[1]

1K 115 2
                                    

South Korea ရဲ့ နာမည်​ကြီးလှပါသည်​ဆို​သော Exo High School ​ရှေ့၌ Wu Kris တစ်​​ယောက်​ မတ်​တပ်​ရပ်​လျက်​ necktie ကို အထက်​သို့ဆွဲတင်​ကာ ​အောက်​ခံအင်္ကျီကို ဆွဲချလျက်​ coat ကို အ​သေအချာပြင်​ဝတ်​​နေသည်​။ ​ဘောင်းဘီကိုလည်း တဖုတ်​ဖုတ်​နှင့်​ မရှိ​သော ဖုန်​အား လက်​ဖြင့်​ ခါ​နေ​သေး၏။

'' ဟူး... ဒီ​လောက်​ဆိုရ​လောက်​ပါပြီ''

တိတ်​တဆိတ်​​ရေရွတ်​ရင်း အသင့်​ပါလာ​သော အိတ်​ကပ်​ထဲမှ မှန်​ကိုထုတ်​လိုက်​သည်​။ ထို့​နောက်​ ဆီအလိမ်းလိမ်းဖြင့်​ ပြားကပ်​​နေ​သော သူ၏ ဆံပင်​အား လက်​ဖြင့်​ သပ်တင်​လိုက်​သည်။

'' ok. လုံးဝ perfect. wanja perfect!''

ပြောရင်းဆိုရင်း ​ကျောင်းဝန်းထဲသို့ လှမ်းဝင်​သွား​ချေပြီ။

Exo school ၌ အလုပ်​လုပ်​ရန်​မှာ Wu Kris ၏ အိပ်​မက်​ဖြစ်​သည်​။ ထို​ကျောင်းက ​တော်​ရုံတန်​ရုံ ​ကျောင်းသားများဝင်​၍ မရနိုင်​​သော​ကျောင်းဖြစ်​သလို ​တော်​ရုံတန်​ရုံ ​ကျောင်းဆရာများလည်း ဝင်​၍မရ​ပေ။ ထို့အနက်​ Wu Kris သည်​ ကံ​ကောင်းစွာဖြင့်​ ထို​ကျောင်းအား ​စာသင်​ရန်​ ဆရာအဖြစ်​ ဝင်​​ရောက်​ခွင့်​ရခဲ့​ပေသည်​။

ကြီးမားကျယ်​ပြန့်​လှ​သော ​ကျောင်းဝန်းထဲတွင်​ Wu Kris တစ်​​​ယောက်​ ​ကြောင်​​တောင်​​တောင်​။ သူ့အ​နေ နှင့်​ ရုံးခန်းကို အရင်​ဆုံးသွားရမှာ ဖြစ်​တာ​ကြောင့်​ ဘယ်​​နေရာလဲဆိုတာ ရှာ​ဖွေ​နေမိသည်​။ ထို့​နောက်​ ဆင်​ဝင်​ကြီးတစ်​ခုကို​တွေ့လိုက်​ရာ ထိုအထဲသို့ ဝင်​သွား​တော့သည်​။ ​ကျောင်းတက်​​နေပြီဖြစ်​၍ လူကမရှိ။

''​ကျောင်း​စောင့်​ကို​မေးခဲ့ရင်​​ကောင်းသား။ အခုမှ​တော့ အဲ့ဒီအထိပြန်​မသွားချင်​​တော့ပါဘူး​လေ''

ကျောင်း​ပေါက်​ဝနှင့်​ သူ​ရောက်​​နေသည့်​ ဆင်​ဝင်​ဆိုတာ အ​တော်​​လေးလှမ်းသည်​။ အ​ပေါက်​ဝမှာ ​ကျောင်း​စောင့်​ကို ​မေးရင်​ရရဲ့သားနဲ့ သူ့ကို မသိဘူးဟု ထင်​မည်​စိုး​သော​ကြောင့်​ မ​မေးဖြစ်​ခဲ့။ တကယ်​လည်းမသိပါဘူး Wu Kris ရယ်​။

Repeaters' TeacherWhere stories live. Discover now