိုက်​တယ်​...
Hun.."ok...ok...ညကျရင်​ ဖုန်းဆက်​လိုက်​မယ်​​နော်​..."
Tao..."အင်း..အင်း..."
~~~~~~~~~~~~~~~~~~~~~~~~
"Ring..ring..ring.."
Hun.."hello..."
Lu.."hello...hun...ဘယ်​မှာလဲ.."
Hun.."အိမ်​မှာ​ပေါ့...ပိစိ​လေးရဲ့.."
(Tao ဆီက ထွက်​လာပြီး အိမ်​ပြန်​​ရောက်​​နေတာပါ...)
Lu.."ဟွန်း...​ခေါ်ပြန်​ပြီ..အဲ့ပိစိ.."
Hun..."haha...ချစ်​လို့ပါကွာ..ကဲ..​ပြော..ဘာလုပ်​ချင်​လဲ..ဘယ်​သွားချင်​လဲ.."
Lu.."hun ကို သူငယ်​ချင်း တစ်​​ယောက်​နဲ့​ပေး​တွေ့​ပေးမလို့..."
Hun..."ok..ဘယ်​အချိန်​လဲ.."
Lu..."ခုထွက်​လာခဲ့​တော့ ​နေရာက ​တွေ့​နေကြဆိုင်​ပဲ.."
Hun..."ok.."
တစ်​ကယ်​​တော့ hun က မိန်းက​လေး​တွေနဲ့ တွဲမယ့်​သာတွဲသာ..lu ​လောက်​ဘယ်​သူ့ကိုမှမချစ်​...lu တစ်​​ယောက်​တည်းသာ...သူ့ဘဝရဲ့ လက်​တွဲ​ဖော်​လို့ သတ်​မှတ်​ထား​လေသည်​...lu ကလဲ...ခွင့်​လွှတ်​တယ်​...ဘယ်​သူ​တွေနဲ့ ဘယ်​​လောက်​ပဲတွဲတွဲ...hun က lu ​လောက်​ဘယ်​သူ့ကိုမှ မချစ်​ဘူးတာ ယုံတယ်​​လေ..
~~~~~~~~~~~~~~~~~~~~~~~~
"ချစ်​...."
မ​တွေ့ရတာ ကြာပြီဖြစ်​တဲ့ သူငယ်​ချင်း နှစ်​​ယောက်​ ​အချင်း​ချင်းပွေ့ဖက်​လိုက်​ကြရင်း နှုတ်​ဆက်​လိုက်​တယ်​...
Tao..."မိန်းမရယ်​....လှလာလိုက်​တာ..."
Lu.."အမယ်​...သူကပဲ​ပြောရတယ်​ရှိတယ်​..နင်​လဲ အရပ်​​ပိုရှည်​လာတာကို...ဆံပင်​​တွေလဲအရှည်​ကြီးပဲ မိုက်​တယ်​..ဟီးဟီး.."
Tao.."ဟားဟား..​မြောက်​သွားပြီ...လာပါ​အေ..bubble tea သွား​သောက်​ရ​အောင်​.."
Lu..."​အေး..​အေး..သွားမယ်​.."
Lu.တို့ bubble tea ​သောက်​ရင်း စကား​တွေအများကြီး​ပြောကြတယ်​...
Lu.."aww...ဒါနဲ့ မိတ်​ဆက်​​ပေးစရာလူရှိတယ်​...သိလား..."
Tao.."ဟုတ်​လား..ဘယ်​သူလဲ.."
Lu.."heehee..ငါ့အချစ်​ဆုံး..ငါ့ချစ်​သူ..နင်​​တွေ့ရင်​​ကြွေသွားမှာ.."
Tao..."အမယ်​...မွှန်း​နေတာ..သူ့အချစ်​ကို...​အေးပါဟာ..​အေးပါ...ငါ​ကြွေလား..မ​ကြွေလား..ကြည့်​ကြ​သေးတာ​ပေါ့..."
Lu.."ဟားဟား...​ဟော...ဟိုမှာလာပြီ..."
ဆိုင်​​ပေါက်​ဝကို လက်​လှမ်းပြရင်း ရယ်​ပြ​နေတဲ့...lu ရဲ့ ချစ်​သူကို tao လှည့်​ကြည့်​လိုက်​​တော့...
Tao...(o_O o_O o_O o_O )
Hun...(o_O o_O o_O o_O )
Lu..."hun..လာ.."
Hun...က​တော့ မျက်​လုံးပြူးမျက်​ဆန်ပြူးနှင့်​.tao ကိုလှမ်းကြည့်​တယ်​...
Lu.."Tao...သူက sehun တဲ့...ငါ့ချစ်​ချစ်​ကြီး​ပေါ့...hun...သူက tao တဲ့...lu အချစ်​ဆုံး သူငယ်​ချင်း..."
Hun...စိတ်​လှုပ်​ရှား​နေ​တော့ အသံမထွက်​..tao ဘက်​ကပဲ..
Tao..."annyeon...sehun..sshi..​တွေ့ရတာ ဝမ်းသာပါတယ်​...."
ပြောရင်းနဲ့...လက်​ဆွဲနှုတ်​ဆက်​ရန်​ လက်​ကမ်း​ပေးလိုက်​သည်​...
Hun..."arr..nae...annyeonhasaeyo...tao sshi.."
Tao...အတတ်​နိုင်​ဆုံး ပြုံးပြလိုက်​​ပေမယ့်​...စိတ်​ထဲမှာ ငို​နေမိတယ်​...သူဘဝမှာ ပထမဆုံး ရင်​ခုန်​မိဘူးသူနဲ့ သူ့အချစ်​ဆုံး သူငယ်​ချင်းက ရည်းစား​တွေတဲ့လား...မယုံချင်​​ပေမယ့်​ လက်​​တွေ့ဖြစ်​​နေပြီ...
Lu.."Tao..ya.."
Tao.."ဟင်​..."
Lu..."ဘာ​တွေဖြစ်​​နေတာလဲ...မျက်​နှာလဲ သိပ်​မ​ကောင်းဘူး.."
Tao.."aww...အင်း...ငါနဲနဲ ​ခေါင်းမူး​နေလို့...မ​နေ့က ​သောက်​တာများသွားလို့ထင်​ပါရဲ့...ဟားဟား.."
Lu.."ဟယ်​...မိန်းမရယ်​...နင်​ကလဲ​လေ...အဲ့ဒါ​ကြောင့်​ အဲ့​လောက်​မ​သောက်​ပါနဲ့ဆို...​ပြောလဲ ​ပြော​ပြောပဲ..နားကိုမ​ထောင်​ဘူး..."
Tao..."ငါမ​နေ့က စိတ်​အရမ်းညစ်​​နေလို့ပါဟယ်​...အဲ့ဒါ​ကြောင့်​...နို့မို့ မ​သောက်​ပါဘူး..."
Lu..."​အေးပါဟာ...အဲ့ဒါဆိုလဲ ပြန်​လိုက်​​တော့​လေ...ငါမနက်​ဖြန်​မှ နင့်​အိမ်​လာခဲ့မယ်​..."
Tao.."​အေး..​အေး...အဲ့ဒါဆို ငါသွား​တော့မယ်​​နော်​..lu.."
Lu..."​အေး..ချစ်​...ဂရုစိုက်​သွားဦး.."
Tao..."​အေးပါ..သွားပြ်ီ​နော်​..sehun sshi..."
Hun.."ဟုတ်​ကဲ့..."
Tao ထွက်​သွား​တော့မှ..hun သက်​ပြင်းချမိလိုက်​တယ်​...ဘယ်​လို​တွေဖြစ်​ကုန်​ပြီလဲ...
Lu..."Hun..."
Hun..."ဟင်​..."
Lu.."Tao ချစ်​ဖို့​ကောင်းတယ်​ မှတ်​လား..."
Hun..."inn.."
lu.."သူက​လေ...lu လိုချင်​တာ မှန်​သမျှ lu လုပ်​ချင်​တာ မှန်​သမျှ အကုန်​ဖြည့်​ဆည်း​ပေးတယ်​..ပြီး​တော့ သူက lu ကိုအမြဲအ​လျှော့​ပေးတယ်​..tao က​လေ lu ဘဝမှာ နှစ်​​ယောက်​မရှိတဲ့ သူငယ်​ချင်းပဲသိလား..."
Hun..."အင်း..."
Lu.."hun...ဘာ​တွေဖြစ်​​နေတာလဲဟင်​..."
Hun..."ဟင်​...ဘာမှမဖြစ်​ပါဘူး..."
Lu...သိပါတယ်​..hun တစ်​ခုခုဖြစ်​​နေတယ်​ ဆိုတာ..ဒါ​ပေမယ့်​ မ​မေး​တော့ပါဘူး..​မေးရင်​ အလကားသက်​သက်​ hun စိတ်​ညစ်​ရမယ်​ မှတ်​လား.."
~~~~~~~~~~~~~~~~~~~~~
"Ring...ring....ring..."
Tao ph လာလို့ကြည့်​လိုက်​​တော့...
Tao.."hello.."
Hun.."Tao..."
Tao.."အင်း...​ပြော..hun.."
Hun.."အဆင်​​ပြေရဲ့လား.."
Tao.."အဆင်​​ပြေတယ်​ဆိုရင်​ ဒါညာတာပဲ​ပေါ့..ကိုယ်​နဲ့ မ​နေ့က​လေးတင်​ ချစ်​ခဲ့တဲ့သူက ကိုယ့်​အချစ်​ဆုံးသူငယ်​ချင်းရဲ့ ရည်းစားဖြစ်​​နေတာကို အဆင်​​​ပြေတယ်​လို့ ထင်​​နေတာလား..hun.."
Hun.."​တောင်းပန်​ပါတယ်​...tao..ကိုယ်​​တောင်းပန်​ပါတယ်​...ကိုယ် ဒါကလွဲပြီး ​ပြောစရာမရှိ​တော့ပါဘူး.."
Tao.."ရပါတယ်​...မ​နေ့က ကိစ္စထားလိုက်ပါ​တော့...ဒီထက်​ပိုပြီး ပက်​သက်​စရာ မရှိ​တော့ဘူး..ကျွန်​မဆီ ဖုန်းမဆက်​ပါနဲ့​တော့...lu သိသွားရင်​ မ​ကောင်းဘူး..lu ကိုကျွန်​မမဆုံရှုံးနိုင်​ဘူး..အဲ့​တော့ ကျွန်​မတို့...ဒီ​လောက်​ပဲ ​ဖြတ်​လိုက်​ကြရ​အောင်​..."
ပြောပြီးတာနဲ့ ဖုန်းကို စက်​ပိတ်​ပြီး ကုတင်​​ပေါ်​မှောက်​ကာ အားရ​အောင်​ ငိုလိုက်သည်​...lu ကိုစိတ်​အ​နှောက်​အယှက်​မဖြစ်​​စေချင်​ဘူး..အဲ့​တော့..သူပဲ လက်​လွှတ်​​ပေးလိုက်​​တော့မယ်​​လေ..
______________________________
"မဖြစ်​နိုင်​ဘူး...ဒါလုံးဝမဖြစ်​နိုင်​ဘူး..."
Tao တစ်​​ယောက်​တည်း​ရေရွတ်​ရင်း ​ခေါင်းကို တွင်​တွင်​ခါလိုက်​သည်​...လက်​ထဲမှာ ကိုယ်​ဝန်​ရှိမရှိ ​စစ်​​ဆေးတဲ့...
Tao ဖုန်းကို လှမ်းယူလိုက်​သည်​..​ဆက်​ရမလား..မဆက်​ရမလား..​တွေ​ဝေပြီးမှ...
ဖုန်းရဲ့ နံပါတ်​ ၁ ကို နှိပ်​လိုက်​သည်​...
Tao..."ကျွန်​မတို့...ည​နေ​တွေ့ကြရ​အောင်​..."
_____________________________
Hun..."ဘာ​ရယ်​..."
Tao.."ဟုတ်​တယ်​..ကျွန်​မမှာ ကိုယ်​ဝန်​ရှိ​နေပြီ..hun"
Hun.."ဘယ်​လိုလုပ်​ကြမလဲ..tao.."
Tao.."စိတ်​မပူပါနဲ့..ကျွန်​မဖျက်​ချမှာပါ...ဒါ​ပေမယ့်​ ​ဆေးရုံကို လိုက်​ခဲ့​ပေးပါ...ကျွန်​မတစ်​​ယောက်​တည်းဆို မဖျက်​ချနိုင်​​လောက်​ဘူး ထင်​လို့..."
Hun.."ရပါတယ်​..tao.ကိုယ်​လိုက်​​ပေးနိုင်​ပါတယ်​..."
Tao..."ကျွန်​မ ကိုယ့်​က​လေးကိုယ်​ ဖျက်​ချပစ်​တဲ့ မိခင်​ဆိုး မဖြစ်​ချင်​​ပေမယ့်​...ဒါ lu.ကို စိတ်​မထိခိုက်​​စေချင်​လို့...ဖျက်​ချဖို့ ဆုံးဖြတ်​ခဲ့တာမို့လို့.."
Tao ဆက်​မ​ပြောနိုင်​ပဲ မျက်​ရည်​​တွေကျလာသည်​..
Hun...tao ကိုဖက်​လိုက်​ကာ...
Hun..."​တောင်းပန်​ပါတယ်​...tao ရယ်​...ကိုယ်​​တောင်းပန်​ပါတယ်​..."
Tao.."ဟင့်​အင်း..မ​တောင်းပန်​ပါနဲ့...ဖြစ်​ခဲ့တဲ့ကိစ္စမှာ ကျွန်​မလဲ သ​ဘောတူခဲ့တာပဲ​..ရှင့်​အမှားမဟုတ်​ပါဘူး..အဲ့ဒါ​ကြောင့်​...ရှင်​ ​တောင်းပန်​စရာမလိုဘူး..."
Hun.."ဘယ်​​နေ့သွားမလဲ...tao.."
Tao..."အခုပဲ သွားမယ်​...တရက်​က​လေးပဲဖြစ်​ဖြစ်​ သံ​ယောဇဉ်​ထပ်​မတွယ်​ချင်​ဘူး..."
Hun..."အင်းပါ...လိုက်​ခဲ့မယ်​..ကား​ပေါ်တက်​​လေ.."
Tao...."inn..."
___________________________________
lu mom..."သမီး...​မေ​မေ့ကို ​ဆေးရုံလိုက်​ပို့​ပေးပါလား..​မေ​မေ ​ခေါင်းနဲနဲမူး​နေလို့.."
Lu.."ဟုတ်​..​မေ​မေ..."
Lu mom.."သခင်​ကြီးကို သွားခွင့်​​တောင်းလိုက်​ဦး.."
Lu.."ဟုတ်​...​"
Lu ​မေ​မေ့ကို ​ဆေးရုံသွားပြဖို့ သခင်​ကြီးကို ခွင့်​တိုင်​ရန်​ ထွက်​လာခဲ့​လေသည်​...
သခင်​ကြီး...
သူက​ကြောက်​ဖို့​ကောင်းတယ်​...
လူတန်းစားလည်း ခွဲခြားဆက်​ဆံတတ်​တယ်​....
ဒါ​ပေမယ့်​ လစာအရမ်း​ကောင်းတာရယ်​...​မေ​မေနဲ့ကလဲ ငယ်​သူငယ်​ချင်းဆို​တော့ ​မေ​မေ့ကို နဲနဲဂရုစိုက်​တာ​ကြောင့်​ရယ်​နဲ့ အလုပ်​မထွက်​ပဲ​နေခဲ့တာ​လေ....အိမ်​​တော်​ထိန်းဆိုတာ.​..ဒီအိမ်​မှာ ​နေရာ​တော်​​တော်​ကြီးတဲ့ ထဲကပဲ​လေ..ပြီး​တော့..​.သူက...သူက
Hun.ရဲ့ အ​ဖေ...
Hun နဲ့ lu နဲ့ချစ်​​နေတာ သခင်​ကြီးမသိ...သိရင်​ မိုးမီး​လောင်​မှာ..lu နဲ့ hun ကိုကြိုက်​မှာစိုးလို့...​ကျောင်း​တောင်​ ခွဲထားခဲ့တာ...ဒါ​ပေမယ့်​လဲ တစ်​ခြံတည်း​နေပြီး.​တွေ့​နေတဲ့သူပဲ..မကြိုက်​ပဲ ဘယ်​​နေမလဲလို့...
Lu.."သခင်​ကြီးရှင့်​..."
"​သြော်​...luhan...ပြော..ဘာကိစ္စလဲ..."
Lu..."ဟုတ်​...​မေ​မေ​နေမ​ကောင်းလို့ ​ဆေးခန်းပြချင်​လို့ ခွင့်​​တောင်းတာပါ..."
"သွား​လေ...​သြော်​..​နေဦး..​ရော့..seoul ​ဆေးရုံမှာသွားပြလိုက်...အဲ့မှာ ငါ့အသိရှိတယ်​..."
Lu.."ဟုတ်​ကဲ့...သခင်​ကြီး..​ကျေးဇူးတင်​ပါတယ်​ရှင့်​.."
______________________________
Lu..."​မေ​မေ...ဒီမှာ ခနထိုင်​​နေ​နော်​...သမီး နာမည်​စာရင်း သွား​ပေးလိုက်​ဦးမယ်​..."
Lu mom.."​အေး..​အေး..သမီး.."
Lu နာမည်​စာရင်း​ပေးဖို့ reception ဆီလာတုန်း...
Lu..."ဟင်​..."
Lu မျက်​လုံး​တွေပြူးကျယ်​သွားသည်​...​​ရှေ့ခပ်​လှမ်းလှမ်းမှာ ငို​နေတဲ့ tao နဲ့ tao လက်​ကို ဆုပ်​ကိုင်​ကာ ပုခုံး​လေးပုတ်​​နေ​သော hun..hun လဲ.မျက်​နှာမ​ကောင်း...
Lu reception ကို​မေးလိုက်​တယ်​...
Lu...."အမ သူတို့နှစ်​​ယောက်​က ဘာလာပြတာလဲဟင်​..."
"Aww...သူတို့လား..ကိုယ်​ဝန်​ဖျက်​ချမလို့တဲ့​လေ..တစ်​ကယ်​...မနိုင်​ဘူး...လုပ်​ချင်​တာ​တွေ လုပ်​ပြီး​တော့မှ #°•£$*#¿£€€|#^]&-+±±_€||"
ဟိုအမ ဘာဆက်​​ပြောလဲ lu မသိ​တော့ပါ...lu သိတာ..
*ကိုယ်​ဝန်​ဖျက်​ချမလို့...*
*ကိုယ်​ဝန်​ဖျက်​ချမလို့...*
*ကိုယ်​ဝန်​ဖျက်​ချမလို့...*
_____________________________
Lu.."Tao..."
ခေါ်သံကြားလို့ နှစ်​​ယောက်​​မော့ကြည့်​ပြီး လန့်​သွားကြသည်​...
Hun...,tao....."Lu...."
Lu...."စကားခန​ပြောရ​အောင်​...အခု​မေ​မေ့ကို ​ဆေးခန်းပြလိုက်​ဦးမယ်​..ခန​လေး​စောင့်​...."
Lu ​မေ​မေ့ကို အရင်​ ​ဆေးခန်းပြ​ပေးပြီး taxi နဲ့အိမ်​ပြန်​လွှတ်​လိုက်သည်​...
Hun တို့ကို​တော့​ဆေးရုံနားက coffee ဆိုင်​မှာ ​စောင့်​ခိုင်းထား​တော့...အဲ့ဒီ့ကိုသာ သွားလိုက်​သည်​..
Lu..."အ​ကြောင်းသိပြီးပြီ..."
Hun,tao...."............................"
Lu.."တစ်​ခုခု​ပြောကြ​လေ...​ပြောမှ သိမှာ​ပေါ့...ဘယ်​လိုဖြစ်​လို့...tao က ကိုယ်​ဝန်​ဖျက်​ချပြီး ဖျက်​ချတဲ့​နေရာကို hun ကလိုက်​လာရတာလဲ..."
Hun..​ရော..tao ​ရော...ဘာမှမ​ပြောကြ​တော့..lu ​ပေါက်​ကွဲလာသည်​...
Lu...."​ပြောကြ​လေ...​ပြောကြလို့...ဘာလို့ ဘာမှမ​ပြောကြတာလဲ..."
Lu အသံနဲနဲကျယ်​သွား​တော့ ဆိုင်​ထဲမှာရှိတဲ့ လူ​တွေက ဝိုင်းကြည့်​လာသည်​...
Tao..."hun...အရင်​ပြန်​လိုက်​ပါ..."
Hun...."tao..."
Tao...."အရင်​ပြန်​လိုက်​ပါ..tao အကုန်​ရှင်းပြလိုက်​ပါ့မယ်​..."
Hun...tao သ​ဘောအတိုင်း အရင်​ပြန်​သွားသည်​..
Lu..."tao ဘာဖြစ်​လို့ hun ကိုပြန်​လွှတ်​လိုက်​တာလဲ.."
Tao..."ငါ အကုန်​ရှင်းပြပါ့မယ်​...နင်​ သူနဲ့ ငါ့ကို မိတ်​မဆက်​​ပေးခင်​ ညက ငါတို့နှစ်​​ယောက်​ club မှာ​တွေ့ခဲ့ကြတယ်​...တွေ့တဲ့အချိန်​မှာ...​အရက်​ကလဲမူး​နေ​တော့...ငါတို့နှစ်​​ယောက်​..."
Tao....​ပြောရင်းနဲ့ မျက်​ရည်​​တွေကျ​နေသည်​...
Tao..."​နောက်​​နေ့ နင်​ငါ့ကို သူနဲ့မိတ်​ဆက်​​ပေး​တော့ ငါအရမ်းလန့်​သွားတယ်​...ငါ...ငါ ပထမဆုံး ချစ်​ခဲ့တဲ့သူနဲ့ ငါ့အချစ်​ဆုံးသူငယ်​ချင်းက ချစ်​သူ​တွေမှန်း ငါသိလိုက်​​တော့...ငါအရမ်းတုန်​လှုပ်​သွားတယ်​..အဲ့ဒါ​ကြောင့်​ ငါ​နောက်​ဆုတ်​​ပေးခဲ့ပါတယ်​..ဒါ​ပေမယ့်​ ငါကိုယ်​ဝန်​ရသွားတယ်​..အဲ့ဒါ ဖျက်​ချဖို့အတွက်​ ငါတစ်​​ယောက်​တည်းဆို မလုပ်​နိုင်​မှာစိုးလို့ သူ့ကို လှမ်း​ခေါ်ပြီး ​ဆေးရုံ​ရောက်​လာခဲ့တာပါ...ငါ...ငါ​တောင်းပန်​ပါတယ်​ lu ရယ်​..ငါတစ်​ကယ်​ မသိခဲ့လို့ပါ..ငါအခုလဲ နင်​မသိ​အောင်​ ဖျက်​ချမလို့ပါ.."
Tao ငို​နေ​တော့ lu စိတ်​မ​ကောင်း..စိတ်​ထဲမှာ သစ္စာ​ဖောက်​ခံရ​လေခြင်း ဆိုပြီး ​ဒေါသဖြစ်​မိတာရယ်​..tao ကို သနားမိတာရယ်​ပါ...​ပေါင်းပြီး lu ပါငိုမိသည်​...
Lu...."Tao...."
Tao..."ဟင်​..."
Lu..."နင်​ အဲ့က​လေးကိုမဖျက်​ချပါနဲ့..."
Tao..."hmm"
Lu.."အပြစ်​မရှိတဲ့ က​လေးကို မထိခိုက်​ပါနဲ့....နင်​ ဒီက​လေးကို ​မွေးလိုက်​ပါ..."
Tao..."lu ah..."
Lu..."ငါ့ကို အားနာစရာမလိုဘူး..tao...အချိန်​တန်​ရင်​ အရာရာအဆင်​​ပြေသွားလိမ့်​မယ်​..."
Lu ​ပြောပြီး tao ​ရှေ့က​နေ ထွက်​လာခဲ့​သည်​...
______________________________
"Ring ring ring.."
Hun.."hello...lu.."
Lu.."hun..lu ​ပြောမယ့်​စကားကို​သေချာနား​ထောင်​ပါ..."
Hun.."အင်း...​ပြောပါ..ဘာမဆို နား​ထောင်​ပါ့မယ်​.."
Lu..."TAO ကိုလက်​ထပ်​လိုက်​ပါ..."
hun.."ဘာရယ်​.."
Lu...."tao ကိုလက်​ထပ်​လိုက်​ပါလို့..."
Hun...."မဖြစ်​နိုင်​ဘူး...lu..လုံးဝမဖြစ်​နိုင်​ဘူး.."
Lu..."ဖြစ်​နိုင်​တယ်​..သိပ်​ဖြစ်​နိုင်​တာ​ပေါ့...hun...ကိုယ့်​တာဝန်​ကို ကိုယ်​မယူရဲတဲ့ သတ္တိ​ကြောင်​တဲ့သူ အဖြစ်​ခံမလို့လား..."
Hun.."lu ရယ်​..ဒါ​ပေမယ့်​လဲ..."
Lu..."hun...lu ကိုချစ်​ရင်​ tao ကိုယူပါ...က​လေးအ​ပေါ်မှာ အ​ကောင်းဆုံးအ​ဖေဖြစ်​​အောင်​ကြိုးစားပါ...lu ကို အမြဲတမ်း tao အ​လျှော့​ပေး​နေကြ...ဒီတစ်​ခါ​တော့ lu သူ့ကို အ​လျှော့​ပေးချင်​တယ်​....tao က ချမ်းသာတဲ့မိသားစုက ဖြစ်​လို့...သခင်​ကြီး.သ​ဘောတူမှာပါ...မနက်​ဖြန်​ သခင်​ကြီးကို ​ပြောပြပြီး tao ကိုလက်​ထပ်​လိုက်​ပါ.."
Hun..."lu ရာ..အဲ့လိုက...."
Lu...."hun....lu ကိုချစ်​ရင်​ lu ​ပြောသလို​လုပ်​ပါ..."
Hun...."..........."
Hun နဲ့ lu ကြားခနတာ တိတ်​ဆိတ်​သွားပြီးမှ...
Hun..."​ကောင်းပြီ..lu သ​ဘောအတိုင်း ကိုယ်​ tao ကိုလက်​ထပ်​ပါ့မယ်​..ဒါ​ပေမယ့်​...ကိုယ်​ lu ကိုလုံးဝ လက်​မလွှတ်​နိုင်​ဘူးဆိုတာ သိထားပါ.."
နောက်​​နေ့ကျ​တော့ lu ​ပြောတဲ့အတိုင်း hun ကtao နဲ့လက်​ထပ်​ဖို့ ​ပြော​လေသည်​..သူ့အ​​ဖေကလဲ သ​ဘောတူတယ်​..မင်္ဂလာပွဲလုပ်​ဖို့ ပြင်​ဆင်​​နေတဲ့အ​တောတွင်းမှာ..သခင်​ကြီးတို့ company က သခင်​ကြီးရဲ့ လူယုံ kim jongdae က lu ကို​ ချစ်​လို့ လက်​ထပ်​ချင်​ပါတယ်​ဆိုပြီး သခင်​ကြီးဆီခွင့်​​တောင်း​လေသည်​...သခင်​ကြီးကလည်း...သူလူယုံလဲဖြစ်​ ရိုးသားကြိုးစားတဲ့သူလဲ ဖြစ်​လို့ lu ကို အိမ်​​ထောင်​ချ​ပေးရန်​ lu အ​မေနဲ့တိုင်​ပင်​​တော့ သခင်​ကြီးစကား ဘယ်​​တော့မှမငြင်းတဲ့ ​မေ​မေက lu ကို jongdae နဲ့ လက်​ထပ်​​ပေးဖို့ သ​ဘောတူခဲ့သည်​...​hun တို့ လက်​ထပ်​ပြီး ဘာ်​​လောက်​မှ မကြာ...lu တို့ လက်​ထပ်​ခဲ့ပြီး...yifan ကို​မွေးပြီး ၅ လ​ကျော်​အကြာမှာ suho ကို ​မွေးခဲ့တယ်​...သခင်​ကြီးက yi fan 2 နှစ်​​လောက်​မှာ ဆုံးသွားတယ်​​လေ..အဲ့​တော့​ ဖခင်​ရဲ့ လုပ်​ငန်းကို ဦးစီးလုပ်​ကိုင်​​နေတာ​ပေါ့...
Flashback end...
______________________________
တစ်​ကယ်​​တော့....
မင်္ဂလာပွဲငြင်း​ပေးပါလို့ hun ​တောင်းဆိုခဲ့ဘူးတယ်​....tao မငြင်းခဲ့ဘူး...ဘာလို့ဆို ကိုယ့်​က​လေးကို အ​ဖေမဲ့တဲ့သူ မဖြစ်​​စေချင်​ဘူး..ပြီး​တော့ ချစ်​တဲ့သူနဲ့ လက်​ထပ်​ချင်​မိတယ်​...အဲ့ဒါ​ကြောင့်​ မငြင်းခဲ့တာပါ...hun ရယ်​...ကျွန်​မ အတ္တကြီးမိလို့ ​နောင်​တမရပါဘူး...ရှင်​နဲ့တူတူ ​နေရရင်​ကို ​ကျေနပ်​တဲ့ ကျွန်​မပါ..
Hun.."tao...tao..."
Tao..."ရှင်​...​သြော်​...အလုပ်​​တွေပြီးပြီလား..."
Hun.."inn...ကဲ....​ပြော ဘာ​ပြောချင်​လဲ.."
Tao...."Yifan..."
Hun..."inn...yifan.ဘာဖြစ်​လို့..."
Tao.."lu နဲ့ရှင့်​အ​ကြောင်း သိ​နေသလိုပဲ.."
Hun..."huhh..ဘာဖြစ်​တယ်​.."
Tao.."ဟို​နေ့က ကျွန်​မကိုလာ​မေးတယ်​...​ဒေါ်​ဒေါ်လုနဲ့ ​ဖေ​ဖေနဲ့က ဘာလဲတဲ့..သူငယ်​ချင်း​တွေလို့ ​ဖြေလိုက်​​တော့..သူပြုံးတယ်​..ပြီး​တော့ စိတ်​ညစ်​စရာရှိရင်​ သူ့ကို ​ပြောပြဆိုပြီး ​ပြောသွားတယ်​ ...သူ့အပြုံးက ​တော်​​တော်​ထူးဆန်းတယ်​...hun.."
Hun..."​အင်းပါ..ကိုယ်​ lu နဲ့ ​နောက်​စကား​ပြောဖြစ်​မှာ မဟုတ်​​တော့ပါဘူး.."
Tao...."ဟင်​...ဘာလို့လဲ.."
Hun..."မသိတာပဲ ​ကောင်းပါတယ်​ tao.."
Tao.."​သြော်​..အင်း​ပါ..အင်းပါ..​အဲ့တာဆို tao သွား​တော့မယ်​ tao.​ပြောချင်​တာက နဲနဲ အ​နေထိုင်​ဆင်​ခြင်​ဖို့..."
Hun...."​အေးပါ..ကိုယ်​ဆင်​ခြင်​ပါ့မယ်​.."
Tao.."inn.​.."
Tao ထွက်​သွား​တော့ hun စာပွဲခုံက အံဆွဲ​လေးကို ဖွင့်​ပြီး အထဲမှ ဟန်းချိန်း​လေးတစ်​ခုကို ထုတ်​လိုက်​သည်​...
ဒီဟန်းချိန်းက yifan ဟန်းချိန်း..သူကိုယ်​တိုင်​ ၁၀ နှစ်​ပြည့်​တုန်းက ဝယ်​​ပေးခဲ့တာ...ဟိုတ​ခေါက်​ ပန်းခြံထဲမှာ ဒီဟန်းချိန်း​လေး​တွေ့ခဲ့တာ...
သေချာ​နေပြီ..yifan တစ်​ခုခု သိထား​နေပြီ..
____________________________
Hun...."lu..."
Lu..."aww...သခင်​​လေး..."
Hun..."lu ကလဲကွာ..​ခေါ်​နေကြအတိုင်း hun လို့​ခေါ်ပါ.."
Lu..."ဟင့်​အင်း..သင်​​လေးလို့ပဲ ​ခေါ်ပါ့မယ်​.."
Hun.."lu...ရာ..."
Hunမချိတင်​ကဲအသံနဲ့ ​ရေရွတ်​လိုက်​ရင်း
Hun.."လာ...လိုက်​ခဲ့.."
Hun lu ကိုလက်​ဆွဲ​ခေါ်သွားတာကို မြင်​လိုက်​တဲ့သူက...
_________________________
ဒီအပိုင်းကို တမင်​သက်​သက်​ flashback လုပ်​​ပေးလိုက်​တာပါ...တစ်​​ခါတည်းရှင်းသွား​အောင်​လို့...
မ​ကောင်းဘူးမှတ်​လားဟင်​..
မ​ကောင်းမှန်းသိပါတယ်​...
ဒါ​ပေမယ့်​ ဖတ်​​ပေးကြပါ..နဲနဲအိပ်​ငိုက်​ရင်း ​ရေးထားတာဆို​တော့..မှားတာရှိရင်​ ခွင့်​လွှတ်​ကြပါလို့..
ပြီး​တော့ ​နောက်​အပိုင်းကစပြီး ဇာတ်​လမ်းစပါပြီ..yeol လဲ ပါလာပါပြီလို့...
Saranghae my all reader များ..
တစ်​​ယောက်​ချင်းဆီ ​ကျေးဇူးပါ..
mwak...mwak...

Pradise..Where stories live. Discover now